ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်း ရွှေဈေးကွက်ကို အနည်းငယ်လှုပ်ခတ်သွားခဲ့
ပြည်တွင်းရွှေဈေးနှုန်း ကျပ် ခုနစ်သိန်း နှစ်သောင်းကျော်သို့ ဇန်န၀ါရီလ ၁၃ ရက်နေ့က မြင့်တက်သွားရခြင်းမှာ ကမ္ဘာ့ ရွှေဈေးကွက် တွင် ရွှေဈေးမြင့်တက်သွား ခြင်းနှင့် ပြည်တွင်းငွေလဲလှယ်နှုန်း အပြောင်းအလဲကြောင့် ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် ရွှေကုန်သည် များက ပြီးခဲ့သည့် သီတင်းပတ်က ပြောသည်။
ရေလုပ်ငန်းကဏ္ဍအတွက် ဖြေလျှော့မှုများကို ရေလုပ်ငန်းရှင်များကြိုဆို
မြန်မာနိုင်ငံ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ၀န်ကြီးအဆင့် ဆွေးနွေးပွဲတစ်ရပ်ကို ဇန်န၀ါရီလ ၁၆ ရက်က ကျင်းပခဲ့ရာ ရေလုပ်ငန်း ကဏ္ဍနှင့် ပတ်သက်၍ ဖြေလျှော့မှုများကို သဘောတူ ဆုံးဖြတ်ပေးခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘားအံစက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံအတွက် သင်တန်းများပေးနေ
ကရင်ပြည်နယ်၊ ဘားအံစက်မှုဇုန်တွင် တည်ဆောက်မည့် အထည်ချုပ်စက်ရုံ အတွက် လိုအပ်သည့် လုပ်သားများအတွက် ဘားအံ ဒေသခံ အမျိုးသမီးများ အား ခန့်အပ်နိုင်ရန် စက်ချုပ်သင်တန်းများ ပေးလျက်ရှိကြောင်း ဘားအံစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံဖြင့် ရင်းနှီး မြှုပ်နှံမည့် UMH Co Ltd ၏ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။
ဒါဖတ်ပြီးမှ တံဆိပ်ခေါင်းဝယ်ယူ စာချုပ်ချုပ်ဆို စေလိုပါသည်
၁၈၉၉ ခုနှစ်၊ မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေသည် ယခင်က ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ၏ အချို့ဒေသတို့တွင် အကျိုးသက်ရောက် ခြင်းမရှိခဲ့သော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၏ ၂၇-၁၀-၉၇ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၁၈ / ၉၇ အရ နိုင်ငံတော်တစ်ဝန်းလုံးသို့ တိုးချဲ့အာဏာသက်ရောက်ခဲ့ပြီး ဖြစ်ပါသည်။
ချယ်ရီဝက်ဂွန် QQ ကားစီးရေ ၈၀၀ ယခုလကုန် ရောက်မည်
တရုတ်နိုင်ငံထုတ် ချယ်ရီဝက်ဂွန်ကားများ စီးရေ ၈၀၀ ခန့် ဇန်န၀ါရီလ အတွင်း ရောက်ရှိမည်ဖြစ်ကာ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ စက်မှုဝန်ကြီးဌာန ကားအရောင်းပြခန်းတွင် အဆိုပါကားများကို ပါမစ် မရှိသူများကိုပါ ယခင်ဈေး နှုန်းများအတိုင်း ရောင်းချပေးသွားမည်ဟု စက်မှုဝန်ကြီးဌာနမှ သိရသည်။
ဒါးဇင်းမန်ကျည်း အသစ်ဈေးနှုန်း ကျမှု ဈေးတန့်
မန်ကျည်း ဒါးဇင်းအသစ် ဈေးကွက် တွင်းသို့ ဒီဇင်ဘာလလယ်တွင် စတင် ၀င်ရောက်ရာ တစ်ပိဿာလျှင် ကျပ် ၂,၅၀၀ နှုန်း ရှိကြောင်း၊ ဇန်န၀ါရီ ၁၃ ရက် တွင် ကျပ် ၁,၇၅၀ နှုန်းရှိရာမှ ဇန်န၀ါရီ ၁၉ ရက်တွင် ကျပ် ၈၀၀ နှုန်းသာရှိပြီး ပြည်ပသို့ အကြောဆွဲ မန်ကျည်း အပို့ရှိလာသဖြင့် ဈေးနှုန်းထပ်မကျဘဲ ဈေးတန့်နေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ပွဲရုံ ပိုင်ရှင်တစ်ဦးက ဆိုသည်။
