Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

အာဖဂန်စစ်ဖိုင်တွဲများ ဆက်ထုတ်သွားမည်ဟု ၀ီကီလိခ်ပိုင်ရှင် ပြောကြား

(အေအက်ဖ်ပီ)
သောင်းညွန့် ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)
News Pic
ဝီကီလိခ် ၀က်ဘ်ဆိုက်တည်ထောင်သူ ဂျူလီယံ အက်ဆန်း။ ဓာတ်ပုံ-အေအက်ဖ်ပီ

လန်ဒန် - သတင်းပေါက်ကြားမှုများကို ဖော်ပြသည့် Wikileaks ၀က်ဘ် ဆိုက်သည် အာဖဂန်စစ်နှင့်ပတ်သက်သည့် အမေရိကန်စစ်ဘက်ဖိုင်တွဲ များကို အမေရိကန် အစိုးရက မထုတ်လွှင့်ရန် တောင်းဆိုသည့်ကြားက နောက်ဆုံး အသုတ်ကို ထုတ်လွှင့်ရန် အစီအစဉ်ရှိ ကြောင်း ဤ ၀က်ဘ် ဆိုက်ထူထောင်သူ ဂျူလီယံအက်ဆန်းက ဩဂုတ်လ ၁၂ရက်၌အလေး အနက်ပြောဆိုခဲ့သည်။

လန်ဒန်ရှိ ပရိသတ်တစ်စုအား ဗီဒီယို ဆက်သွယ်မှုမှ တစ်ဆင့် ပြောဆို ရာတွင်နောက်ဆုံးအသုတ်ဖြစ်သည့် သက်ဆိုင်သူများသာကြည့်ရသည့် ဖိုင်တွဲ ၁၅,၀၀၀ ကို ထုတ်လွှင့်ရန် ပြင်ဆင်နေကြောင်း အက်ဆန်းက ပြောသည်။

ဤထုတ်လွှင့်မှုများ ဆက်လက်ထုတ် လွှင့်မည်လားဟု အက်ဆန်းအား မေးရာတွင် အသေအချာပဲဟု ပြန်ဖြေခဲ့သည်။

ပင်တဂွန်က ဤစစ်ဘက်ဖိုင်တွဲများ မဖော်ပြရန် နောက်ထပ်ဖိအားပေး လာ သည့်ကြားက အက်ဆန်းက ဤကဲ့သို့ ပြောဆိုခဲ့သည်။ မီဒီယာ လွတ်လပ်ရေး အဖွဲ့ဖြစ်သည့် နယ်စည်းမခြားသတင်း ထောက်များအဖွဲ့ (Reporters without Borders) က Wikileaks၀က်ဘ် ဆိုက်အား မယုံ ကြည်နိုင်လောက်အောင် တာဝန်မဲ့သည်ဟု စွပ်စွဲခဲ့သည်။

ပင်တဂွန်မှ ပြောဆိုခွင့်ရှိသူ ဂျက်ဖ် မော်ရယ်လ်က ဩဂုတ်လ ၁၂ ရက်က ပြောကြားရာတွင် Wikileaks အတွက် တာဝန်သိစွာဖြင့် ဆောင်ရွက်ရမည့်လုပ်ရပ်မှာခိုးယူထားသည့် စာရွက်စာတမ်းများကို ၀က်ဘ်ဆိုက်မှချက်ချင်းဖယ်ရှားပြီးကွန်ပျူတာ၌ရှိသည့် သက် ဆိုင်သူ များသာ ကြည့်ရသည့် စာရွက်စာတမ်းများအား ဖျောက်ဖျက်ပစ်ရန်ဖြစ်သည်ဟု ဆိုသည်။

ဖိုင်တွဲများတွင် ပါကစ္စတန်အစိုးရသူလျှိုများသည် တာလီဘန်သူပုန်များနှင့် တိုက်ရိုက်တွေ့ဆုံခြင်း၊ နိုင်ငံတကာ တပ်ဖွဲ့ဝင်တို့၏ လက် ချက်ဖြင့် သေဆုံး ခဲ့ကြသည့် အပြစ်မဲ့ အရပ်သားများ၏ အကြောင်းများကို ဖုံးကွယ်ထားခဲ့ ကြောင်း စွပ်စွဲထားသည်။

ထို့ပြင် ဖိုင်တွဲများ ၌ သတင်းပေး သူ အာဖဂန် အချို့၏ အမည်များ ပါဝင် နေရာ သတင်းပေါက်ကြားမှုများသည် ထိုလူများ၏ အသက် အန္တရာယ်အတွက် စိုးရိမ်ရဖွယ်ရှိကြောင်း သိရသည်။

