Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

အတိတ်ကအမှားကြောင့် အီရတ်ခေါင်းဆောင်တို့ စိုးရိမ်နေရ

(နယူးယော့ခ်တိုင်းမ်)
သန်းအောင် ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
News Pic
အီရတ်ဝန်ကြီးချုပ် နျူရီ အယ်လ် မာလီကီ။ ဓာတ်ပုံ-အေအက်ဖ်ပီ

အီရတ် နိုင်ငံက ထိပ်တန်း နိုင်ငံရေး သမားတွေဟာ အမေရိကန် တို့ရဲ့ ကျူးကျော်ဝင်ရောက်လာမှုကြောင့် အားရှိလာကြပြီးနိုင်ငံရဲ့အနာဂတ် ကိုလည်း ယုံကြည်ခဲ့ကြတယ်။ အခုတော့ တိုင်းပြည် အနာဂတ်နဲ့ ပတ် သက်လို့ သူတို့ကိုယ်တိုင် ဝေဖန်ပြောကြားလာကြပြီ။ အမေရိကန် စစ် တပ်ထွက်သွား ပြီးတဲ့နောက် တိုင်းပြည်မှာ အကျပ်အတည်းတွေ ထပ် ဖြစ်လာမှာ၊ ပဋိပက္ခတွေ ထပ်ဖြစ်လာမှာ၊ အာဏာသိမ်းပွဲတွေ ဖြစ်လာ မှာကို စိုးရိမ်လာကြတယ်။

"ကျွန်တော်တို့နိုင်ငံကို ဦးဆောင်ခဲ့တဲ့နည်းလမ်းဟာ ကျွန်တော်တို့ရှက် ဖို့ကောင်းတယ်" လို့ ယခင်ပြည်ပြေးနဲ့ အီရတ်နိုင်ငံမှ ထင်ရှားတဲ့ နိုင်ငံ ရေးသမားတွေအနက်တစ်ဦးဖြစ်သူ ဒုတိယသမ္မတအဒယ်အဗ္ဗဒူမာဒီက ပြောပါတယ်။

မစ္စတာ အဗ္ဗဒူမာဒီပြောကြားသလို အတိုက်အခံပြည်ပြေး နိုင်ငံရေးသမား တွေကလည်း ပြောကြတယ်။ ၂၀၀၃ ခုနှစ် အမေရိကန်တပ် တွေ အီရတ်နိုင်ငံ ထဲ ၀င်ရောက်လာပြီးနောက် တိုင်းပြည် ရဲ့ အနာဂတ်ဟာလည်းကောင်းလာ လိမ့်မယ်လို့ သူတို့တွက်ထားကြတယ်။ ဒါပေမယ့် သူတို့ထင်သလို ဖြစ်မလာခဲ့ဘူး။ အခုပဲကြည့်ပါ။ ရွေးကောက်ပွဲ ကျင်းပခဲ့တာ ငါးလကြာခဲ့ပြီ။ အစိုးရ အဖွဲ့သစ် မဖွဲ့နိုင်သေး ဘူး။

ဘာတွေဖြစ်လာဦးမလဲဆိုတာ ခန့် မှန်းလို့မရဘူး။ ပိုမိုဆိုးရွားတဲ့ အန္တရာယ် တွေ မကျရောက်လာအောင် အမေရိကန်အာဏာပိုင်တွေ က အာဏာခွဲဝေ ယူကြဖို့ မျှော်လင့် ထားကြတယ်။ ဒါပေ မယ့် စေ့စပ် ဆွေးနွေးပွဲတွေဟာ အခု ရက်သတ္တပတ် (ဩဂုတ်လ တတိယ ပတ်)အတွင်းမှာပဲ ပျက်ပြားသွားတယ်။ ဒီလိုအခြေအနေမျိုးကိုလည်း သူတို့ စိုးရိမ်ကြတယ်။ "ကျွန်တော့အမြင်တော့ လူထုဟာ သူတို့ ရဲ့နိုင်ငံရေးသမား တွေကို သည်းမခံနိုင်ကြတော့ဘူး"လို့အီရတ်မှ ပြန်လည်ထွက်ခွာသွားတော့မယ့် အမေရိကန်သံအမတ် ခရစ္စတိုဖာ ဟီးလ်က ပြောပါတယ်။ သူတို့အမိနိုင်ငံ သို့ မပြန်မီ စေ့စပ်ဆွေးနွေးပွဲ အောင် မြင်အောင် သူ ကြိုးပမ်းခဲ့ပါသေးတယ်။

