
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ရွှေအက်ဖ်အမ်ရဲ့ သီချင်းတောင်းခံရဆုံးဆုကို အကြိမ်ရေထောင်ကျော်နဲ့ ဖြူဖြူကျော်သိန်းရရှိ
ပရိသတ်တောင်းခံမှုအများဆုံး အမျိုးသမီးတေးသီချင်းဆုကိုတော့ 'ဒါဟာအချစ်တဲ့လား'သီချင်းနဲ့ ဖြူဖြူကျော်သိန်းကရရှိခဲ့ပြီး တစ်နှစ်အတွင်းမှာ အဲဒီသီချင်းလေးဟာ အကြိမ်ရေပေါင်း ၁၁၅၉ ကြိမ် တောင်းဆိုခံခဲ့ရပါတယ်။
သီတင်းကျွတ်ပြီ မီးပုံးပျံလွှတ်ကြစို့
ဝသန်လက်ကျန် တိမ်ပုပ်တို့ပင် မကုန်ချင်သေး။ ကလေးတို့က တဖြောင်းဖြောင်း တဒိုင်းဒိုင်း ဗြောက်သံတညံညံ ဖြင့် သီတင်းကျွတ်ကို ကြိုဆိုကြပြီ။ မိုးကလေးတိတ်သည်နှင့် တွင်းအောင်းရာက ထွက်လာကြသည့် ပုရစ်လေး များလို အိမ်နီးချင်း ပုစုခရုတို့ကလည်း မိုးစဲသည်နှင့် အိမ်ပြင်ထွက်လို့ သီတင်းကျွတ်ကို ရင်ခုန်နှင့်ပြီ။
စာပေပညာရှင်တွေ စုစည်းပြီး ချင်းတွင်းမြစ် စုန်ဆန်ခရီးနှင်မည်
ဧရာဝတီမြစ် အကြောင်းကို အလွှာပေါင်းစုံမှ လူမျိုးပေါင်းစုံ စိတ်ဝင်စားနေချိန်မှာ စာရေးဆရာ၊ ကဗျာဆရာ၊ သမိုင်းပညာရှင်၊ စာနယ်ဇင်းပညာရှင်နဲ့ ဓာတ်ပုံပညာရှင်ပေါင်း များစွာဟာ ချင်းတွင်းမြစ်နဲ့ပတ်ဝန်းကျင်၊ ချင်းတွင်းကို အမှီပြုနေထိုင်ကြတဲ့ ဒေသခံ တွေရဲ့ လူမှုဘ၀တွေကို မတူညီတဲ့ ရှုထောင့်မျိုးစုံကနေ စာပေရေးသားတင်ပြဖို့အတွက် ၁၅ ရက်ကြာ ချင်းတွင်းမြစ်ကို အစုန်အဆန် စာပေခရီးနှင်ကြမှာ ဖြစ်ပါတယ်။
ရိုးရာဖက်ရှင်အလှကိုတန်ဖိုးထားဖော်ထုတ်ပြသလိုက်တဲ့ Fashion Euphoria ၀တ်စုံပြပွဲ
အနောက်တိုင်း ၀တ်စုံဝတ်မှ ဖက်ရှင် ကျတာမဟုတ်ဘဲ မြန်မာဝတ်စုံ တွေကလည်း ဖက်ရှင်ကျကျနဲ့ လှပ ဆွဲဆောင် မှုရှိပြီး မြင်သူကို ရင်သပ်ရှုမောစေတယ် ဆိုတာကို စက်တင်ဘာလ ၃၀ ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ ကျင်းပခဲ့တဲ့ Fashion Euphoria ဖက်ရှင်ပြပွဲကြီး က သက်သေထူခဲ့ပါတယ်။
မြန်မာဒီဇိုင်နာတွေ ညီညွတ်မှုကို ပြသခဲ့တဲ့ ရင်ခုန်ရင်တုန် ပသာဒစုံ MFDG ဖက်ရှင်ပွဲ
အောက်တိုဘာလ ၁ ရက်နေ့က မြန်မာ ကွန်ဗင်းရှင်းစင်တာကြီးမှာ ကျင်းပခဲ့တဲ့မြန်မာဖက်ရှင်ဒီဇိုင်နာအဖွဲ့
(MFDG) ရဲ့ဖက်ရှင်ပွဲကြီးက ပွဲမစခင် ဘေလ်ဘုတ်တွေမှာ ကြော်ငြာထားကတည်းက ဒီဇိုင်နာတွေ အများကြီး စုစည်းကျင်းပတဲ့ ပွဲဖြစ်တာကြောင့် သူတို့တွေ တစ်ဦးနဲ့ တစ်ဦးကွဲပြားဆန်းပြားအောင် ဘယ်လိုတွေ ပြသကြ မလဲဆိုတာကို ဖက်ရှင်ချစ်သူတစ်ဦးပီပီ ကြိုတင်စဉ်းစားရင်း ရင်ခုန်ခဲ့ရတာပါ။
၂၀၁၁ ကိုရီးယား ဒရမ်မာညမှာ လီမင်ဟို ကံထူးခဲ့
၂၀၁၁ ခုနှစ်အတွက် တောင်ကို ရီးယား ဇာတ်ညွှန်းဆရာ၊ ထုတ်လုပ်ရေးနဲ့သရုပ်ဆောင်တွေကို ချီးမြှင့်တဲ့ ကိုရီးယားဒရမ်မာ ဆုပေးပွဲကို အောက်တိုဘာလ ၂ ရက်နေ့က ဆိုးလ်မြို့မှာ ကျင်းပခဲ့ပါတယ်။
အကတိုက်ချိန်မရှိလို့ ကလင်တန်တို့လင်မယား ရှိုးပွဲဖိတ်ခေါ်မှုကိုငြင်းလိုက်
အမေရိကန် သမ္မတဟောင်း ဘီလ်က လင်တန်ဟာ လူကြိုက်များ အစီအစဉ် တစ်ခုဖြစ်တဲ့ အမေရိကန်ရုပ်သံရှိုး Dancing With the Stars မှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံခဲ့ရပါတယ်။
သီတင်းကျွတ်လပြည့်ည ဟစ်ပ်ဟော့ပွဲ
