
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ရုရှားက အာဖဂန်နစ္စတန်နှင့် စီးပွားရေးတိုးလုပ်လို
တီအေ ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

ရုရှားသမ္မတ ဒီမီထရီမက်ဗီဒက်ဗ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
မော်စကို -အာဖဂန်နစ္စတန်နိုင်ငံမှ ရုရှားနောက်ဆုံးစစ်သား ထွက်သွား ပြီးနောက်နှစ် ၂၀အကြာမှာမော်စကိုသည် ထိုနိုင်ငံနှင့်စီးပွားရေးပြုလုပ် ရန်သံခင်းတမန်ခင်းကိစ္စများဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံ နီးနီးကပ်ကပ် ပြန်လည် ဆက်ဆံရန် မသိမသာ တွန်းအားပေး လျက်ရှိသည်။
ရုရှားသည်ဆိုဗီယက်ခေတ်က အာဖဂန်နစ္စတန်နိုင်ငံတွင် ဆောင်ရွက်ခဲ့ သည့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများကို ပြန်လည်ပြုလုပ်ခြင်း ဖြင့်စီးပွားရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်လိုသည်ဟုသမ္မတ ဒီမီ ထရီမက်ဗီဒက်ဗ်ကပြောသည်။ ဩဂုတ်လ ၁၈ရက်နေ့ကကျင်းပသည့် အာဖဂန်နစ္စတန်၊တာဂျစ်ကစ္စတန်နှင့် ပါကစ္စတန်ခေါင်းဆောင်တို့တက် ရောက်သည့် ထိပ်သီးအစည်းအဝေးတွင်ထိုသို့ပြောကြားသွားခြင်း ဖြစ် သည်။ ယခုဒုတိယ အကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ လွန်ခဲ့သည့် နှစ်က လည်း ရုရှားနိုင်ငံက စည်းရုံးပြီး အထက်ပါ လေးနိုင်ငံ ထိပ်သီး အစည်းအဝေး ကိုကျင်းပခဲ့သည်။
ရုရှားနိုင်ငံသည် လောလောဆယ် မှာလည်း အာဖဂန်နစ္စတန်နိုင်ငံတွင် လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်လုပ်ရန် ဆောင်ရွက်နေပြီဖြစ်သည်။
ဆိုဗီယက်လက်ထက်ကလုပ်ခဲ့သည့် လုပ်ငန်း ၁၄၀ ကို ပြင်ဆင်မွမ်းမံရန်လည်း စေ့စပ်ဆွေးနွေးနေသည်။ ထို လုပ်ငန်းများမှာ ရေအား လျှပ်စစ်စက်ရုံများ၊တာတမံများ၊ရေတွင်းများနှင့် ဆည်မြောင်းတာတမံများဖြစ်သည်။ လုပ်ငန်းတန်ဖိုးမှာအမေရိကန်ဒေါ်လာ တစ်ဘီလျံ ကျော်ရှိသည်။ ရုရှားရဟတ်ယာဉ်ကုမ္ပဏီ တစ်ခုဖြစ်သော ဗာတီကယ်-တီသည် နေတိုးနှင့် အာဖဂန်အစိုးရတို့နှင့် စာချုပ်ကာ အာဖဂန် နစ္စတန် တစ်နိုင်ငံလုံးတွင် အမ်အိုင်-၂၆ ရဟတ်ယာဉ်ကြီးများကို ပျံသန်းမည်ဖြစ်သည်။
ကရင်မလင်သည် အာရှတိုက် အလယ်ပိုင်းတွင် အစ္စလမ္မစ် အစွန်း ရောက်ဝါဒ တုံးသွားအောင် နည်းလမ်း ရှာနေသည်။ ထိုဝါဒသည် ရုရှားကို ခြိမ်းခြောက်လာနေပြီး အထူးသဖြင့် ကော့ကေးဆပ်ဒေသတွင် ဖြစ်သည်။ အာဖဂန်သတ္တုတွင်း တူးဖော်ရေး လုပ်ငန်းနှင့် စွမ်းအင်လုပ်ငန်းများတွင် လုပ်ငန်းများရရှိရန် ကြိုးပမ်းနေသည်။
