
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မင်္ဂလာဦးညတွင် အဖမ်းခံရ
(အေပီ)
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
လူးဝစ္စတန် (အိုင်ဒါဟို) - အိုင်ဒါဟို ပြည်နယ် မြောက်ပိုင်းနေ ၂၁ နှစ် အရွယ် သတို့သား တစ်ဦးသည် သူ၏ ဇနီးအသစ် စက်စက် ကလေးအပေါ် ကိုယ်ထိ လက်ရောက်ရိုက်နှက်မှုဖြင့် နှစ်ကြိမ်တိတိအဖမ်းခံခဲ့ရသည်။ အိုင်ဒါဟိုပြည်နယ်၊လူးဝစ္စတန်မြို့နေနာသန် လူးဝစ္စသည်မင်္ဂလာဆောင်သော တနင်္ဂနွေနေ့ညနေပိုင်းတွင် အရက်အလွန်အကျွံမူးပြီးဇနီးသည်အပေါ်ကြမ်းကြမ်းတမ်းတမ်းပြုမူ သဖြင့် အဖမ်းခံရသည်။
ရဲကအာမခံဖြင့်လွှတ်ပေးလိုက်ပြီး အိမ်ပြန်အရောက်တွင်ဇနီးအသစ်စက်စက်နှင့်ထပ်မံစကားများပြီးဇနီးသည်ကိုပါးရိုက်ကာလည်ပင်း ညှစ်သဖြင့် ထပ်မံအဖမ်းခံခဲ့ရပြန်သည်။ လူးဝစ္စကို မတ်လ ၁ ရက်နေ့တွင် ရုံးတင်စစ်ဆေးမည်ဟု သိရသည်။