တရုတ်အိမ်ရာဈေးနှုန်းများ ဒီဇင်ဘာလအတွင်း ကျဆင်းခဲ့
အိမ်ရာဈေးကစားမှုကို ထိန်းချုပ်ရန်အတွက် တရုတ်အစိုးရ၏ဆောင်ရွက် ချက်များကြောင့် အဓိကမြို့ကြီးလေးပုံ သုံးပုံနီးပါးရှိ အိမ်ရာဈေးများမှာ နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ကျဆင်းခဲ့ကြောင်း ဇန်န၀ါရီ ၁၈ ရက်နေ့က အစိုးရ မှ ထုတ်ပြန်ပြောကြားခဲ့သည်။
အာဆီယံ အသိအမှတ်ပြုလက်မှတ်ရ အင်ဂျင်နီယာဦးရေ ၂၀၁၁ တွင် မြင့်တက်လာ
အာဆီယံအသိအမှတ်ပြု အင်ဂျင်နီယာ လက်မှတ်ရရန် လျှောက်ထားသူများ များပြားလာပြီး ၂၀၁၁ ခုနှစ်တွင် အာဆီယံ အသိ အမှတ်ပြု အင်ဂျင် နီယာလက်မှတ်ရရှိသူ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့် Country Registrar ဦးအောင်မြင့်က ဇန်န၀ါရီ လဆန်းတွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
ဂျပန်က မြန်မာ့ဆန်တန်ချိန်သုံးသိန်း ၀ယ်ယူရန်ကမ်းလှမ်း
ဂျပန်တိုယိုတာ ကုမ္ပဏီသည် မြန်မာ နိုင်ငံမှ အရည်အသွေးမြင့် ဆန်တန်ချိန် သုံးသိန်းခန့် ၀ယ်ယူလိုကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်စဉ် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
အမျိုးသားကုန်စည်နှင့် ကားပြပွဲတွင် ကားများကို လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချပေးခဲ့
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၁၉ ရက်နေ့မှ
၂၂ ရက်နေ့အထိ မင်းဓမ္မလမ်း၊ အမ်စီစီ
ခန်းမတွင် ကျင်းပခဲ့သော အမျိုးသား
ကုန်စည်ပြပွဲနှင့် ကား ပြပွဲကြီးတွင်
ကောင်းစေတမန်၊ ကားအရောင်းနှင့်ဝန်ဆောင်မှုကုမ္ပဏီမှ မော်ဒယ်လ်မြင့်
ကားများကို ၀င်ရောက်ပြသခဲ့ပြီး ကားများကို ပြပွဲ၌ပင် ချက်ချင်းဝယ်ယူနိုင်သောစနစ်ဖြင် ရောင်းချပေးခဲ့သည်။
စီးပွားရေး အရေးယူပိတ်ဆို့မှု ကင်းလွတ်ပြီး တန်ဖိုးမြင့် သစ် အချောထည်များ တင်ပို့နိုင်ရန် သစ်လုပ်ငန်းရှင်များ မျှော်လင့်နေ
အီးယူနှင့် အမေရိကန်တို့က မြန်မာ့ သစ်တင်ပို့မှုအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုကင်းလွတ်ပြီး တန်ဖိုးမြင့် သစ်အချောထည် တင်ပို့မှုဈေးကွက် အရှိန်အဟုန်မြှင့်တင်နိုင်ရေးကို သစ်လုပ်ငန်းရှင်များက ယုံကြည်မျှော်လင့် လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်လုပ် ငန်းရှင်များအသင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ပက်ထရိုးနပ်စ်မှ အင်ဂျင်ဝိုင်များအကြောင်း ဆွေးနွေး