အီရတ်နိုင်ငံမှာ ၁၉၅၈ ခုနှစ်၊ ဘုရင် စနစ်ကို ဖြုတ်ချပြီးကတည်းက အာဏာ သိမ်းမှုလေးကြိမ်ဖြစ်ပွားခဲ့တာကို အမှတ် ရနေတဲ့အီရတ် နိုင်ငံသားတွေက အီရတ်တပ်ဖွဲ့မှာ အန္တရာယ်များတဲ့ သူတွေနဲ့ ဖွဲ့စည်းထားလို့ ရေရှည်မှာ အရှေ့ အလယ်ပိုင်းဒေသတစ်ခုလုံးကို အန္တရာယ် ဖြစ်စေနိုင်တယ်။ အီရတ်နိုင်ငံရဲ့ကနေ့ အခြေအနေဟာ ခန့်မှန်းလို့မရဘူး။ စစ်တပ်ကလည်း ပြိုကွဲနေတယ်။ လူထု မကျေ နပ်မှုကလည်း တိုးပွားနေတယ်။ နိုင်ငံရေး လူတန်းစားကလည်း အထီးကျန် ဖြစ်လာတယ်။ ပဲ့မရှိတော့တဲ့ လှေသင်္ဘောလို အကူအညီ မဲ့ဖြစ်နေတယ်။

အဆုံးတစ်နေ့မှာတော့ အာဏာပိုင် တွေ မျှော်လင့်ထားသလို အစိုးရဖွဲ့ဖို့ သဘောတူညီချက်တစ်မျိုးရလိမ့်မယ်။ ဒါပေမယ့် အဲဒီအစိုးရ အဖွဲ့ဟာ အားနည်းမယ်။ သူတို့ပြဿနာတွေတောင် သူတို့မဖြေရှင်းနိုင်ဖြစ်လိမ့်မယ်။ အမေ ရိကန်ခေတ်လွန် အီရတ်နိုင်ငံအတွက် လို အပ်တဲ့ဥပဒေတွေကိုလည်း ပြဋ္ဌာန်း နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အမေရိ ကန်တို့ ကူညီရွေးချယ်ပေးတဲ့ ပုဂ္ဂိုလ်တွေ ကတော့ အမေရိ ကန်တို့ရဲ့ အမွေအနှစ် အီရတ်မှာ ထာဝရကျန်ရစ်အောင် လုပ်ဆောင်ပေးကြလိမ့်မယ်။ အမေရိ ကန်တပ်တွေ ၂၀၁၂ ခုနှစ်မှာ အီရတ်မှ ထွက်ခွာပြီးတဲ့နောက်မှာ အီရတ်နိုင်ငံရေးနဲ့ ပတ်သက်ပြီး မေးစရာတွေ အများကြီးရှိလာလိမ့်မယ်။

"ကျွန်တော်ထင်တယ်၊ မေးသင့် မေး ထိုက်တဲ့ မေးခွန်းတစ်ခုက အစိုးရအဖွဲ့ အောက်မှာ စုစည်းမယ့် လူထုနိုင်ငံရေး စနစ်ဟာ အီရတ် မှာအလုပ်ဖြစ်ပါ့မလား ဆိုတဲ့ မေးခွန်းပဲ"လို့ မစ္စတာဟီးလ် အရင် အီရတ်မှာ အမေရိကန်သံအမတ်လုပ်ခဲ့သူ ရိုင်ယင်ခရော့ကာကပြော တယ်။"ကျွန်တော့မှာတာ့အဖြေမရှိဘူး။ ဒါပေမယ့် ဒါကတော့ ဖြေရှင်းရမယ့် မေးခွန်းတစ်ခုပဲ"လို့လည်း ဆိုတယ်။