ကရင်မလင် အာဖဂန်နစ္စတန်သို့ ပြန်လာရခြင်းမှာ အိုဘားမားအစိုးရ၏ ထောက်ခံမှုကြောင့်လည်း ဖြစ်သည်။ အိုဘားမားအစိုးရ၏ စစ်မဟာဗျူဟာအရ ရုရှားအပါအ၀င် အာဖဂန်အိမ်နီးချင်းနိုင်ငံများအား အာဖဂန်နစ္စတန်နိုင်ငံ တည်ငြိမ်ရေးအတွက် ၀ိုင်းဝန်းတာဝန် ယူကြရန်ဖြစ်သည်။ ရုရှားတပ်များ အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာစဉ်ကလည်း အမေရိကန်ပြည်ထောင်စုက ကူညီခဲ့သည်။
"ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေး ထူးထူးခြားခြား တိုးတက်လာနေတဲ့ အထောက်အထားတွေ ရှိတယ်" ဟု မစ္စတာမက်ဗီဒက်ဗ်က အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းကို အစည်းအဝေးပွဲတွင် ပြောကြားသည်။ ထိုထိပ်သီး အစည်းအဝေးကို မစ္စတာ မက်ဗီဒက် နွေရာသီ အနားယူသည့် ပင်လယ်နက် အပန်းဖြေစခန်းမြို့ဖြစ်သော ဆိုချီတွင်ကျင်းပသည်ဟု ရုရှားသတင်းစာဌာနများက ဖော်ပြသည်။ "ရုရှား ဟာ အာဖဂန်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးတိုးတက်ဖို့ ပြင်ဆင်ထားတယ်" ဟုလည်း ပြောသည်။
ကရင်မလင်သည် အာဖဂန်စစ်ပွဲ တွင် ရုရှားစစ်သား ၁၄,၀၀၀ အသက် ဆုံးရှုံးခဲ့ရ၍ သတိကြီးစွာဖြင့် ပြန်လည် ဆက်ဆံနေသည်။ အမေရိကန်ပြည် ထောင်စု ဗီယက်နမ်စစ်ပွဲတွင် ခါးသီး စွာ ကြုံခဲ့ရသည့်အဖြစ်မျိုး ဖြစ်သည်။
မစ္စတာမက်ဗီဒက်ဗ်သည် မိမိအိမ်ရှင်အဖြစ်လက်ခံကျင်းပသောအစည်းအဝေးတွင်ဝယ်သူအခန်းကဏ္ဍထက်ရောင်းသူ အခန်းကဏ္ဍက အမှန်တကယ်လှုပ်ရှားသွားသည်။ ရုရှား စီးပွားရေးသည် ရေနံနှင့် အခြားကုန် ပစ္စည်းဈေးနှုန်းကျမှုကြောင့် ယမန်နှစ်က ရှစ်ရာခိုင်နှုန်း ဈေးကျခဲ့သည်။ ယခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း လေးရာခိုင်နှုန်း ရှိလိမ့်မည်ဟု မျှော်မှန်း ထားသည်။
အမေရိကန် ဘူမိဗေဒပညာရှင်များ၏ လေ့လာချက်အရ အာဖဂန်နစ္စတန်တွင် စီးပွားဖြစ် ထုတ်လုပ်နိုင်သော ဓာတ်သတ္တုများ ရှိသည်။ ဓာတ်သတ္တု ရှာဖွေရန် စုပြုံဝင်လာကြပြီဖြစ်သည်။ ဥပမာ- တရုတ်သတ္တုလုပ်ငန်းအုပ်စုက ကဘူးလ်မြို့တောင်ဘက် ကြေးနီမိုင်း တွင် ကြေးနီရှာဖွေရန်အတွက် ဒေါ်လာ သုံးဘီလျံ ရင်းနှီးမြှုပ်နှံရန် သဘောတူ ထားပြီဖြစ်သည်။
