Now! Fashion Forward

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

မုဒိတာ ပွားရပါသည်

အတွဲ ၂၇ ၊ အမှတ် ၅၃၉ ( ၁၄ - ၂၀ ၊ ၁၀ ၊ ၂၀၁၁)
မုဒိတာ ပွားရပါသည်

  ယနေ့သည် မြန်မာလူမျိုးတို့ အထွတ်အမြတ်ထားသည့် နေ့ထူးနေ့မြတ် သီတင်းကျွတ် လပြည့်နေ့ အခါသမယ ဖြစ်ပါသည်။

ထိုနေ့တွင် တာဝတိံသာနတ်ပြည်မှ မြတ်စွာဘုရားအရှင်သူမြတ်သည် လူ့ ပြည်သို့ ဆင်း သက်လာသည်ဖြစ်၍ မြန်မာတစ်ပြည်လုံး အိမ်တိုင်းစေ့ မီးရောင်စုံများ ထွန်ညှိလျက် ဗုဒ္ဓမြတ်စွာဘုရားအား မီးထွန်းပူဇော်ကြသည့် အခါသမယဖြစ်ပါသည်။

ထိုနေ့တွင် မြင်းမိုရ်မီးထွန်းပွဲ၊ အဘိဓမ္မာအခါတော်ပွဲသဘင်နှင့် မိဘဆရာ သက်ကြီး ပူဇော်ပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပနေချိန်လည်း ဖြစ်ပါသည်။

ထိုနေ့သည် အစိုးရရုံးဌာနများ ပိတ်ထားသဖြင့် ဘုရားကျောင်းကန်များ၌ ဥပုသ်သီတင်း သီလဆောက်တည်သူများနှင့် ပန်းခြံများ၌ လည်း မိသားစုဝင်များ ပျော်ရွှင်ချမ်းမြေ့စွာ အနားယူလျက် ရှိကြပါသည်။

အုပ်ထိန်းသူမိဘများက ၎င်းတို့၏ သားသမီးများအား အ၀တ်အစား သစ်သစ်လွင်လွင်များ ၀တ်ဆင်စေလျက် ပျော်ပွဲရွှင်ပွဲများသို့ သွားရောက်စေပါသည်။

ယခုနှစ် ယနေ့အခါ၌ ပို၍ထူးခြားမှုရှိသည်မှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျ ခံနေရသူ ၆,၃၅၉ ဦး အား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အမိန့်အရ ပြစ်ဒဏ်ကျခံရသူအကျဉ်းသားများ မိမိ နေရပ်၊ နေအိမ်၊ မိဘ၊ မိသားစုများထံသို့ ပြန်လည်ရောက်ရှိလာသောနေ့လည်း ဖြစ်ပါသည်။

ဝမ်းသာလွန်းသောကြောင့် ပီတိမျက်ရည်များ ပြည့်လျှံဝိုင်းလည်နေသည့် မျက်ဝန်း ပိုင်ရှင်များ၏ အပြုံးသည် မြင်တွေ့ရသူများအား ကြည်နူးပီတိ ဖြစ်စေပါသည်။

ဤသို့သော မင်္ဂလာအပေါင်းနှင့် ပြီးပြည့်စုံသည့် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ သီတင်းကျွတ်လပြည့်နေ့ ရက်မြတ်မဟာအား မြန်မာတိုင်း(မ်)မှ လှိုက်လှဲ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြု လိုက်ပါသည်။

မြန်မာတိုင်း(မ်)

အမျှော်...အပြုံး...အပျော်များနှင့်

 

သီတင်းကျွတ်လပြည့်နေ့တွင် ရန်ကုန်နှင့် မန္တလေး၌ တွေ့ခဲ့ရသည့် အကျဉ်းထောင် အသီးသီးမှ လွတ်လာသူများနှင့် ၎င်းတို့၏ ဆွေမျိုး မိတ်ဆွေများ၏ ပုံရိပ်လွှာအချို့ . . .။

မြန်မာတိုင်း(မ်) ဓာတ်ပုံသတင်းထောက်အဖွဲ့
ကောင်းထက်၊ ရတနာ၊ ဖြိုးဝေကျော်။