Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

မဟာမဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ ကျားမျိုးပြုန်းလုနီးပါးဖြစ်

(အေအက်ဖ်ပီ)
တီအေ ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

News Pic
အရှေ့တောင်အာရှ မဟာမဲခေါင် ဒေသတွင် ကျားမျိုးမပြုတ်အောင် အစိုးရအဖွဲ့များက ပြတ်ပြတ် သားသား ဟန့်တားဆောင်ရွက် ရတော့မည်။ ထိုဒေသတွင် ကျားကောင်ရေသည် ၁၂ နှစ်အတွင်း ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် နောက်ဆုံး ကျားနှစ်ဖြစ် ခဲ့သည့် ၁၉၉၈ ခုနှစ်က ကျားကောင်ရေ ၁,၂၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားရာမှ ယနေ့အချိန်တွင် ကျားကောင်ရေ ၃၅၀ ၀န်း ကျင်ခန့်သာရှိတော့မည်ဟု ကျားမျိုးထိန်းသိမ်းရေးအဖွဲ့ အဆိုအရ သိရသည်။ ဒေသတွင်း ကျားကောင်ရေ ကျဆင်းသွားခြင်း သည် ကမ္ဘာ့သားရိုင်းတိရစ္ဆာန် ကျားကောင်ရေ ကျဆင်းမှု၏ ရောင်ပြန် ဟပ်မှုဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ၁၉၈၀ ပြည့်လွန်နှစ်များက
ကျားကောင်ရေ ၂၀,၀၀၀ ရှိမည်ဟု ခန့်မှန်းထားရာမှ ယခုအခါ ကျားကောင်ရေ ၃,၂၀၀ သာ ရှိတော့မည်ဟုဆိုသည်။ လွန်ခဲ့သည့် ရာစုနှစ်က ကျားကောင်ရေ ၁၀၀,၀၀၀ ခန့်ရှိခဲ့သည်ဟုဆိုသည်။

ဘန်ကောက် - အရှေ့တောင်အာရှ မဟာမဲခေါင်ဒေသတွင် ကျားမျိုး မပြုတ်အောင် အစိုးရအဖွဲ့များသည် ပြတ်ပြတ်သားသား ဟန့်တား ဆောင်ရွက်ရတော့မည်။ ထိုဒေသတွင် ကျားကောင်ရေသည် ၁၂ နှစ် အတွင်း ၇၀ ရာခိုင်နှုန်း ကျော် ကျဆင်းသွားသည်။

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ကျား ကောင်ရေသည် နောက်ဆုံး ကျားနှစ် ဖြစ်ခဲ့သည့် ၁၉၉၈ ခုနှစ်က ကျား ကောင်ရေ ၁,၂၀၀ ခန့်ရှိမည်ဟု ခန့်မှန်း ထားရာမှ ယနေ့အချိန်တွင် ကျား ကောင်ရေ ၃၅၀ ၀န်းကျင်ခန့်သာရှိတော့မည်ဟု ကျားမျိုး ထိန်းသိမ်းရေးအဖွဲ့ အဆိုအရ သိရသည်။

ထိုင်းအပန်းဖြေစခန်းမြို့ဖြစ်သော ဟွာဟင်းတွင် ဗုဒ္ဓဟူးနေ့၌ စတင် ကျင်းပမည့် ကျားမျိုးထိန်းသိမ်းရေး သုံးရက်ကြာညီလာခံ မကျင်းပမီ ထိုအစီရင်ခံစာ ထွက်ပေါ်လာသည်။

အာရှကျားများထိန်းသိမ်းစောင့်ရှောက်ထားသည့် ၁၃ နိုင်ငံမှ ၀န်ကြီးများ တက်ရောက်ကြမည်ဖြစ်သည်။

