Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဒုံးကျည်တင်ရေယာဉ်နှစ်မျိုး အီရန် တည်ဆောက်နေပြီ

(အေအက်ဖ်ပီ)
သောင်းညွန့် ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

တေရန် - ဒုံးကျည်ပစ်လွှတ်နိုင်သော အမြန်မောင်း နိုင်သည့် တိုက်ခိုက်ရေး သင်္ဘောငယ်နှစ်မျိုးကို အမြောက်အမြား ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း အီရန်အစိုးရ က ဩဂုတ်လ ၂၃ ရက်နေ့က ပြောကြားခဲ့သည်။ ဤတိုက် သင်္ဘောငယ်များကို ယင်းနိုင်ငံ၏ ကမ်းရိုးတန်း တစ်လျှောက်နှင့် အရေးပါလှသော သင်္ဘောလမ်းကြောင်းဖြစ်သည့်ဟော်မုဇ်ရေလက်ကြားတစ်လျှောက်ဖြန့်ကြက်ထားမည်ဖြစ်သည်။

ဆီရာ့ဂ်ျနှင့် ဇိုလ်ဖာကာ အမြန် မောင်းတိုက်ခိုက်ရေးရေယာဉ်ငယ်များ အတွက် စက်တပ်ဆင်ရေးလမ်းကြောင်း များဖွင့်လှစ်ခြင်းမပြုမီ တစ်ရက်အလိုကလည်း သမ္မတ မာမွတ် အာမာဒီနီဂျက်သည် အီရန်နိုင်ငံလုပ်မောင်းသူမဲ့ဗုံးကြဲလေယာဉ်သစ်ကို ထုတ်၍ပြသခဲ့သည်။

ဤ အမြန်မောင်း တိုက်ရေ ယာဉ်ငယ် နှစ်စင်းအား ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ရေကြောင်းလုပ်ငန်း ဌာနမှ ထုတ်လုပ် မည်ဖြစ်ကြောင်း နိုင်ငံ ပိုင် သတင်းဌာန IRNA က ပြောသည်။

ဤတိုက်ရေယာဉ်ငယ်တို့သည်အီရန်၏ ကာကွယ်ရေးတပ်ဖွဲ့များအားပိုမိုအားကောင်း လာစေမည်ဖြစ်ကြောင်း စက်တပ်ဆင်ရေးလမ်း ကြောင်းကို ဖွင့်လှစ်ရာတွင်ကာကွယ်ရေးဝန်ကြီး အာမက်ဗာဟီဒီက ပြောသည်။

ယနေ့အီရန်နိုင်ငံသည် အလွန်အားကောင်းသည့် ကာကွယ်ရေးလုပ်ငန်း၊ တော်လှန်ရေး အစောင့်တပ်ဖွဲ့နှင့် စစ်တပ်ကို အားကိုးလျက် ပါရှန်ပင်လယ်ကွေ့ အိုမန်ပင်လယ်နှင့် ဟော်မုဇ်ရေလက် ကြားတို့အတွက် လုံခြုံရေးကိုပေးနိုင်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။ ဇိုလ်ဖာကာ အမည်ရှိ မျိုးဆက်သစ် ဒုံးကျည်ပစ်လွှတ်နိုင်သည့် တိုက်ရေယာဉ်ငယ်သည် ကင်းလှည့်တာဝန်အပြင် စစ်ဆင် ရေးအတွက်အသုံးပြုနိုင်သည်။ဒုံးကျည်ပစ်စင်နှစ်ခု၊ စက်သေနတ်နှစ်လက်နှင့် ဒုံးကျည်များထိန်းချုပ်ရန် ကွန်ပျူတာစနစ်ပါရှိ ကြောင်း IRNA က ပြောသည်။

နောက်တစ်စင်းအား ဆီရာ့ဂ်ျဟု အမည်ပေးထားပြီး အပူပိုင်း ရာသီဥတု နှင့်ကိုက်ညီရန်တီထွင်ထားပြီး ကက်စပီ ယံပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့ တို့၌ အသုံးပြုရန်ဖြစ်ပြီး ခေတ်မီသည့် နည်းပညာများသုံးထားကြောင်း ကာကွယ် ရေးဝန်ကြီးကပြောသည်။

ကာရာဟုအမည်ပေးထားသည့် မောင်းသူမဲ့ဗုံးကြဲလေယာဉ်သည် ကရုဇ်ဒုံးကျည်ခုသယ်ဆောင်နိုင်သည့်အပြင်ပေါင် ၂၅၀ အလေးချိန် ရှိ ဗုံးနှစ်လုံး၊ သို့မဟုတ် ပေါင် ၅၀၀ အလေးချိန်ရှိ ချိန်ကိုက်ဒုံးကျည် ပါရှိမည်ဖြစ်သည်။

စစ်ဘက် လက်နက်ပစ္စည်းဆိုင်ရာ ရက်သတ္တပတ်အဖြစ် ဩဂုတ်လ ၂၀ ရက်က ကီအမ်အမည်ရှိမြေပြင်မှမြေပြင်သို့ ပစ်လွှတ်နိုင်သည့် ဒုံးကျည်ကို ပစ် လွှတ်ခဲ့ပြီး လာမည့်ရက်များအတွင်း တွင်လည်း ကြေညာချက်များထုတ်ပြန် လိမ့်မည်ဟု မျှော်လင့်ထားကြသည်။

အီရန်သမ္မတနိုင်ငံသည် တတိယမျိုးဆက်ဖာတာ(အောင်နိုင်သူ)၁၀၀ ဒုံးကျည်ကိုလည်းစမ်းသပ်ပစ်လွှတ်မည်ဟု မျှော်မှန်းထားသည်။ ကီလိုမီတာ ၁၅၀ မှ ၂၀၀ (မိုင် ၉၀ မှ ၁၂၅) အကွာ အဝေးအတွင်းပစ်ခတ်နိုင်သည့် အဆိုပါ ဒုံးကျည်များကို ထုတ်ဖော်ပြသခဲ့သည်။

အီရန်နိုင်ငံသည်များမကြာသေးမီကပင် ပြည်တွင်း၌တည်ဆောက်သော ဂါဒီယားရေငုပ်သင်္ဘောအငယ်စား လေးစင်းကိုပေးပို့ခဲ့သည်။ ထိုသင်္ဘောငယ်များမှာ ပင်လယ်ကွေ့ကဲ့သို့သော ရေတိမ်ပိုင်းတွင်မောင်းနှင်၍ စစ်ရေးတာဝန်များထမ်းဆောင်နိုင်ရန်စီစဉ်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။