
မင်္ဂလာတောင်ညွှန့်မြို့နယ် သိုလှောင်ရုံများ မီးလောင်ပေါက်ကွဲမှု

ဒီဇင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ် ရပ်ကွက်၊ မေတ္တာမွန်ဝင်း၊ မေတ္တာမွန်ဂိုဒေါင်တွင် မီးလောင်မှုဖြစ်ပွားစတင်ဖြစ်ပွားခဲ့ရာ မီးသတ်ယာဉ် ၅၇ စီး၊ အထောက်အကူပြုယာဉ် ၁၃ စီး၊ အုပ်ချုပ်မှု ယာဉ် ၁၀ စီး ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာ၇ီခွဲခန့် တွင် မီးထိန်း နိုင်ခဲ့ပြီး ၆နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်ပေါက်ကွဲမှုကြောင့် ဂိုဒေါင် ၁၆ လုံးဆုံးရှုံးခဲ့သည်။
မီးလောင်ပေါက်ကွဲမှုအကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုး စုံစမ်းဆဲ ဖြစ်ကာ သေဆုံးသူအရေအတွက်မှာ မီးသတ်အဖွဲ့ဝင် ငါးဦးအပါအ၀င် ကျား ၁၂ ဦး၊ မ ၅ ဦး၊ စုစုပေါင်း ၁၇ ဦးဖြစ်သည်။
ထိခိုက်ဒဏ်ရာရသူ မီးသတ်တပ်ဖွဲ့ဝင် ၃၃ ဦးအပါအ၀င် ကျား ၆၅ ဦး၊ မ ၁၆ ဦး ပေါင်း ၈၁ ဦးအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင်ကုသ ပေးနေသည်။
ပျောက်ဆုံးနေသူ ကျား ၄ ဦး မ ၄ ဦး ရှိ၊ မီးဘေး ဒုက္ခသည်အိမ်ထောင်စု ၁၄၈၊ ကျား ၄၇၅ ဦး၊ မ ၅၂၁ ဦးပေါင်း ၉၉၆ ဦးတို့အား မဟာဝိဇယဘုန်းကြီးကျောင်း၊ အ.မ.က (၂၀) နှင့် အ.မ.က (၂၄) ကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိကြောင်း မီးသတ်ဦးစီးဌာန၏အစီရင်ခံစာအရသိရသည်။