
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အကြမ်းဖက်မှုအပေါ် ဒု-သမ္မတနှစ်ဦး စကားစစ်ထိုး
တီအေ ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
ဝါရှင်တန်- အမေရိကန် ဒုတိယသမ္မတ ဟောင်းနှင့်လက်ရှိတို့သည် လွန်ခဲ့သည့် ရက်သတ္တပတ် တနင်္ဂနွေနေ့က တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ပြောကြားခဲ့ကြသည်။လက်ရှိဒုတိယသမ္မတ ဂျိုးဘိုင်ဒင်က ဒုတိယသမ္မတဟောင်းဒစ်ချေနေသည် အိုဘားမားအစိုးရ၏ အကြမ်းဖက်မှုအပေါ် ကိုင်တွယ်မှုသည် ပျော့လွန်းသည်ဟုဆိုကာ သမိုင်းကို ပြန်ရေးဖို့ ကြိုးစားနေသည်ဟု စွပ်စွဲပြောသည်။
ဒစ်ချေနေ (၆၉ နှစ်) က သမ္မတ ဘာရက်အိုဘားမားနှင့် ဒီမိုကရက်များသည် အမျိုးသားလုံခြုံရေးနှင့်ပတ်သက် ၍ အံ့ဩလောက် အောင် အတွေ့အကြုံမရှိသော၊ နုံသော၊ အသောသူများဖြစ် ကြောင်း ပြောကြားသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ တိုက်ခိုက် မှုလိုမျိုး နောက်ထပ်တိုက်ခိုက်ဖွယ်ရာ မရှိဟု မစ္စတာဘိုင်ဒင်က မကြာမီက ပြောကြားမှုသည် အလွန်မှားသောကိစ္စ ဖြစ် သည်ဟု ဆိုသည်။
"အဲဒီလိုအဖြစ်မျိုးကို ကာကွယ်ဖို့ သူတို့လိုအပ်တဲ့ကိစ္စ အစစအရာရာ အားလုံးပြုလုပ်ထားဖို့လိုတယ်လို့ကျွန်ုပ်ထင်တယ်။ စိတ်ထဲမှာ ကိုက ဒီလိုမဖြစ် ဘူးလို့ထင်နေရင် မိမိတို့အရင်းအမြစ်တွေကို တပ်လှန့်နှိုးဆော်ဖို့ခက်မယ်။ လူထုကိုလည်း လုံခြုံရေးကိစ္စဟာ ဦးစား ပေးဆောင်ရွက်သင့်တဲ့ ကိစ္စလို့ ပြောရ မယ်"ဟု မစ္စတာ ချေနေက အေဘီစီ ရုပ်မြင်သံကြားဌာနသို့ ပြောကြားသည်။
"အယ်လ်ကေဒါတွေဟာ အခုအခါ ပြေးနေရပြီ"ဟု မစ္စတာဘိုင်ဒင်က တုံ့ပြန်ပြောကြားသည်။ "ဒစ်ချေနေဟာ လူကောင်းတစ်ယောက် ပါ။ သူ့ကိုယ်ပိုင် အယူအဆကို သူတင်ပြနိုင်ပါတယ်။ သူဟာ သမိုင်းကိုပြန်ရေးတာမျိုးတော့ မလုပ်နိုင်ဘူး။ သူ့ကိုယ်ပိုင်အချက်အလက် တွေနဲ့ သူအခုလိုမလုပ်နိုင်ဘူး" ဟုလည်း ပြောသည်။
ပြည်ပရေးရာနှင့် အမျိုးသားလုံခြုံရေး ကိစ္စတွင် ကာလတာရှည်စွာ ခါးခါးသီး သီး ပြိုင်ဘက်များဖြစ်နေကြသော အဆိုပါ ပုဂ္ဂိုလ်နှစ်ဦး အားရုပ်မြင်သံကြားဌာနသုံးခုကတစ်ဦးစီကို တွေ့ဆုံမေးမြန်းပြီးတစ်ဦးပြောသည့်စကားကို ကျန်တစ်ဦးအားပြသကာ ပြန်လည်ချေပ ပြောဆိုစေသည်။