သီတင်းကျွတ် အခါသမယမှာ ပျော်ပွဲရွှင်ပွဲတွေများပြားတဲ့အလျောက် ဘယ်လိုပွဲမျိုးနဲ့ ဖြတ်ကျော်ရင် ကောင်းမလဲလို့ စဉ်းစားနေ သူတွေ အတွက် Bo Bo Entertainment နဲ့ ကျော်ထွဋ်ဆွေတို့ ပူးပေါင်းတင်ဆက်တဲ့ ဟစ်ပ်ဟော့ရှိုးပွဲကို အောက်တိုဘာ ၁၂ ရက်နေ့၊ ယုဇနဂါးဒင်းဟိုတယ်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။
ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အလှူငွေထည့်ဝင်နိုင်
(၄၈) ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအခမ်းအနားကို၊ဗဟန်းမြို့နယ်၊ ၀င်္ကပါလမ်းမှာရှိတဲ့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ အောက်တိုဘာ ၁၃ ရက်နေ့၊ မနက် ၉ နာရီမှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။
အော်ရီယံဟိုတယ်သစ် အင်းလေးတွင် ဖွင့်မည်
ထူးထရေးဒင်း ကုမ္ပဏီလီမိတက်မှ အင်းလေးကန်၊ မိုင်းသောက်ကျေးရွာတွင် အဆင့်မြင့်တည်ဆောက်နေသော အခန်း ၆၆ ခန်းပါ အော်ရီယံ ပဲလေ့စ်
ရီဆော့နှင့် စပါးဟိုတယ်ကို ယခုလအတွင်း ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း အော်ရီယံ ဟိုတယ်အုပ်စုမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
ဧည့်လမ်းညွှန်များ မွမ်းမံသင်တန်း တက်ပြီးမှ လိုင်စင်တိုးခွင့်ပြုမည်
မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (MTGA) က ကြီးမှူး၍ ဧည့်လမ်းညွှန်များ မွမ်းမံသင်တန်းကို အောက်တိုဘာလတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဧည့်လမ်း ညွှန်သင်တန်းကျောင်း၌ ဖွင့်လှစ်သွား မည်ဖြစ်ပြီး ၎င်းသင်တန်းတက်ရောက်မှ သာ ဧည့် လမ်းညွှန်များအနေဖြင့် လိုင်စင်သက်တမ်း တိုးခွင့်ရှိမည်ဟု အသင်း၏ ပြန်ကြားရေးဌာနမှ ဦးထွန်းမြတ် (ဆူးသစ်နီ)က မြန်မာတိုင်း(မ်)ကို စက်တင်ဘာလ ၂၈ ရက်နေ့က ပြောကြားသည်။
မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာဆု ငါးဆုရရှိ
စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၇ ရက် နေ့အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ တွင် ကျင်းပခဲ့သော International Travel Expo (ITE) ပြပွဲတွင် Tourism Alliance Awards (TAA) ဆုများ ချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံမှ ကိုယ်စားပြု တက်ရောက်ခဲ့သော ခရီးသွား လုပ်ငန်း ကုမ္ပဏီ၊ စားသောက်ဆိုင်၊ ဟိုတယ်နှင့် ခရီးသွားဆောင်းပါး ရေးသားသူ စသည် ဖြင့် နှစ်တစ်နှစ်၏ အကောင်းဆုံးဆု ငါးဆုကို ရရှိခဲ့ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့က Monsoon စားသောက် ဆိုင်တွင် ပြုလုပ်ခဲ့သည် သတင်းစာ ရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
အဲပုဂံနှင့် အေရှန်းဝင်းလေကြောင်းလိုင်း ခရီးစဉ်အချို့ ပူးပေါင်းပြေးဆွဲ
အဲပုဂံလေကြောင်းလိုင်းနှင့် အေရှန်းဝင်း လေကြောင်းလိုင်းတို့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့မှစတင်ခါ Code Share စနစ်ဖြင့် ခရီးစဉ်များစီစဉ်၍ အချို့သော
ခရီးစဉ်များကို ပြေးဆွဲပေးမည်ဖြစ်ကြောင်း အဲပုဂံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။