ရွေးကောက်ပွဲအပြီး သိသာထင်ရှားသည့် အပြောင်းအလဲများဖြစ်ဟု အများလက်ခံ

အထွေထွေရွေးကောက်ပွဲကြီး ပြီးစီးခဲ့သည်မှာ နိုဝင်ဘာ ၇ ရက်နေ့က တစ်နှစ်ပြည့်ပြီးနောက်တွင် မြန်မာနိုင်ငံ၌ သိသာထင်ရှားသည့် အပြောင်းအလဲတစ်ချို့ ပေါ်ပေါက်လာ ခဲ့ရာ ထိုအပြောင်းအလဲကို လက်ခံကြိုဆိုသူများ ရှိသကဲ့သို့ ထိုထက်ပိုမိုပြောင်းလဲဦးမည်လား ဟူသော မျှော်လင့်ချက် များဆက်လက်မျှော်လင့်သူများလည်း များပြားလျက် ရှိနေသည်။

News 

မန္တလေးနှင့် နိုင်ငံရေး

ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း အပြောင်းအလဲဖြစ်စဉ်များတွင် မန္တလေး က လှုပ်လှုပ်ရှားရှားမရှိခဲ့။ မန္တလေးသားများလည်း အပြောင်း အလဲကို စောင့်ကြည့်နားထောင် ခပ်မဆိတ်သာရှိခဲ့သည်။

News 

'ကျွန်တော် အစိုးရိမ်ဆုံးက ဗျူရိုကရက်တွေကိုပဲ' နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာ နေဇင်လတ်နှင့် တွေ့ဆုံခြင်း

ပြီးခဲ့သည့်နှစ်က အထွေထွေ ရွေးကောက်ပွဲကြီး ပြီးစီးသည့်နောက် မြန်မာနိုင်ငံ၏ တစ်နှစ်တာအတွင်း အပြောင်းအလဲများကို နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး တစ်ဦးဖြစ်သူ ဒေါက်တာနေဇင်လတ် နှင့် မြန်မာတိုင်းမ်မှ ဒုတိယ သတင်း စာတည်း ကျော်ဆုမွန် က တွေ့ဆုံမေးမြန်းခဲ့သည်။

News 

စနစ်ပြောင်းသည်ကို နားမလည်သေးသည့် ဗျူရိုကရက်များ အောက်ခြေတွင်ရှိနေသေး

ရွေးကောက်ပွဲ တစ်နှစ်ပြည့်ချိန်တွင် စီးပွားရေးနယ်ပယ်၌ ပြောင်းလဲမှုများ ဆက်တိုက်ပေါ်ပေါက်နေပြီး ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အတားအဆီးများလည်း လျော့ကျသွားခဲ့သည် ဟု စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။

News 

မေတ္တာတေးသံတွေကြားကတက်ကြွလှုပ်ရှားနေကြသူများ

ဩဂုတ်လက သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံမှုအပြီးမှာ ကိုဘထူးမောင်ဟာ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ပေးဖို့ "မေတ္တာ"လို့အမည်ရတဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

News 

မြန်မာနဲ့ဆက်လက် ချစ်ကြည်ရင်းနှီးနေဦးမယ့် တရုတ်နဲ့အိန္ဒိယ

နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲများ တစ်နှစ်တိုင်ခဲ့ပါပြီ။ ဒီအချိန်အတွင်း မြန်မာနိုင်ငံမှာ ထူးခြားတဲ့ဖြစ်စဉ်တွေ ကြုံတွေ့ ခဲ့ရပါတယ်။ ဒီဖြစ်စဉ်တွေဟာ တကယ့်အပြောင်းအလဲရဲ့ အစလို့ ယုံကြည်တဲ့ သူတွေရှိသလို မယုံကြည်တဲ့သူတွေလည်း ရှိခဲ့ပါတယ်။

News 

မြန်မာ့နိုင်ငံရေး တိုးတက် ပြောင်းလဲလာမှုကို အာဆီယံကကြိုဆို

မြန်မာနိုင်ငံ၌ လက်ရှိ အရပ်သားအစိုးရသစ်တက်ပြီး နောက်ပိုင်း အကျဉ်းသားအချို့ကို လွှတ်ပေးခြင်း၊ စာပေစိစစ် ဖြတ်တောက်မှု လျှော့ပေါ့ပေးခြင်း၊ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးခြင်း တို့သည် မြင်သာထင်ရှားသော တကယ့် နိုင်ငံရေးပြောင်းလဲမှုများဖြစ်ကြောင်း အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ)က ကြိုဆိုခဲ့သည်။

News 

လူတွေအာရုံစိုက်လာကြတဲ့ လွှတ်တော်အခင်းအကျင်း

ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာ ပထမဆုံးခေါ်ယူကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွေကို ကြည့်မယ်ဆို လွှတ်တော်တွေရဲ့ အခန်းကဏ္ဍကို ပီပီပြင်ပြင် မပြသနိုင်ခဲ့ကြတာကို တွေ့ရပါမယ်။

News 

လွှတ်တော်အတွင်း တပ်မတော်သားနဲ့ အရပ်ဘက်ကိုယ်စားလှယ်များ အဆင်ပြေသည့် ဆက်ဆံရေးရှိနေဟုဆို

အရပ်ဘက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး လွှတ်တော်တွေထဲမှာတင်းမာတဲ့ဝန်းကျင် အငွေ့အသက်မျိုးမရှိဘဲ အဆင်ပြေသောဆက်ဆံရေးရှိတယ်လို့ လွှတ်တော်သတင်း ရင်းမြစ်တွေက ပြောပါတယ်။

