Now! Fashion Forward

ခြောက်မိုင်ခွဲက ဆိတ်ငြိမ်တဲ့အိမ်ကလေး

ခံအကျယ်အ၀န်းစတုရန်းပေ ၆,၃၀၀ (ပေ ၇၀ x ပေ ၉၀) လောက် ခန့်မှန်း ခြေရှိပြီး မျက်နှာစာဘက်က အတော် လေး ကျယ်ကျယ်ဝန်းဝန်းရှိ ပါတယ်။ မြေမျက်နှာပြင်ကို ကွန်ကရစ်ခင်းထားပေမယ့် ခြံထဲမှာ အရိပ်ရသစ်ပင်ကြီး တချို့နဲ့ အလှပန်းပင် တချို့လည်း ရှိပါတယ်။ အဖြူရောင်နှစ်ထပ်တိုက်ရဲ့ ပုံစံက နှစ်ဖက်အလေးချိန်မျှနေတဲ့ ခေါက်ချိုးညီပုံစံ မျိုးပါ။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

မကျေမချမ်းဖြစ်နေသော ပါလက်စတိုင်းတို့သည် အစ္စရေးနှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်ဖွယ် အခြေအနေရှိ

(အေအက်ဖ်ပီ)
ခင်အောင် ဘာသာပြန်သည်။
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၇)
News Pic
ပါလက်စတိုင်း သမ္မတ မာမွတ် အက်ဘတ်စ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ရာမာလာ - အစ္စရေးနှင့်အနီးကပ် ဆက်ဆံဆွေးနွေးရေးကြိုးပမ်းမှုများ၏ လွန်ကဲ စွာ နှေးကွေးမှု များ ကြောင့် ပါလက်စတိုင်း တို့ အနေဖြင့် ခေတ္တ ရောက် ရှိနေသော အမေရိကန် သံတမန်၏ တိုက်ရိုက် ဆွေးနွေးမှုများပြု လုပ်ရန်တောင်းဆိုမှုအား ငြင်းဆန်နိုင်ဖွယ်ရှိကြောင်း အရာရှိများနှင့်လေ့ လာဆန်း စစ်သူများက ပြောကြားကြသည်။

များမကြာမီသီတင်းပတ်များအတွင်း က ပါလက်စတိုင်း သမ္မတ မာမွတ် အက် ဘတ်စ်က မေလတွင် စတင်ဖော်ထုတ် ခဲ့သော အမေရိကန် ကြား ၀င်ဖျန်ဖြေသည့်နယ်စပ်သတ်မှတ်ရေး၊ လုံခြုံရေးပြဿနာများ တိုးတက် အောင်မြင်ရေး အတွက် ရပ်တည် ပြောကြားမည့်အစား အနောက်ဘက် ကမ်းခြေဒေသတွင်အစ္စရေးအိမ်ရာများကို တက်ဆောက်နေမှုများ လုံးဝ
ဆက်လက်လုပ်ဆောင်ခြင်းမပြုရေးဆိုင်ရာ အစည်းအဝေးများကိုအများ အားဖြင့် တက်ရောက်ခြင်း မပြုဘဲ ရှောင်ရှားနေခဲ့သည်။

သို့သော်ယခုအချိန်တိုင်ပင် အစ္စရေး တို့သည် ပါလက်စတိုင်းပိုင်နက်နယ်မြေ အတွင်း အိမ်ရာများဆောက်လုပ်မှုကို လုံးဝရပ်ဆိုင်းပစ် ရန် ငြင်းဆန်လျက်ရှိ ပြီး ၎င်းတို့အဆိုအရမူ ခိုးလိုးခုလုဖြစ်နေသော ပြဿနာတစ်ရပ်နှင့်ပတ်သက်သည့် ၎င်းတို့အဆိုပြုထားချက် နှစ် ရပ် ကို တုံ့ပြန်ပြောကြားခြင်းမရှိသေးကြောင်း သိရှိရသည်။ ယခု သီတင်းပတ်တွင် ပြုလုပ် ခဲ့သော ဂျေရုဆလင်မြို့အရှေ့ပိုင်း လူနေ ရပ်ကွက်အတွင်း အစ္စရေးအိမ်ရာ သစ် ၃၀ ကျော် ဆောက်လုပ်မှုအား လက်ခံအတည်ပြုမှုနှင့် မြူနီစီပယ်၏ပါမစ်မရှိဘဲ တည်ဆောက် ခဲ့သည့် ပါလက်စတိုင်းအိမ်ရာခြောက်လုံးကို ဖြိုဖျက်ချမှုတို့အပေါ် သမ္မတအက်ဘတ်စ်အား ပိုမို၍ သဘောထားတင်း မာသွားစေလိမ့် မည် ဖြစ်သည်။

နောင်သီတင်းပတ်ကုန်တွင် သမ္မတအက်ဘတ်စ်နှင့်နေတန်ယာဟုတို့နှင့်တွေ့ဆုံခြင်းပြုမည့် ခေတ္တအလည်အပတ်ရောက်ရှိနေ သော အမေရိကန် သံတမန် ဂျော့မစ်ချယ်အား လိပ်မူ၍ ပေးပို့သော စာတစ်စောင်တွင် ပါလက်စတိုင်းဆွေးနွေးပွဲအရာရှိ ဆာအက်ဘ် အီရာ ကတ်က အာရပ်တို့ ဒေသဖြစ် သည့် အရှေ့ဂျေရုဆလင်တွင် အစ္စရေး လူနေ ရပ်ကွက်များ တိုးတက် အကောင် အထည်ဖော်ခြင်းနှင့် ယင်းမြို့တွင်းမှ အခြားဥပဒေမဲ့ ရန်စကျူးကျော်ရာ ကျသော မူဝါဒကျင့်သုံးမှုများအား ဝေဖန်ပြစ်တင်လိုက်သည်။

၎င်းက အစ္စရေးတို့သည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက သဘောတူ ညီထားမှုများအား မျက်နှာပြောင်တိုက်၍ ချိုးဖောက်မှုများပြု လုပ်ခဲ့ကြောင်း လည်း စွပ်စွဲပြောကြားလိုက်သည်။

နိုင်ငံရေးအခြေအနေလေ့လာသူအက်ဒယ်မက်ဂျစ်ဆွာလန်က"ပါလက် စတိုင်းခေါင်းဆောင်များအား အစ္စရေး တို့နှင့် တိုက်ရိုက်ဆွေး နွေးမှုအတွက် သဘောတူလက်ခံရန်ဆွဲဆောင်ဖို့လွယ်ကူဖွယ်မရှိကြောင်း၊သို့သော်တစ်ချိန်တည်းမှာပင် ၎င်းတို့အနေဖြင့် အမေရိကန် တို့နှင့် အတိုက်အခံပြုလုပ် ရန်ကိုမူ ရှောင်ရှားကြလိမ့်မည်ဖြစ်ကြောင်း" ပြောကြားလိုက်သည်။