အက်ဆန်းထံသို့ အိတ်ဖွင့်ပေးစာတွင် ဇူလိုင်လ ၂၅ ရက်က Wikileaks ၀က်ဘ်ဆိုက်ပေါ်တွင်'အာဖဂန်မှမှတ်တမ်း ၂၀၀၄-၂၀၁၀ခုနှစ်' တင်ခဲ့ သည့်အတွက် တာဝန်မဲ့ခြင်းကို စိတ် မကောင်းဖြစ်မိကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဖော်ပြ လိုက်သည်။
'အကြမ်းဖက်မှုအပေါ် စစ်ဆင်နွှဲခြင်း' အမည်ကို အလွဲသုံးစားပြကာ လူ့အခွင့်အရေးချိုးဖောက်မှုများကို လူသိရှင်ကြား လုပ်ခဲ့သည့် အ ရေးပါသည့်ကဏ္ဍတွင် Wikileaks ပါဝင်ခဲ့ခြင်းကို ထိုအဖွဲ့ကပြောဆိုခဲ့ပြီး အာဖဂန်နစ္စတန်၌ညွန့်ပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင် ရွက် ခဲ့သူများ မည်သူ မည်ဝါဖြစ် ကြောင်းကို ဖော်ပြခဲ့ခြင်းသည် အလွန် အန္တရာယ်များပြီး တာလီဘန်နှင့်အခြား လက်နက်ကိုင်တပ်ဖွဲ့ များ ဤမှတ်တမ်း ကို အသုံးပြု၍ ထိုပူးပေါင်းဆောင်ရွက် သူများကို ပစ်မှတ်ထားကာ ကလဲ့စား ချေနိုင်ကြောင်း ပြောဆိုခဲ့သည်။

သတင်း ပေါက်ကြားမှုကို ရိုက်နှိပ် ထုတ်ဝေခြင်းဖြင့် အာဖဂန်စစ်ပွဲ အပေါ် ၌ ပြည်သူများ အချေအတင် ဆွေးနွေးမှု စူးစိုက်လာရန်နှင့် အမေရိကန်ဦးဆောင် သည့် တပ်ဖွဲ့များ ကျူးလွန်ခဲ့နိုင်သည့် ရက်စက်ယုတ်မာသည့် လုပ်ရပ်များ ပေါ်လွင်လာရန် ယုံကြည်ကြောင်း၊ ဩစတြေးလျလူမျိုးအက်ဆန်း(၃၉ နှစ်) က ယခင်ကပြောခဲ့သည်။ အက်ဆန်း သည် ယခင်က ဟက်ကာနှင့် ကွန်ပျူ တာ ပရိုဂရမ်ဆွဲ သူဖြစ်သည်။

ဤသတင်းပေါက်ကြားမှုကြောင့် အာဖဂန်နစ္စတန်ရှိ အမေရိကန် ဦးဆောင် သည့် နေတိုးတပ်ဖွဲ့များကို သတင်းပေးသည့် ဒေသခံလူ အား အန္တရာယ်ရှိစေ ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီး ရောဘတ်ဂိတ်စ်နှင့် တွဲဖက်စစ်ဦးစီးချုပ်များဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ် ကြီးမိုက်မူလန်တို့က ပြောသည်။

နောက်ထပ် သက်ဆိုင်သူများသာ ကြည့်ရသည့် စာရွက်စာတမ်း အစီရင် ခံစာ ၁၅,၀၀၀ တို့ကို သုံးသပ်နိုင်ရန်ပင်တဂွန်နှင့် ဆက်သွယ် ရေးလမ်းကြောင်းကြီးအန္တရာယ်မရှိဘဲထုတ်လွှင့် နိုင်ရန်လျှော့ချမှုများ ပြုလိုကြောင်း ယခင်က အမေရိကန်သတင်း ၀က်ဘ်ဆိုက် The Daily Beast အား ဂျာမနီ ရှိ Wikileaks ပြောဆိုခွင့်ရှိသူ ဒယ်နီ ရယ်ရှမစ်က ပြောခဲ့သည်ဟုဆိုသော် လည်း ပင်တဂွန်က ဤကဲ့ သို့ပန် ကြားချက်မျိုး Wikileaks ထံမှ မရရှိခဲ့ကြောင်း ပြောသည်။

Wikileaksအား ၂၀၀၆ ခုနှစ်ဒီဇင်ဘာလက စတင်ထူထောင်ခဲ့ရာပြဿနာဖြစ်နိုင်သည့် သတင်းများပေါက်ကြားစေသူများအား အမည် မဖော်ဘဲ သတင်းပေးရန် ဖိတ်ကြားမှု ပြုလုပ်ကာ 'လူထု၏ ပထမဆုံး ထောက်လှမ်းရေးအေဂျင်စီ' အသွင်မျိုးဆောင်ထားသည်။

အာဖဂန်ဖိုင်တွဲများမည်သူ့ဆီကရခဲ့သည်ကို Wikileaks က ဖော်ပြခြင်းမရှိသော်လည်း အမေရိကန်စစ်တပ်မှထောက်လှမ်းရေးသတင်း ဆန်းစစ်သူ ဘရက်ဒ်လီမန်းနင်းအပေါ် သံသယရှိ နေသည်။ ၂၀၀၇ ခုနှစ်က ဘဂ္ဂဒက်ရှိ အမေရိကန်စစ်ရဟတ်ယာဉ်တစ်စင်းက တိုက် ခိုက်ခဲ့ခြင်း ဗီဒီယိုအား မန်းနင်းက ပေါက်ကြားစေခဲ့သည့် အတွက် ဖမ်းဆီးထားသည်။ ထို တိုက်ခိုက်မှုတွင် အရပ်သားများသေဆုံး ခဲ့ရ ကြောင်း သိရှိခဲ့သည်။