News 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးလည်း ပိုမိုအားကောင်းလာ

ရွေးကောက်ပွဲလွန်ကာလ တစ်နှစ်ကျော်အကြာ ဒီမိုကရေစီစနစ်ကို အကောင် အထည်ဖော်ဆောင်နေသော အစိုးရသစ်၏ ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ် များမှာလည်း သိသာထင်ရှားသည့် ပြောင်းလဲမှုများအဖြစ် ပါဝင် လာကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများက တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ကြသည်။

News 

နိုင်ငံရေးဆိုတဲ့ဝေါဟာရကို မြန်မာလူငယ်များ ပိုမိုနားလည်စိတ်ဝင်စားလာ

နှစ်ပေါင်း၂၀ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ပါတီစုံရွေး ကောက်ပွဲကျင်းပအပြီး တစ်နှစ်ပြည့်ချိန်မှာ မြန်မာနိုင်ငံ လူငယ်ထုတွေရဲ့ 'နိုင်ငံရေး'ဆိုတဲ့အပေါ်မှာ စိတ်ဝင်စားမူတွေ၊ မြင့်တွေ့ပြောဆိုဆွေးနွေးမူတွေဟာ သိသိ သာသာ မြင့်တက်လာ တာကို တွေ့ရပါတယ်။

News 

တစ်နှစ်အတွင်း မီဒီယာလောက အပြောင်းအလဲ တချို့ရှိလာသော်လည်း . . .

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး အနှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပ သည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် မီဒီယာ လောက အတွင်း အပြောင်းအလဲ တစ်ချို့်ရှိလာသော်လည်း ဖြစ်သင့်သည့် အနေအထားမျိုးမဟုတ်သေးကြောင်း သတင်းလောကသား တစ်ချို့က ဆိုသည်။

News 

မန္တလေးက ဗေဒါ နိုင်ငံရေးသိပ္ပံ သင်တန်းကျောင်း

"ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာချက်ကိုရော အားလုံးပဲ ကြားဖူးကြပါသလား။ CEDAW ဆိုတာကိုရော သိကြလား"လို့ Convention on the Elimination of All Forms of Discrimination against Women ကို ရည်ညွန်းပြီးပြောလိုက်တဲ့ ဦးအောင်ကြည် ညွန့်ရဲ့အသံက သစ်သားနဲ့ဝါး ရောဆောက်ထားတဲ့ ခန်းမ နောက် ဘက်က အသေးစားအသံချဲ့စက်ကတဆင့် ထွက်ပေါ်လာပါတယ်။

News 

ဦးတင်မောင်သန်း (Senior Associate)
ဗဟုဖွံ့ဖြိုးမှုအဖွဲ့

 ယေဘုယျအားဖြင့်ပြောရရင်တော့ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တွေ့ဆုံဆွေးနွေးမှုက တိုးတက်မှု တစ်ခုပဲလို့ပြောရမှာပဲ။ အရင်တုန်း ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တွေ့ဆုံမှုတွေလုပ်ခဲ့ဖူးပေမယ့် ဒီတစ်ကြိမ်ကတော့ သူ့ရဲ့ထင်မြင်ချက်၊ ပြောကြားချက်တွေကြောင့် အရင် တွေ့ဆုံမှုတွေထက် ပိုအရေးကြီးတယ်ထင်တယ်။

ဒေါ်ချိုချိုကျော်ငြိမ်း
အတွင်းရေးမှူး ဒီမိုကရက်တစ်ပါတီ (မြန်မာ)

 နိုင်ငံရေးကတော့ ဒီတစ်နှစ်အတွင်းမှာ ထူးထူးဆန်းဆန်းအရမ်းပြောင်း သွားတယ်။ ဒါပေမယ့် ကောင်းတဲ့ ပြောင်းလဲခြင်းတွေရှိသလို မကောင်းတဲ့ ပြောင်းလဲခြင်းတွေလည်းရှိတယ်။ ရွေးကောက်ပွဲမှာ ကျွန်မက ခါးသီးတဲ့ အတွေ့အကြုံတွေကို ခံလိုက်ရတယ်။

ကျော်သူ
(သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်သုခကုသိုလ်ဖြစ်ဆေးခန်းတို့၏ ဥက္ကဌ)

 အရင်ထက်စာရင် လျင်လျင်မြန်မြန် နဲ့ အရေးပေါ် ကယ်ဆယ်ရေး ကိစ္စတွေကို လုပ်ဆောင်တာတွေ့ရတယ်။ ဥပမာ ပခုက္ကူ ရေဘေးပေါ့။ တိုးတက်မှုအနေနဲ့တော့ သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် ဒေါ် အောင်ဆန်းစုကြည်နဲ့တွေ့တယ်။ ဒါမျိုးက အရင်က မရှိဘူးလေ။

လူထု စိန်ဝင်း
(၀ါရင့်သတင်းစာဆရာ)

 သိသာတဲ့ အပြောင်းအလဲဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ်။ ဒါက အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲ။ နောက်တစ်ခါ ဧရာဝတီမြစ်ဆုံကိစ္စ၊ ပြည်သူလူထုရဲ့ ဆန္ဒကို အစိုးရက လိုက်လျောလာတယ်။ ဒါကလည်း အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲပေါ့။

News