Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီကို ဒေါ်လာ ၄၂ သန်း ဒဏ်ငွေရိုက်

(အေအက်ဖ်ပီ)
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

ဝါရှင်တန် - ယခင်က Blackwater Worldwide ဟုခေါ်သော ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခုသည် အမေရိကန်ပြည်ပပို့ကုန်လုပ်ထုံး လုပ်နည်း ကို ချိုးဖောက် ၍ ဒေါ်လာ ၄၂ သန်း ဒဏ်ငွေပေးဆောင်ရန် သဘောတူညီခဲ့သည် ဟု နယူးယော့ခ် တိုင်း(မ်) သတင်းစာက သောကြာနေ့ညနေကဖော်ပြခဲ့သည်။ယင်း Blackwater ကုမ္ပဏီသည် Xeဟု နာမည်ပြောင်းခဲ့ပြီး စက်တင်ဘာလ ၂၀၀၇တွင် ဘဂ္ဂဒက် ၌ ယာဉ်စုတစ်စုအား စောင့်ရှောက်လိုက်ပါစဉ် သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ အရပ်သား ၁၇ ဦးသေဆုံးခဲ့ရသောကြောင့် အီရတ်တွင် နာမည် ဆိုးဖြင့် ကျော်ကြား နေသော လုံခြုံရေးကုမ္ပဏီ တစ်ခုဖြစ်သည်။ ယခု ဒဏ်ငွေရိုက်ခံရမှုမှာ အာဖဂန် နစ္စတန်သို့ လက်နက် တရားမ၀င် တင်ပို့မှုနှင့် ထိုင်ဝမ်ရဲအရာရှိများအား လက်ဖြောင့်သေနတ်ပစ် သင်တန်းပေးမှုများဖြင့် ဒဏ်ငွေတပ်ခံရခြင်းဖြစ်သည်။