
Side Effect အဖွဲ့ ဘာလီကျွန်းမှာ သွားဖျော်ဖြေမည်
အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ - ၂၄ ၊ ၁၁ ၊ ၂၀၁၁)

ဖျော်ဖြေပွဲတစ်ပွဲတွင်
ဓာတ်ပုံ - ခရစ္စဒေးဗီ
အင်ဒီ (Indie) ပုံစံသီချင်းတွေ သီဆိုတဲ့
"ကျွန်တော်တို့အဖွဲ့ကို ဘယ်ကနေ သိတာလည်းတော့ မသိဘူး။ လှမ်းဖိတ်တာကတော့
သူတို့အဖွဲ့ဟာ ၄၅ မိနစ်စာ ဖျော်ဖြေခွင့်ရမှာဖြစ်တဲ့အတွက် ကိုယ်ပိုင်ရေးစပ် ဖန်တီးထားတဲ့ တေးသီချင်း ၁၂ ပုဒ် လောက်ကို လေ့ကျင့်နေကြတယ်လို့ ဆိုပါတယ်။
"အင်္ဂလိပ်သီချင်းသုံးပုဒ်အပြင် ကျန်တာကတော့ မြန်မာသီချင်းတွေနဲ့ပဲ အဓိကဖျော်ဖြေမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကို Indie သီချင်း ဆိုတဲ့ မြန်မာအဖွဲ့အနေနဲ့ ဖိတ်ထားတာ ဆိုပေမယ့် ကိုယ့်နိုင်ငံရဲ့ဂီတကိုပြတဲ့ သဘောလည်း ရောပါနေတာဆိုတော့ မြန်မာသီချင်းတွေကို အသားပေးဆိုသွားမှာပါ"လို့ ဆိုပါတယ်။
"ဂီတဆိုတာက
ခုလို နိုင်ငံရပ်ခြားမှာ သွားရောက် ဖျော်ဖြေဖို့အတွက် အရင်ကတည်းက စိတ်ကူးယဉ်ထားကြတာဖြစ်လို့ အဖွဲ့ သားအားလုံး ဒီခရီးစဉ် အတွက် အရမ်း စိတ်လှုပ်ရှားနေကြတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် သူတို့ရဲ့ကြိုးစား အားထုတ်မှုကိုလည်း မြန်မာပြည်မှာ ဆိုနေကျရှိုးပွဲတွေထက် အများကြီးပိုပြီး လေ့ကျင့်မှုတွေလည်း ပြုလုပ်နေတယ်လို့လည်း ပြောပါတယ်။
"သူများနိုင်ငံမှာ သွားဖျော်ဖြေရမှာ ဆိုတော့ မြန်မာနိုင်ငံကအဖွဲ့က ဂွမ်းတယ် ဆိုတာမျိုးတော့ အဖြစ်မခံနိုင်ဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့ ပိုပြင်ဆင်ရတယ်။ ပုံမှန်အားဖြင့် တစ်ပတ်တစ်ခါလောက် သီချင်းတိုက်ပြီး ရှိုးပွဲရှိလာရင်တော့ နှစ်ခေါက်လောက် တိုက်လေ့ရှိ ပေမယ့် ဒီပွဲအတွက်တော့ နေ့တိုင်းနီးပါး တွေ့ကြပြီး သီချင်းတွေ အမြဲတိုက်ဖြစ်တယ်။ ဒီသီချင်းတွေက ကျွန်တော်တို့ ပိုင်နိုင်ပြီးသားဆိုပေမယ့် အစမ်း လေ့ကျင့်တဲ့နေရာမှာ ဘယ်လောက်ပိုင် နိုင်နေပေမယ့်လည်း တကယ့်စင်ပေါ်ကို ရောက်တဲ့အခါ ကျရင် စိတ်လှုပ်ရှားမှုကြောင့် အမှားမှားအယွင်းယွင်း ရှိတတ်တာကြောင့်ရယ်၊ ဒီပွဲကျတော့ အမှားခံလို့ မရတာကြောင့်ရယ် ပိုလေ့ကျင့်ဖြစ်တယ်"လို့ သူတို့ရဲ့ ပြင်ဆင်မှုတွေကို ပြောပြပါတယ်။
ဘာလီဖျော် ဖြေရေးခရီးအပြီး ကိုယ့်နိုင်ငံ ပြန်ရောက်တဲ့အခါ အခွေထုတ်နိုင်ဖို့အတွက် ၀က်ဘ်ဆိုက်ဖွင့်ပြီး ရန်ပုံငွေရှာဖို့ အစီအစဉ် ရှိတယ်လို့ဆိုပါတယ်။
"ဂီတအဖွဲ့ အများစုက ငွေကြေးကြောင့် ကိုယ့်ရဲ့ ခံယူချက်ကို လျှော့လိုက်ရတာ၊ ပြောင်းလိုက်ရတာတို့ရှိတယ်။ ကျွန်တော်တို့ကတော့ အဲလိုမဖြစ်ချင်ဘူး။ ကိုယ်လျှောက်ချင်တဲ့လမ်းကို ကိုယ့်ယုံကြည်ချက်နဲ့ပဲ ဆက်လျှောက်ချင်တယ်။ အဲဒါကြောင့် ဘယ်သူ့ကိုမှ သိပ်ပြီး မှီခိုအားထားနေလို့ မရဘူး။ သူများကို သွားမှီခိုလိုက်တာနဲ့ သူများရဲ့စိတ်ကြိုက်လုပ်ပေးရတာတွေ ပါလာနိုင်တယ်လေ။ အဲလိုဆို ကိုယ့် လမ်းကြောင်းက ယိုင်သွားနိုင်တယ်" လို့ ဒီလိုရန်ပုံငွေရှာဖို့ စဉ်းစားဖြစ်တဲ့ အကြောင်းကိုလည်း ရှင်းပြခဲ့ပါတယ်။
တေးဂီတအဖွဲ့တွေအနေနဲ့ ရန်ပုံငွေ ရှာတဲ့အစဉ်အလာ မြန်မာပြည်မှာ မရှိ တာကြောင့် ဘယ်လိုဖြစ်လာဦးမလဲတော့ မသိသေးဘူးလို့ လည်းဆိုပါတယ်။
အဖွဲ့
ရဲ့ ၀က်ဘ်ဆိုက်က