
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဆက်သွယ်ရေးကုမ္ပဏီများ ပူးပေါင်း
အောင်သာလင်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
မက္ကဆီကိုစီးတီး - မက္ကဆီကိုနိုင်ငံသား ဘီလျံနာသူကြွယ်ကြီး ကားလို့စ်စလင်းသည် ၎င်းပိုင်ဆိုင်သည့် ကြေးနန်းဆက်သွယ်ရေး ကုမ္ပဏီသုံးခုဖြစ်သည့် အမေရိကန် မိုဗီး၊ တယ်လီမက်စ်နှင့် တယ်လီမက်စ် အင်တာနေရှင်နယ်တို့ကို တစ်ခုတည်းသော ကုမ္ပဏီ အဖြစ်ပေါင်းစည်းခွင့်ရသွားပြီဖြစ်သည်ဟု ဖက်ဒရယ်ယှဉ်ပြိုင်မှုကော်မရှင် (CFC) က ဖေဖော်ဝါရီ ၁၂ ရက်တွင်ကြေညာသွားသည်။
ဤကဲ့သို့ ပေါင်းစည်းရာတွင် အမေရိကန် မိုဗီးကုမ္ပဏီက မက္ကဆီကန် တယ်လီဖုန်း (Telemex) ကုမ္ပဏီပိုင်ရှယ်ယာ ၇၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် တယ်လီမက်စ် အင်တာနေရှင်နယ်ပိုင်ရှယ်ယာအားလုံးကိုဝယ်ယူမည်ဖြစ်သည်" ဟု ဖက်ဒရယ်ယှဉ်ပြိုင်မှုကော်မရှင် ကဆိုသည်။ ယင်းသို့ ပေါင်းစည်းလိုက်ခြင်းဖြင့် ယင်းကုမ္ပဏီများ ပါဝင်ဆောင်ရွက်ခဲ့သည့် မက္ကဆီကိုနိုင်ငံအတွင်း ဈေးကွက်စီးပွား ရေးဖွဲ့စည်းပုံပြောင်းလဲသွားမည် မဟုတ်သည့်အပြင် ယှဉ်ပြိုင်မှုစည်းကမ်းများလည်း ယခင်အတိုင်းရှိနေမည်ဟု ဆိုသည်။