ဗုဒ္ဓဟူးနေ့ကကျင်းပသည့် ထိပ်သီးအစည်းအဝေး ၏အလွတ်သဘော ဆွေးနွေးပွဲတွင် ရုရှားနိုင်ငံခြားရေး ၀န်ကြီးဆာဂီလက် ဗရော့က အာဖဂန် အာဏာပိုင်များ သည် ရုရှားတို့ကို အာဖဂန်နိုင်ငံကို ဖြတ်၍ လျှပ်စစ် ၀ိုင်ယာကြိုးများ သွယ်တန်းပေးရန် ဖိတ်ခေါ်ထားသည်။ အာဖဂန် နစ္စတန် နိုင်ငံမှအလျှံအပယ် ထွက်ရှိနေသော ရေအားလျှပ်စစ် ဓာတ်များကို တာဂျစ်ကစ္စတန်နှင့် ပါကစ္စတန်နိုင်ငံ သို့ ဖြန့်ဝေ နိုင်မည် ဖြစ်သည်။ အင်တာဖက် သတင်းဌာနမှ ထုတ်ပြန်သည့် သတင်းတွင်မစ္စတာ လက်ဗရော့က ဤအယူအဆအတွေး အခေါ် သည်စာရွက်ပေါ်မှာပဲရှိသေးကြောင်း၊ ရုရှားကလည်းဆောင်ရွက်ဖို့ စိတ်ဝင်စားနေကြောင်း၊ ၁၀စုနှစ်ပေါင်းများစွာစစ်ပွဲများနှင့် ကြုံတွေ့ နေရသည့်အခက်အခဲတွေ့နေသော အစိုးရနှင့် အာဖဂန်နစ္စတန်နိုင်ငံကို လျှပ်စစ်စနစ် ကူညီရေးကိစ္စသည် အရေးကြီးသည် မှန်သော် လည်း ပိုခန့်မှန်းရခက်ကြောင်း လည်း ပြောကြားသည်။
အစည်းအဝေးတွင် သမ္မတလေးဦးသည် အာရှအလယ်ပိုင်း၏ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေး၊ သတ္တုတူးဖော်ရေး ကိစ္စများတွင် ပူးတွဲစီမံကိန်းများပြုလုပ်ရန် ဆွေးနွေးခဲ့ကြသည်ဟုလည်း လက်ဗရော့က ပြောသည်။ ယခုလောလောဆယ်တွင် လုံခြုံရေး အခြေအနေအရ အရင်းအနှီးများသည့် သတ္တုတူးဖော်ရေးလုပ်ငန်းကို သိပ်မလုပ်နိုင်ကြသေးပေ။ မစ္စတာ မက်ဗီဒက်ဗ်သည် ရေဘေးဒုက္ခ အကြီးအကျယ် ခံနေရသော ပါကစ္စတန်နိုင်ငံ၏ သမ္မတ အဆစ်အလီဇာဒါရီအား ကူညီမည်ဟု ပြောကြားခဲ့သည်။ အမှန် တကယ် သူပြောကြားချင်သည့်သူက အာဖဂန်သမ္မတကို ဖြစ်သည်။
ရုရှားအာဏာပိုင်များသည် တာလီဘန်သောင်းကျန်းသူများကို နှိမ်နင်းရန်အတွက် အာဖဂန်အစိုးရကို ရဟတ်ယာဉ်များနှင့် လက်နက် ငယ်များ ထောက်ပံ့မည်ဟုထပ်မံပြောဆိုသည်။ ဘိန်းကုန်ကူးမှုကိစ္စကို ကောင်းစွာထိန်းချုပ်နိုင်ရန်အတွက်လည်း ဖြစ်ချင်ဖြစ်မည်။ ရုရှားတို့ကရဟတ်ယာဉ်အစင်း ၂၀ ပေးရန် ကမ်းလှမ်းထားသည်။ နေတိုးအဖွဲ့ကိုကား ထိုသို့ရောင်းချနိုင်ရန်အတွက် ငွေကြေးအကူ အညီပေးရန် ပြောကြားထားသည်။
ကရင်မလင်သည် အာဖဂန်နစ္စတန်နိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုနှင့်ပတ်သက်သည့် အမေရိကန်က သည်းခံနေမှုကို မကြာမီက ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့သေးသည်။ဘာကြောင့်ဆိုသော် အာဖဂန်နိုင်ငံထွက်ဘိန်းများသည်ရုရှားနိုင်ငံထဲသို့ရောက်လာပြီးရုရှားတွင် ဘိန်းဖြူစွဲ သူဦးရေတိုးလာနေသော ကြောင့်ဖြစ်သည်။