၂၀၀၃ ခုနှစ် အီရတ်နိုင်ငံကိုသိမ်းပိုက်ခဲ့ပြီးခါစ ရက်တွေကချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေက အီရတ်နိုင်ငံကို အတိုင်းအတာတစ်ခုအထိ တစ္ဆေခြောက်လျက် ရှိနေတယ်။ ထိုစဉ်က အောင်ပွဲတွေကိုပဲ မြင်နေရတယ်မဟုတ် ပါလား။ ကနေ့လိုအခြေအနေမျိုး ဖြစ် လာမယ်လို့ ဘယ်သူထင်မှာလဲ။

အီရတ် စစ်တပ်ကြီးကို ဖျက်သိမ်းခဲ့တဲ့ ကိစ္စ၊ ဆက်ဒမ် ဟူစိန်ရဲ့ ဘာ့သ်ပါတီ အဖွဲ့ဝင်တွေကို ဖြုတ်ပစ်ခဲ့တဲ့ကိစ္စ၊ အီရတ်မှာ ကြားဖြတ် အစိုးရအဖွဲ့တစ်ဖွဲ့ မဖွဲ့စည်းပေးဘဲ အီရတ်နိုင်ငံကို သိမ်းပိုက် ဖို့ ဆုံးဖြတ်ခဲ့တဲ့ ကိစ္စတွေကို အီရတ်နိုင်ငံ မှာ ယခုတိုင် အချေအတင် ပြောဆိုနေ ကြတုန်းပဲ။ အဆိုးဆုံးကတော့ ဆက်ဒမ် ဟူစိန်မရှိတော့တဲ့နောက် ဟာသွားတဲ့ နိုင်ငံရေးကွက်လပ်ကို ဆက်ဒမ်ဟူစိန် နှိပ် ကွပ်ခဲ့တဲ့ ပြည်ပရောက်အတိုက်အခံ သမားတွေနဲ့ ကာ့ဒ်ပါတီတွေ ၂၀၀၃ ခုနှစ်ကတည်းက အာဏာရခဲ့တဲ့ကိစ္စပဲ ဖြစ်တယ်။

အောက်ခြေမှနိုင်ငံရေးသမားတွေပေါ်ထွက်လာမယ်လို့ မျှော်လင့်ထားသော်လည်း နာမည်ကျော် ဘာသာရေးဆရာကြီးတစ်ဦးဖြစ်တဲ့ မော့တာဒါ အယ်လ်ဆဒါရဲ့ နောက်လိုက် တွေသာ ပေါ်ထွက်လာတယ်။ ၀န်ကြီးချုပ် နူရီ ကမာလ် အယ်လ်မာလီကီက လွဲရင် ၂၀၀၃ ခုနှစ်ကလူတွေပဲ ပြန်ပါလာ တယ်။သူတို့တွေက ၀န်ကြီးချုပ်ဟောင်း နှစ်ဦးဖြစ်တဲ့ အယက်အာလာဝီနဲ့ အီဘရာဟင်အယ်လ်ဂျာဖာရီ၊ အမေရိကန် မဟာမိတ် တစ်ဦးဖြစ်ပြီး ယခုအခါ ဝေဖန်သူတစ်ဦးဖြစ်လာတဲ့ အာမက်ချာ လာဘီ၊ မစ္စတာ အဗ္ဗဒယ်မာဒီ၊ ကာ့ဒ် ခေါင်း ဆောင်တွေ၊ ထင်ရှားတဲ့ ရှီးယား ဘာသာရေးမိသားစုဖြစ်တဲ့ ဟာကင်း မျိုးဆက်နှစ်ဆက်မှ လူတွေပဲ အာဏာရခဲ့တယ်။

အမေရိကန်တို့ရဲ့လုပ်ရပ်ကို အပြစ် တင်ရမလားဆိုတဲ့ အမေးကို မစ္စတာ ခရော့ကာက "ကျွန်တော်ကတော့ အဲဒီလိုမထင်ဘူး။ ခင်ဗျား အခုလိုမေးခွန်း မျိုး မေးနိုင်တယ်။ ဒီသွေးထွက်သံယိုမှု တစ်ခုလုံးဟာ အမှားတစ်ခုလားဆိုတဲ့ မေးခွန်းမျိုးပေါ့။ အဲဒီကိစ္စမှာ ကျွန်တော် သိပ်အချိန်မဖြုန်းဘူး။ ဒါပေမယ့် သူတို့ မဟုတ်ဘူးဆိုရင်၊ ဒါဖြင့် ဘယ်သူ့အမှားလဲ" လို့ ပြောတယ်။

