Now! Fashion Forward

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တစ်ပတ်စာ သင်၏ကံဇာတာ

၂၀၁၁ အောက်တိုဘာလ ၇ ရက်မှ ၁၃ ရက်အထိ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊
သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆

မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ -


ရင်းနှီးထားသည့် အစုစပ် လုပ်ငန်းများ အထူးအကျိုးကျေးဇူးဖြစ်ထွန်းလာတော့မည်။ ဇိမ်ခံပစ္စည်းများ၊ ကွန်ပျူတာ၊ ပရင်တာ၊ ကင်မရာများ၊ အားကစားဆက်စပ်ပစ္စည်းများ၊ အလှကုန်များ၊ ကျောက်မျက်ရတနာများ၊ အားဆေးများ၊ အမျိုးသမီးအ၀တ် အထည်များ၊ ခေတ်မီလှပသော ခန်းဝင်ပစ္စည်းများ စသည်တို့မှ စီးပွားတိုးတက်အဆင်ပြေအောင် ဆောင်ရွက်နိုင်လိမ့်မည်။ ခက်ခက်ခဲခဲ ရုန်းကန်နေရ သည့် အလုပ်များလည်း အတန်အသင့် အကျိုးရှိလာမည်ဖြစ်သည်။ အိမ်ထောင်ရေး အဆင်ပြေမည်။ ယတြာ - အင်္ဂါထောင့်တွင် နှင်းဆီနီများ ပူဇော်ကပ်လှူပါ။

ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ -


အပြိုင်အဆိုင်များလွန်းသည့် ရောင်းဝယ်ဖောက်ကားမှု အကျိုးများစွာဖြစ်ထွန်းလာတော့မည်။ အမှုအခင်းကြုံတွေ့နေ ရသည့် အခက်အခဲများရှိပါက ပြေလည်အောင်ဆောင်ရွက်နိုင်တော့မည်။ ကြွေးမြီကိစ္စအ၀၀ကို လည်း ရှင်းလင်းအောင် ဆောင်ရွက်နိုင် ပေလိမ့်မည်။ ဆေးဝါးလုပ်ငန်းများလည်း ပြန်လည်ပွင့်လန်း လာနိုင်ပေသည်။
ယတြာ - တရားစာအုပ်များ ဒါနပြုပေးပါ။

မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ -


လုပ်ငန်းအကျိုးအမြတ် ဆက်လက်တိုးပွား နေမည်။ အစ်ကိုကြီး အစ်မကြီးများထံမှ ရင်းနှီးငွေများ ရရှိနိုင်သည်။ လုပ်ငန်း သဘောတူ စာချုပ်များ ချုပ်ဆိုရာတွင် ကနဦးအစပိုင်း အဆင်မပြေမှုများ ပြေလည်မှုရအောင် ဆောင်ရွက် နိုင်လိမ့်မည်။ အကြံအစည်အောင်မည်။ အိုးအိမ်၊ လှေ၊ မော်တော်၊ သင်္ဘော၊ ဆိပ်ကမ်းဆိုင်ရာ ဆောက်လုပ်ရေးများနှင့် ပတ်သက်ပြီး ကံပွင့်လန်းနေမည်ဖြစ်သည်။
ယတြာ - ဆွမ်းနှင့် သီးစုံပဲကုလားဟင်း လောင်းလှူကပ်လှူပါ။

ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ -


၇ ရက်၊ ၁၂ ရက်နေ့များ ကံတရားမျက်နှာသာပေးနေမည်ဖြစ်သည်။ နိုင်ငံရပ်ခြားကိစ္စများ၊ သံတမန်ရေးရာများ၊ ပွဲစားအလုပ်များ၊ အောင်သွယ်တော်အလုပ်များ၊ ကြော်ငြာလုပ်ငန်းများ အောင်မြင်မည်။ မိဘဆရာသမားတို့ကြောင့် ပင်လယ်ရပ်ခြား ခရီးသွားရန် အစီအစဉ်များ အဆင်ပြေမည်။ လိုအင် ဆန္ဒများ ပြည့်ဝလိမ့်မည်။ စောင့်မျှော်နေရသည့် ရပ်ဝေးအဆက်အသွယ်ကောင်းများ ရရှိလာမည်။ ဆောက်လုပ်ရေးလုပ်ငန်းများ၊ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ငှားအလုပ်များ အကျိုးပေးတော့မည် ဖြစ်သည်။
ယတြာ - တနင်္လာထောင့်တွင် ရောင်စုံနှင်းဆီပန်းများ ကပ်လှူပါ။

သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ -


၇ ရက်၊ ၉ ရက်၊ ၁၀ ရက်များတွင် ကံတရားပွင့်လန်းနေမည်ဖြစ်သည်။ နစ်နာဆုံးရှုံးငွေများ ပြန်ဝင်နိုင်သည်။ လက်လွန်ငွေများ ပြန်လည်တောင်းခံရရှိနိုင်၏။ ဟောင်းနွမ်းသည့် အိမ်၊ ကား၊ ရှေးဟောင်းပစ္စည်းများ၊ လျှပ်စစ် စက်ပစ္စည်းများ၊ မြေယာများ၊ ရတနာများနှင့်ပတ်သက်ပြီး ပိုအကျိုးရှိနိုင်ပေသည်။ မိသားစု ပိုင်လုပ်ငန်းများ ပြန်လည်ထူထောင်ဆောင်ရွက်ရတတ်သည်။ ပူပန်စရာအကြောင်းများ လျော့နည်းကျဆင်းသွားရတတ်သည်။
ယတြာ - ဆန်၊ ဆီ၊ ဆေး စသည်လှူဒါန်းပေးပါ။

ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ -


အိမ်ထောင်ရေး ပိုမိုသာယာလာမည်။ ၀င်ငွေအထူးကောင်းမွန်လာတော့မည်ဖြစ်သည်။ ရေလုပ်ငန်း၊ သီးနှံ ကုန်သွယ်မှု၊ မီဒီယာလုပ်ငန်းစုံ၊ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ထွန်းအောင်မြင်လိမ့်မည်။ စာအုပ် စာရေးကိရိယာများ၊ စက္ကူနှင့် ပုံနှိပ် လုပ်ငန်းသုံးပစ္စည်းများ အကျိုးပေးနေမည်။ ၉ ရက်၊ ၁၀ ရက်နှင့် ၁၂ ရက်တို့ ကံတရားပိုမိုပွင့်လန်းနေမည်ဖြစ်သည်။ ထိုရက်တို့တွင် မပြီးပြတ်သည့် အလုပ်များ ပြီးပြတ်အောင် ဆောင်ရွက်နိုင်လိမ့်မည်။
ယတြာ - အခမဲ့ ဆေးခန်းများသို့ လှူဒါန်းပါ။

တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှအောက်တိုဘာ ၂၃ -


လုပ်ငန်းသစ် များ ထူထောင်ဆောင်ရွက်ရာ၌ ၁၂ ရက်နေ့ကို ရွေးချယ်အသုံးပြုပါက အောင်မြင်မှု ရရှိနိုင်သည်။ တရားဝင် လုပ်ငန်းလုပ်ပိုင်ဆောင်ရွက်ခွင့်များ လျှောက်ထားရရှိနိုင်၏။ အကြံအစည်အောင်မည်။ ကိုယ်ရေးကိုယ်တာကိစ္စများ ပိုမိုတိုးတက် အဆင်ပြေလာမည်။ ကြန့်ကြာနေသည့် အရောင်းအ၀ယ်ကိစ္စများ ပြန်လည်အကျိုးပေးလာတော့မည်။ အနာရောဂါ ဝေဒနာများ သက်သာပျောက်ကင်းမည်။
ယတြာ - တနင်္ဂနွေထောင့်၌ အောင်သပြေ၊ နှင်းဆီနီများ ကပ်လှူပါ။

ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ -


၇ ရက်နေ့သည် ကံကောင်းသော နေ့ဖြစ်လိမ့်မည်။ လုံ့လ၀ီရိယအကျိုးကို ခံစားရလိမ့်မည်။ မိဘကြောင့် ဂုဏ်ယူ ၀မ်းမြောက် နေရမည်။ ညီအစ်ကိုသားချင်းများအား ကူညီဖေးမနိုင်လိမ့်မည်။ လုပ်ငန်းအကျိုး အမြတ် ကောင်းစွာရရှိပြီး လိုအင်ဆန္ဒပြည့်ဝမည်။ ငွေအမြောက်အမြား ၀င်နိုင်၏။ လုပ်ငန်းလက်ကျန်ငွေများ ရရှိမည်။
ယတြာ - သစ်သီးများ လောင်းလှူပါ။

ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှဒီဇင်ဘာ ၂၂ -


၉ ရက်နှင့် ၁၀ ရက်နေ့ တို့ ပိုမိုကံပွင့်လန်းနေမည်။ စုဆောင်းငွေတိုးပွားမည်။ ၀ယ်ယူထားသည့် ကုန်ပစ္စည်းများပေါ်၌ အကျိုးအမြတ်တိုးပွားနေမည်။ ပုလဲရတနာနှင့် ငွေထည်ပစ္စည်းများမှ အကျိုးရှိလိမ့်မည်။ ဇိမ်ခံ ပစ္စည်းများ၊ အလှကုန်များ၊ အမျိုးသမီးအ၀တ်အထည်များ၊ လက်ဝတ်ရတနာများ၊ ရောင်းဝယ် ဖောက်ကားမှု အကျိုးပေးမည်။
ယတြာ - ကြာဆံကြော် ကပ်လှူလောင်းလှူပါ။

မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ -


တစ်ပတ်လုံး ယေဘုယျကံကောင်းနေမည်။ လိုအပ်သော ငွေကြေးကိစ္စများနှင့်ပတ်သက်၍ ထောက်ပံ့ကူညီ မှုများ ရရှိတတ်သည်။ တပည့်တပန်းမိတ်ကောင်းဆွေကောင်းတို့၏ထံမှ ကောင်းကျိုး များ ရရှိမည်။ ပရဟိတလုပ်ငန်းများ အထူးအောင်မြင်မည်။
ယတြာ - တနင်္လာထောင့်၌ ကြာနီပန်းများ (သို့) အလှူငွေထည့်ဝင်လှူဒါန်းပါ။

ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ -


၇ ရက်၊ ၉ ရက်၊ ၁၀ ရက်များ ကံတရားပွင့်လန်းနေမည်။ အထူးသဖြင့် အပြိုင်အဆိုင်များသည့် လုပ်ငန်းများ တိုးတက်အောင်မြင် လိမ့်မည်။ အခက်အခဲပြဿနာများ ပြေလည်အောင်ဆောင်ရွက်နိုင်လိမ့် မည်။ ၁၂ ရက်နေ့တွင် ကုသိုလ်ရေးလုပ်ငန်းများကိုသာ ဦးစားပေးလုပ်ဆောင်သင့်၏။ ထိုနေ့၌ ငွေကြေးကိစ္စများ မဆောင်ရွက်သင့်။
ယတြာ - နို့ထွက်ပစ္စည်းများ ကပ်လှူလောင်းလှူပါ။

မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ -


၇ ရက်နှင့် ၁၂ ရက်နေ့တို့ ကံပွင့်လန်းနေမည်။ ငွေကံကောင်းလိမ့်မည်။ ယာယီပေါ်ပင်အလုပ်များ အကျိုးရှိလိမ့် မည်။ ခက်ခဲသော အရောင်းအ၀ယ် ကိစ္စများ မိမိကြောင့် အောင်မြင်အဆင်ပြေမည်။ စည်းစိမ် ချမ်းသာ တိုးပွားမည်။ ဝေးကွာနေသော ချစ်သူခင်သူ တို့နှင့် ပြန်လည်တွေ့ဆုံရလိမ့်မည်။
ယတြာ - စတီးအိုးခွက်ပန်းကန်များ လှူပါ။