
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဆေးဆိုင်ဝင်ခိုး လိုချင်သောဆေးမရ
(အေပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
မက်ဒ်ဖို့ဒ်(အော်ရီဂွန်) - အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ် မက်ဒ်ဖို့ဒ်မြို့တွင် စနေနေ့ညက ၀က်စ်မိန်းဆေးဆိုင်ကို သူခိုး တစ်ယောက် ဖောက်ထွင်းဝင်ရောက်၍ ဆေးညွှန်းများကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လျက် အင်္ဂလိပ်အက္ခရာ'အို' ဖြင့် စတင်ရေး ထားသည့် ဆေးများထားရာ စင်ဆီသို့ ရောက်သွားသည်။
မှုခင်းစုံစမ်းစစ်ဆေးသူများက သူခိုးသည် Oxycodone မူးယစ်ဆေးကို ရှာဖွေခဲ့သော်လည်း ယင်းစင်ပေါ်မှဆေးများကို ဆေးဝယ်သည့် ဖောက်သည်များ၏ အမည်နောက်ဆုံးစာလုံးများဖြင့် အက္ခရာစဉ်စာရင်းပြု၍ သိုလှောင်ထားခြင်းဖြစ်ရာ သူခိုးမှာ လိုချင်သည့်ဆေးကို ရမသွားခဲ့ဟု ကောက်ချက်ချကြောင်း မက်ဒ်ဖို့ဒ်မြို့ထုတ် 'မေးလ်ထရီဗြွန်း' သတင်းစာက ဆိုသည်။