"နိုင်ငံရေးသမားတော်တော်များများ ဟာ ကျွန်တော် သိသလောက် နိုင်ငံတော် ကို ကြိုးစားပြီး တည်ဆောက်ရမှာထက် အတိုက်အခံ ဘ၀မှာပဲရှိနေကြတယ်"လို့လည်း မစ္စတာအဗ္ဗဒယ်မာဒီကပြောတယ်။ "ကျွန်တော့ကိုယ် ကျွန်တော်လည်းချန်မထားပါဘူး။ ကျွန်တော် လည်း အဲဒီအထဲမှာပါဝင်တယ်"လို့ လည်း ပြောပါတယ်။

တခြား ရှေ့ဆောင်နိုင်ငံရေးသမား တစ်ဦးကလည်း သူ့အပေါင်းအသင်းတွေ ဟာ ထိရောက်မှုမရှိဘူး၊ အာဏာကိုပဲ ငမ်းငမ်းတက်ဖြစ် နေတယ်။ နယ်ခြား ဒေသက သူခိုးတွေလိုပဲ လောဘကြီးတယ်။ သူတို့ဟာ အရေးမကြီးတဲ့ကိစ္စ ကို အရေးကြီးတဲ့ကိစ္စအပေါ် တင်ကြ တယ်။နည်းဗျူဟာပြဿနာကိုမဟာဗျူဟာကိစ္စပေါ်တင်ကြတယ်လို့ ဝေဖန်တယ်။ သူကသူ့နာမည်မဖော်ပြချင်တဲ့သူတစ်ဦးဖြစ်တယ်။

"ဒီလူတွေပဲလာကြတယ်၊ သွားကြတယ်။ တစ်စုံတစ်ယောက် သေပြီဆိုရင် သူတို့မရှိကြတော့ဘူး။ ဒီမှာ ဒီလိုပဲဖြစ် နေတယ်"လို့လည်း ၂၀၀၃ ခုနှစ် ကတည်းက အမေရိကန်ခန့်အပ်တဲ့ အစိုးရကောင်စီမှာအမှုထမ်းခဲ့တဲ့ ကာ့ဒ်လွှတ်တော်အမတ် မာမွတ်အော့မန်းက ပြော ပါတယ်။

သူပြော နေစဉ်မှာပဲ သူ့အိမ်က မီးစက် ရပ်သွားတယ်။ ဘဂ္ဂဒက်နွေရာသီ အပူ ရှိန်ကို ခံစားရပါတော့တယ်။ ကျန်တဲ့ ဘဂ္ဂဒက်မြို့သား တွေလိုပဲ သူ ခံစားရ တော့တယ်။ ဘဂ္ဂဒက်မြို့မှာ လျှပ်စစ်မီး ကလည်း နာရီ အနည်းငယ် လောက်ပဲ လာတယ်။ ရေကလည်း တစ်ခါ တလေ မသန့်ဘူး။ အမှိုက်တွေလည်း လမ်းမ တွေပေါ်မှာ ပုံနေတာပဲ။ အခြေခံ အဆောက်အအုံတစ်ခုလုံး ပျက်စီးသွား ပြီဖြစ်တယ်။

အီရတ်နိုင်ငံဟာ ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချပြီးနောက် သူ့ပြည်တွင်းရေး ပြဿနာတွေနဲ့ လုံးလည်ချာလည်လိုက်သွားပြီး တိုးတက်မှုရပ် တန့်သွားတယ်။အီဂျစ်နဲ့ ဆီးရီးယားကတော့ အဲဒီလိုအမှားမျိုးမလုပ်ခဲ့ဘူး။ နိုင်ငံရေးသမား တချို့နဲ့ ဝေဖန်ဆန်းစစ်သူတချို့က အီရတ် နိုင်ငံရေးသမားတွေဟာ မဖြစ် နိုင်တဲ့ တာဝန်တွေနဲ့ ကြုံတွေ့နေရ တယ်။ ဆက်ဒမ်ဟူစိန် လက်ထက်က တည်းက အဂတိလိုက်စားပြီး ပျက်စီး နေတဲ့ အီရတ်နိုင်ငံမှာ စစ်အောင်နိုင်မှု ဟာလည်း နိုင်ငံရေးကြောင့် ပျက်စီး သွားရပြီဖြစ်တယ်။