မြန်မာပြည်အတွင်းရှိ ကားဟောင်းများအား နိုင်ငံခြားမှ အသုံးပြုပြီးကားများနှင့် အစားထိုးတင်သွင်းခွင့်ရရှိခဲ့သလို ဖွံ့ဖြိုးလာမည့် အနာဂတ်စီးပွားရေး လောကတွင် အရည်အသွေး ပိုမို ပြည့်ဝ မှုရှိသည့် အင်ဂျင်ဝိုင်များအား အသုံးပြုနိုင်ရန်အတွက် Petronas Lubricant (Thailand) Co Ltd မှ အင်ဂျင်ဝိုင်၏ နည်းပညာ၊ ရရှိနိုင်သည့် အကျိုးကျေးဇူး၊ မိမိယာဉ်အတွက် အံဝင် ခွင်ကျဖြစ်မည့် ရွေးချယ်မှု၊ စရိတ်ကာမိ နိုင်စေရန် ရွေးချယ်ခြင်း စသည့် အင်ဂျင် ၀ိုင်နှင့်ပတ်သက်သော သိသင့် သိထိုက်သည့် အကြောင်းအရာ များကို ဒီဇင်ဘာလအတွင်းတွင် ဆွေးနွေးခဲ့သည်။
ဧရာဝတီယူနိုက်တက် ဘောလုံးအသင်းက ဆောက်လုပ်မည့် ဆေးရုံသစ်အတွက် ကျပ်ငါးဘီလျံ သုံးစွဲမည်
ဧရာဝတီယူနိုက်တက် ဘောလုံး အသင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ခုတင် ၁၀၀ ဆံ့ ဆေးရုံသစ် တည်ဆောက် မည်ဖြစ်ပြီး အဆိုပါ ဆေးရုံအတွက် ကျပ်ငါးဘီလျံ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း သိရသည်။
မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနဌာန မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့
ကုလသမဂ္ဂ မြို့ရွာနှင့်အိုးအိမ်ပြန်လည် ထူထောင်ရေးအစီအစဉ် (UN HAB ITAT) နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင် ရွက်သောမြို့ပြနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ သုတေသနဌာန
( Urban Research and Development Institute-URDI) ကို ဇန်န၀ါရီ ၂၀ ရက်နေ့တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး
ရေးဦးစီးဌာန အဆောက်အအုံတွင် အကြိုဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
စင်ကာပူရှိ အဆင့်မြင့်စီမံကိန်းများကို ရင်းနှီးမြှုပ်နှံသူများ ပိုမိုစိတ်ဝင်စားလာ
စင်ကာပူနိုင်ငံရှိ အဆင့်မြင့်အိမ်ရာစီမံ ကိန်းများကို နိုင်ငံခြားသားများ အပါ
အ၀င် စင်ကာပူနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံရန်
ပိုမိုစိတ်ဝင်စားလာလျက်ရှိကြောင်း
စင်ကာပူအခြေစိုက် Far East အဖွဲ့
အစည်းမှ တာဝန်ရှိသူများက ပြောကြားသည်။
နည်းပညာမြင့် မီးဘေး ကာကွယ်ရေးစနစ်နှင့် ပစ္စည်းများ မကြာမီအချိန်တွင်း ပြည်တွင်း ဈေးကွက်သို့ ရောက်ရှိမည်ဖြစ်
ဟိုတယ်များနှင့် ကုမ္ပဏီများစသည့် အဆောက်အအုံကြီးများတွင် မီးဘေး ကာကွယ်နိုင်ရန် နည်းပညာမြင့် မီးဘေး အန္တရာယ် လုံခြုံရေးစနစ်များ မကြာမီ အချိန်တွင်း ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဈေးများအားလုံး ပြန်လည် အဆင့်မြှင့်တင်ပြုပြင်သွားမည်ဟု သိရ
ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေးများအားလုံးကို ပြန်လည်အဆင့်မြှင့်တင်ပြုပြင်သွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂၄ ရက်နေ့
ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြ
ပါရှိသည်။

