
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
နျူကလီးယား အကြမ်းဖက်ဝါဒလျှော့ချရေး နည်းလမ်းသုံးသွယ်
(စီအက်စ်အမ်)
သန်းအောင် ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
အမေရိကန် နျူကလီးယားလက်နက်တွေနဲ့နျူကလီးယားအကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုဟာ အပြန်အလှန်ဆက်စပ်နေ တယ်။'ကန်'ပြည်ထောင်စုဟာ 'နျူ'လက်နက်များနဲ့ပတ်သက်ပြီး မူဝါဒပြောင်းလဲဖို့ လိုအပ်လာပြီဖြစ်တယ်။
'ကန်'ပြည်ထောင်စုဟာ သူ့ရဲ့ 'နျူ' ကလီးယား အခြေအနေနဲ့ပတ်သက်ပြီး မတ်လက ပြီးခဲ့တဲ့နောက်ဆုံးသုံးသပ်ချက်မှာ 'ကန်'ရဲ့ 'နျူ'လက်နက်တွေကို နျူကလီးယားအကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုနဲ့ဆက်စပ်နေတဲ့ ပြဿနာတွေအဖြစ်ဖော်ပြထားတယ်။
ဒီလိုပြောင်းလဲမှုပြုလုပ်ဖို့ ကျွမ်းကျင်သူ ပညာရှင်တွေ၊ တကယ်လက်တွေ့ လုပ်ကိုင်နေသူတွေတင်ပြခဲ့တဲ့ အဓိကမူကြီးနှစ်ချက်ရှိ ပါတယ်။
ပထမအချက်က 'နျူ'လက်နက်၊ သို့မဟုတ် 'နျူ' လက်နက်ထုတ်လုပ်နိုင်တဲ့ ပစ္စည်းရရှိဖို့ အကြမ်းဖက်သမားတွေရဲ့ကြိုးပမ်းနေတဲ့ ခြိမ်းခြောက်မှုဟာ အမေရိကန်ကို 'နျူ'လက်နက်နဲ့ တိုက် ခိုက်မှုထက်ပိုကြီးကျယ်တယ်။ ဒုတိယ အချက်ကတော့ တစ်ကမ္ဘာလုံး 'နျူ' လက်နက်တွေ ချထားတာ၊ မှန်မှန်ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နေတာဟာ နျူကလီးယားအကြမ်းဖက်ဝါဒကို ပိုမိုကြီးထွားဖွယ်ရာ ရှိတယ်။ အချုပ်ပြောရရင် ဗုံးဟာ ကျွန်ုပ်တို့ ပိုမိုလုံခြုံဖို့အတွက် မလိုအပ်ဘူး။
'နျူ'လက်နက်သုံးသပ်ချက်က 'နျူ' လက်နက်တွေနဲ့ပတ်သက်ပြီး နောက်ထပ်ငါးနှစ်မှ ၁၀ နှစ်အတွင်း ဘယ်လိုကိုင်တွယ် ဆောင်ရွက် မယ်ဆိုတာ မဟာဗျူဟာလမ်းညွှန်ချက်ချပေးဖို့ တင်ပြထားတယ်။ အောက်ပါအချက်တွေကို ဆောင်ရွက်နိုင်မယ်ဆိုရင် ကမ္ဘာတစ်ဝန်းမှ 'နျူ'အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှု ပြုလုပ်နေတဲ့လွတ်လပ်တဲ့ နျူကလီးယားပစ္စည်းတွေကို ဆောင်ရွက်နိုင်မယ်ဆိုရင် နှစ်အနည်းငယ် အတွင်းမှာ လုံခြုံ အောင် ပြုလုပ်နိုင်တော့မယ်။
၁။ အမေရိကန် နျူကလီးယားလက်နက်တွေဟာ ဟန့်တားဖို့သာဖြစ်ကြောင်း ၀ါရှင်တန်က အသိအမှတ်ပြုရမယ်။ လောလောဆယ်မှာတော့ အမေရိကန်ပြည်ထောင်စုဟာ ပိုမို အကုန်အကျများတဲ့ ချဉ်းကပ်မှုကိုပြုလုပ်နေတယ်။ တကယ်တော့ ရန်သူတွေက လူအများအပြားသေစေနိုင်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ဖို့ပဲဖြစ်တယ်။
၂။ အမေရိကန်ပြည်ထောင်စုဟာ ယခုလောလောဆယ် စစ်ဆင်ရေး နျူကလီးယားထိပ်ဖူး ၂,၇၀၀ ခန့် တိုက်ချင်းပစ်နိုင်တဲ့ မဟာ ဗျူဟာ လက်နက် တိုက်ချင်းပစ် ဒုံးပျံ၊သို့မဟုတ် တာဝေးဗုံးကြဲလေယာဉ် ၂,၂၀၀ နဲ့ တာတိုပစ်နည်းဗျူဟာ လက်နက် ၅၀၀ ကို အသင့်ချထားတယ်။ အမေရိကန်- ရုရှား နျူကလီးယားလက်နက် လျှော့ချရေး သဘောတူညီချက်ကို အကောင်အထည်ဖော် နိုင်မယ်ဆိုရင် နောက်ထပ် မဟာဗျူဟာလက်နက် ၆၀၀ ကို လျှော့ချနိုင်မှာဖြစ်တယ်။
၃။ နောက်ဆုံးအနေနဲ့ သုံးသပ်ချက်ရဲ့ လမ်းညွှန်မှုအသစ်ကို အကောင်အထည်ဖော်ဖို့ နျူကလီးယားဗုံး၊ သို့မဟုတ် ဗုံးထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေကို ပိုင်ဆိုင်တဲ့ နိုင်ငံတွေ တာရှည်လိုက်နာနိုင်မယ့် သံတမန်နည်းပရိယာယ်ရှိဖို့လိုတယ်။ ၂၀၀၉ ခုနှစ်၊ ဧပြီလက ချက် သမ္မတနိုင်ငံ၊ ပရာဟာမြို့မှာ သမ္မတအိုဘားမားက အခုလိုကြေညာခဲ့တယ်။ "နိုင်ငံတကာကြိုးပမ်းမှုအသစ်နဲ့ တစ်ကမ္ဘာလုံးပျံ့နှံ့နေတဲ့ နျူကလီးယားပစ္စည်းတွေကို လေးနှစ်အတွင်း လုံခြုံစိတ်ချရတဲ့ အခြေအနေရောက်အောင် ပြုလုပ်ကြပါစို့"လို့ ပြောကြားသွားပါတယ်။