
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ရှာဖွေနေသော မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်မိ
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
ဘိုဂိုတာ - အမေရိကန်နိုင်ငံ ၌ မူးယစ်ဆေး မှောင်ခိုမှု၊ ဗင်နီဇွဲလားနှင့် ကိုလံဘီယာ ၌ လူသတ်မှု တို့ဖြင့် အလိုရှိနေသော ဗင်နီဇွဲလား လူမျိုး မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင်ကို ဗင်နီဇွဲလားနယ်စပ်အနီး ကူကူတာမြို့၌ ဩဂုတ်လ ၂၀ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ကိုလံ ဘီယာထိပ်တန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းအသက် ၄၇ နှစ် အရွယ်ရှိ ၀ါလစ်မာကယ်ကို အိမ်ဖြူတော်၏ တိုက်ရိုက် တောင်းဆိုမှုဖြင့် အမေရိကန် သို့ လွှဲပြောင်းပေးအပ်ရန် ရာဇ၀တ် သားများစာရင်းတွင် ပါဝင်သည်ဟု ရဲချုပ်အော်စတာနာရန်ဂျိုက ပြောကြားသည်။
မာကယ်သည်အမေရိကန်နှင့် ဥရောပသို့ လစဉ်ကိုကင်း ၁၀ တန်ခန့် တင်သွင်းနေသော ကိုလံဘီယာအခြေစိုက် မူးယစ်မှောင်ခိုဂိုဏ်း ၏ အဖွဲ့သား တစ်ဦးဖြစ်ကြောင်း ၎င်းက ဆိုသည်။
၎င်းကိုကိုလံဘီယာနိုင်ငံတွင်၎င်း၏ ပြိုင်ဘက် မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင် ၀ီဘာဗာရီလာအား အရှေ့တောင်ပိုင်း မီရီဒါပြည်နယ် တွင် သတ်ဖြတ်မှုဖြင့် ၂၀၀၈ ခုနှစ်တွင် တရားစွဲဆို ခံထားရသည်။ ဗင်နီဇွဲလား နိုင်ငံတွင် လည်း သတင်းစာသမား တစ်ဦးနှင့် တိရစ္ဆာန် ဆေးကုဆရာဝန်တစ်ဦးကို သတ်ဖြတ်မှုဖြင့်တရားစွဲဆိုခံထားရကြောင်း ဗင်နီဇွဲလား ရှေ့နေချုပ်ရုံးကသောကြာနေ့က ပြောကြားသည်။ ၎င်းအား ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လည်လွှဲအပ်ရန်လည်း ကာရာကပ်စ်တရားရုံးမှတစ်ဆင့်တောင်းဆိုထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
၂၀၀၈ ခုနှစ်တွင် ဗင်နီဇွဲလားရဲများက မြောက်ပိုင်းရှိ ကာရာဘိုဘိုပြည်နယ်ရှိ မာကယ်၏ခြံဝင်းထဲ၌ ကိုကင်းကီလိုဂရမ် ၄၀၀ ကိုတွေ့ရှိ ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗင်နီဇွဲလားအာဏာပိုင်များက မာကယ်၏ မိသားစုပိုင်ဆိုင်သော အဲရိုပိုစတယ်လေကြောင်းလိုင်းနှင့်အခြားပိုင်ဆိုင်မှုပစ္စည်းများ ကို ၂၀၀၈ ခုနှစ်တွင် သိမ်းဆည်းမိခဲ့ကြောင်းလည်း သိရသည်။