သမ္မတဟောင်း ဂျော့ဒဗ္ဗလျူဘွတ်ရှ် လက်ထက်တွင် အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးမူဝါဒကိုချမှတ်ခဲ့သည့် ခပ်စွာစွာပုဂ္ဂိုလ်တစ်ဦးဖြစ် သူ မစ္စတာ ချေနေက အကျဉ်းသားကို ပျဉ်ပြားပေါ် မှောက်လျက်ချုပ်ထားပြီး ဦးခေါင်းပေါ် ရေလောင်းစစ်ဆေးမှုကို သူထောက်ခံ လျက်ပင်ရှိကြောင်း၊နိုက်ဂျီးရီးယားလူမျိုးဂျက်လေယာဉ်ဗုံးခွဲမည့်သူဟု သံသယရှိသော အူမာဖာရုခ်အဗ္ဗဒူမူတောလက်ကိုလည်းထိုသို့ စစ်ဆေးခဲ့ကြောင်း ပြောကြားသည်။
သမ္မတဘွတ်ရှ်လက်ထက်က ၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အယ်လ် ကေဒါအဖွဲ့မှ အရေးပါသောပုဂ္ဂိုလ်ဟု သံသယရှိသူများ ကို ရေလောင်းစစ်ဆေးသည့်နည်းနှင့် အကြမ်းပတမ်းစစ်ဆေး မေးမြန်းခဲ့သည်။ ထိုသို့စစ်ဆေးမေးမြန်း မှုများသည် အမေရိကန်စံနှုန်း များနှင့် မညီဟုဆိုကာ သမ္မတအိုဘားမားက ဆက်လက်လုပ်ကိုင်ခွင့်မပြုတော့ပေ။
အိုဘားမားအစိုးရအဖွဲ့သည် အကြမ်း ဖက်နှိမ်နင်းရေးစစ်ပွဲတွင် ဘွတ်ရှ်-ချေနေလက်ထက်က ကျင့်သုံးခဲ့သော နည်းဗျူဟာများကိုစွန့် လွှတ်လိုက်သည်။ အကျဉ်းသားများအပေါ် ထိုသို့ဆက်ဆံ ခြင်းသည် ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့၏ ရုပ်ပုံလွှာနှင့်ရပ်တည်ချက်ကို အကြီး အကျယ်ထိခိုက်စေသည်ဟု သမ္မတ အိုဘားမားက လွန်ခဲ့သည့်မတ်လက ပြောကြားခဲ့သည်။
အိုဘားမားသည် သူ၏သမ္မတသက်တမ်း ပထမနှစ်အတွင်း ဂွမ်တာနာမိုအကျဉ်း စခန်းကို ပိတ်ပစ်ရန်ကြိုးစားမှုသည် မအောင်မြင်ခဲ့ ပေ။ အမေရိကန်နိုင်ငံ ခြားရေးမူဝါဒကို '၀င်ရိုးတန်းလူဆိုး၊ အကြမ်းဖက်မှုအပေါ် စစ်ဆင်ရေး' စသည့် နိုင်ငံရေးဟန်ပန်မှထွက်လာပြီး တိုက်ခိုက်သည့် ချဉ်းကပ်မှုနည်းလမ်း ကို လျှော့ကာ ပိုမိုတွေ့ဆုံဆွေးနွေး သည့်နည်းလမ်းကို ကျင့်သုံးလာသည်။
အသက် ၂၃ နှစ်အရွယ် နိုက်ဂျီးရီးယားနိုင်ငံသား အဗ္ဗဒူမူတောလက် သည် ခရစ္စမတ်နေ့တွင် ဒက်ထရွိုက်သို့ ပျံသန်းသွားသည့် လေယာဉ်ကို ဗုံးဖောက် ခွဲပစ်ရန် သူ့ကို ယီမင်နိုင်ငံရှိ အယ်လ် ကေဒါတို့က လေ့ကျင့်ပေးခဲ့ကြောင်း ၀န်ခံပြောကြားသည်။ သူဟာ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ခဲ့ပါသည် ဟုလည်း အမေရိကန်တရားရေးဌာနမှ အရာရှိများက ပြောကြားသည်။
အဆိုပါ နိုက်ဂျီးရီးယားလူငယ်ကလေး ကို စစ်ဘက်သို့လွှဲပြောင်းပေးလိုက်သည် ဆိုသည့် ရီပတ်ဘလီကန်တို့၏စွပ်စွဲချက်ကို မစ္စတာ ဘိုင်ဒင်က ငြင်းဆိုသည်။ ဗြိတိသျှလူမျိုး ရှူးဖိနပ်ဗုံးသမားရစ်ချတ် ရိဒ်ကို ၂၀၀၁ ခုနှစ်က ဘွတ်ရှ်အစိုးရ ညှဉ်းဆဲခဲ့သလို အဗ္ဗဒူမူတော လက်လည်း အတိအကျညှဉ်းဆဲခံရသည်ဟု ဆိုသည့် စွပ်စွဲချက်ကိုလည်း ၎င်းက ငြင်းဆိုသည်။