အီရတ်ရဲ့ အိမ်နီးချင်း တွေဖြစ်တဲ့ အထူးသဖြင့် တူရကီနဲ့ အီရန်တို့ အကူအညီမရဘူး။ နိုင်ငံရေး ကစားနေကြ တယ်။ အီရတ်နိုင်ငံမှာ သောင်မတင်ရေမကျဖြစ်နေတဲ့အခြေအနေ ပြေလည်သွားအောင် အမေရိကန်အာဏာပိုင်တွေက အာဏာခွဲဝေယူရေးကို ဆောင်ရွက် ပေးနေပါတယ်။ မစ္စတာမာလီကီ ကို ၀န်ကြီးချုပ်အဖြစ်၊ မစ္စတာ အာလာဝီကို လုံခြုံရေးတာဝန်ခံအဖြစ် တာဝန်ပေးရန် ဖြစ်တယ်။ ဒါပေမယ့် အီရတ် အရာရှိတွေက မစ္စတာအာလာဝီကို ကန့်ကွက်ကြတယ်။ မစ္စတာ မာလီကီ ကို တပ်ခ်တွေက အချိန်ဆွဲနေတယ်။ ဆီးရီးယား၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျနဲ့ ပါရှန်ပင်လယ်ကွေ့က တခြားအာရပ်နိုင်ငံ တွေဟာ တစ်ခုခုပြောချင်နေကြတယ်။

"အီရတ်နိုင်ငံမှာ ဒီလို နိုင်ငံတွေကို ဩဇာတိက္ကမအများကြီးပေးထားလို့နိုင်ငံရေးသမားဖြစ်တဲ့ ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့ အပြစ် တင်သင့်တယ်" လို့ အမတ်ဟောင်းတစ်ဦးဖြစ်သူ မစ်တယ် အက်လ်အလူဆီက ပြောတယ်။

ရှေ့ဆောင်နိုင်ငံရေးသမားတစ်ဦးဟာအီရတ်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးနဲ့ မကြာမီကဆွေးနွေးခဲ့တယ်။ နိုင်ငံရေးသမားက အာဏာ သိမ်းနိုင်၊ မနိုင် အခြေအနေကို မေးတယ်။ ဗိုလ်ချုပ်ကြီး ကလည်း အလေးအနက် ဆွေးနွေး တယ် အောက်မေ့ပြီး မြို့တော်ရဲ့ မြေပုံ တစ်ချပ်ကို ယူလိုက်ပြီး သူ့ရဲ့အစီအစဉ်ကို ပြောပါတယ်။ လူတစ်ဦးကိုသုတ်သင်မယ်၊ အမေရိကန်စစ်စခန်းရှိရာ ဂရင်းဇုန်သို့သွားတဲ့ အဓိကလမ်းမကြီး ကို ထရပ်ကားတွေ မှောက်ထားပြီး ပိတ်ဆို့ထားလိုက်မယ်။ ရုပ်သံဌာနတွေ ကို သိမ်းမယ်။ ပါလီမန်ကိုလည်း ၀ိုင်း ထားမယ်စသဖြင့် တင်ပြခဲ့တယ်။

ဗိုလ်ချုပ်ကြီးက အလေးအနက် တစ်ခွန်းပဲပြန်မေးတယ်။ "ခင်ဗျားသမ္မတဖြစ်ရင် ကျုပ်ကို ကာကွယ်ရေးဝန်ကြီးခန့်မလား"တဲ့။ ဒါတွေ ကတော့ ကနေ့ အီရတ်နိုင်ငံရဲ့ အခြေအနေတွေပါပဲ။