အမေရိကန်ပြည်ထောင်စုအပေါ် အကြမ်းဖက်တိုက်ခိုက်လာမှုအား စစ်ပွဲဆင်နွှဲတာကိုဆန့်ကျင်ပြီး ရာဇ၀တ်မှုကဲ့သို့သာ အန္တရာယ်ကြီး စွာပြုမူဆက်ဆံနေကြောင်းဖြင့်လည်း မစ္စတာချေနေက အိုဘားမားကို စွပ်စွဲလိုက်သည်။
"စစ်ပွဲတစ်ခုလို ဆင်နွှဲရမယ်လို့ကျွန်ုပ်ထင်တယ်။ ဒါဟာ 'ကန်'အပေါ် မဟာ ဗျူဟာခြိမ်းခြောက်မှုတစ်ခုပဲ။ဒါကြောင့်လည်းအမေရိကန် ပြည်ထောင်စုအပေါ် နောက်ထပ် အကြီးအကျယ်အတိုက်ခံ ရမယ့်ဘေးမှ ခုနစ်နှစ်ခွဲ အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့တယ်" လို့ ကျွန်ုပ် ထင်ကြောင်းဖြင့်လည်းပြောသည်။
မစ္စတာချေနေသည် ဂွမ်တာနာမို ပင်လယ်အော်ရှိ နာမည်ဆိုးဖြင့်ကျော် ကြားသော အမေရိကန်အကျဉ်းစခန်းကိုလည်း ကာကွယ်ပြော ကြားသွားသည်။
၉/၁၁ တိုက်ခိုက်မှုကို မိမိကြံစည် ခဲ့သည်ဟု ကိုယ်တိုင်ဖွင့်ဟ၀န်ခံထား သော ခါလစ်ရှိတ်မိုဟမ္မက်ကို နယူး ယော့ခ်မြို့၌ အရပ်ဘက် တရားရုံးဖြင့် စစ်ဆေးမည်ဆိုသည့်ကိစ္စ သမ္မတ ဆုံးဖြတ်ချက်ကိုလည်း ၎င်းကဝေဖန် တိုက်ခိုက်ပြောကြားသည်။
"ဒါဟာ သိပ်မှားတဲ့အမှားကြီးတစ်ခုပဲ။ သူ့ကို ကမ္ဘာတစ်ဝန်းဝါဒဖြန့်ချိဖို့ စင်မြင့်ကြီးတစ်ခုပေးလိုက်သလိုဖြစ်တယ်။
"သူ့ကို ဂွမ်တာနာမိုက စစ်ကော်မရှင် ရှေ့မှာ စစ်ဆေးသင့်တယ်လို့ကျွန်ုပ်ထင်တယ်"ဟုလည်း မစ္စတာချေနေက ပြောသည်။
ဩဇာတိက္ကမကြီးလှသော အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံမှုကော်မတီအကြီးအကဲဟောင်းမစ္စတာဘိုင်ဒင် (၆၇နှစ်)က မစ္စတာ ချေနေသည် အမေရိကန်ပြည်သူလူထုကို သတင်းမှားပေးနေသည်၊ သို့မဟုတ် တမင်သက်သက် သတင်းမှား ပေးနေသည်ဟုပြော သည်။
"ဒစ်ချေနေ ဘယ်မှာရှိတာတော့ ကျွန်တော်မသိဘူး။ တစ်ခုပဲကြည့်ပါ။ သူဟာဝေဖန်မယ်၊ နောက်တစ်ခုက သမိုင်းကိုပြန်ရေးမယ်၊ သူပြောတာဒါပဲ" ဟု မစ္စတာဘိုင်ဒင်ကဆက်ပြောသည်။
စစ်ခုံရုံးများနှင့်ပတ်သက်ပြီး မစ္စတာ ချေနေပြောတာ အားလုံးက ဘွတ်ရှ် အစိုးရသည် အကြမ်းဖက်သမားများဟု သံသယရှိသူသုံးဦး ကို ထိုသို့စစ်ဆေးခဲ့ ကြောင်း၊ သူတို့သုံးယောက်အနက် နှစ်ယောက်သည် ယခုအခါ လွတ်လွတ်လပ်လပ်လမ်းပေါ်တွင် သွားနေနိုင်ပြီ ဟုလည်း မစ္စတာဘိုင်ဒင်က ပြောသည်။
အိုစမာဘင်လာဒင်နောက်လိုက်များ သည် ယခုအခါ ပြေးနေရပြီဖြစ်ကြောင်းလည်း မစ္စတာဘိုင်ဒင်က ပြောသည်။
"သူတို့ရဲ့ထိပ်တန်းပုဂ္ဂိုလ် ၂၀ အနက် ၁၂ ယောက်ကို ကျွန်တော်တို့ရှင်းပစ်ခဲ့ပြီ။ သူတို့အပေါင်းအသင်း ၁၀၀ ကိုလည်း ကျွန်တော်တို့ ဖော်ထုတ်ခဲ့ပြီး သူတို့ကို မြေအောက်ပို့ခဲ့ပြီ" ဟုလည်း မစ္စတာဘိုင်ဒင်က ဆက်လက်ပြောကြားသည်။