ဒေသတွင်း ကျားကောင်ရေကျဆင်းသွားခြင်းသည် ကမ္ဘာ့ သားရိုင်း တိရစ္ဆာန် ကျားကောင်ရေကျဆင်းမှု၏ ရောင်ပြန်ဟပ်မှုဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ၁၉၈၀ ပြည့်လွန်နှစ်များက ကျားကောင် ရေ ၂၀,၀၀၀ ရှိမည်ဟု ခန့်မှန်းထား ရာမှ ယခုအခါ ကျားကောင်ရေ ၃,၂၀၀ သာရှိ တော့မည်ဟုဆိုသည်။ လွန်ခဲ့သည့် ရာစုက ကျားကောင်ရေ ၁၀၀,၀၀၀ ခန့် ရှိခဲ့သည်။

"ကနေ့ ကျားရိုင်းကောင်ရေဟာ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်နေပြီ"ဟု ကမ္ဘာ့သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး ရန်ပုံငွေ အဖွဲ့မှ ပြော သည်။ တရုတ်ပြက္ခဒိန်အရ ဖေဖော်ဝါရီ လ ၁၄ ရက်နေ့တွင် တရုတ်တို့၏ ကျားနှစ်စတော့မည်ဖြစ်သည်။

အင်ဒိုချိုင်းနားဒေသမှ ကျားကောင်ရေပြုန်းတီးရခြင်းမှာ တရုတ်ဆေးဝါး များတွင် ကျား၏ခန္ဓာကိုယ်အစိတ်အပိုင်း များကို သုံးစွဲမှုရှိပြီး ဆေးဝါး ဖော်စပ်ရန် အတွက် ကျားခန္ဓာကိုယ် အစိတ်အပိုင်းများ လိုအပ်မှုပိုများလာနေသောကြောင့်ဖြစ်သည်။

လမ်းဖောက်၊တံတားဆောက်လာပြီး အခြေခံအဆောက်အအုံဖွံ့ဖြိုးလာခြင်းသည်လည်း ကျားများနေထိုင်ကျက်စားရာ နေရာကျဉ်း သွားသည်။ တောများ ကို ခုတ်ထွင်ရှင်းလင်းပြီး စီးပွားဖြစ် သီးနှံများ စိုက်ပျိုးလာကြ၍ ကျားများ နေထိုင်ရာ စားကျက်ပျောက်ရသည်။

"ပြန်လည်အဖတ်ဆယ်လို့ မရသည့် အခြေအနေမျိုး မရောက်အောင်၊ ကျားမျိုးမပြုန်းအောင် ပြတ်ပြတ်သားသား ဆောင်ရွက် ရတော့မှာဖြစ်ကြောင်း" နစ်ကောက်က ပြောသည်။ သူသည် ကမ္ဘာ့သားရိုင်းတိရစ္ဆာန်စောင့် ရှောက်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ (ဒဗ္ဗလျူဒဗ္ဗလျူအက်ဖ်)၏ မဟာမဲခေါင်ဒေသ ကျားအစီအစဉ်မှ ညှိနှိုင်းရေးမှူး တစ်ဦးဖြစ်သည်။

ကျွန်ုပ်တို့က ပိုမိုထိရောက်စွာ မဟန့်တားနိုင်လျှင် ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘာဒီးယားနိုင်ငံရှိ ကျားများသည် လာမည့်ကျားနှစ်တွင် မျိုးပြုတ်သွားနိုင် သည့် အလားအလာရှိသည်။

တစ်ချိန်က မဟာမဲခေါင်ဒေသတွင် အင်ဒိုချိုင်းနားကျားများကို အလျှံပယ် တွေ့ရသော်လည်း ယခုအခါ ကမ္ဘော ဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့တွင် တစ်နိုင်ငံလျှင် ကျားကောင်ရေ ၃၀ ထက်ပိုမရှိတော့ဟု ဒဗ္ဗလျူဒဗ္ဗလျူ အက်ဖ်အဖွဲ့မှ ဆိုသည်။

လက်ကျန်ကျားများကို ထိုင်းနှင့် မြန်မာနယ်ခြားတောတောင်ထူထပ်သည့် နေရာများ၌သာ တွေ့ရတော့သည်။ ၂၀၂၂ ခုနှစ်တွင် ယခု လက်ရှိ ကျားကောင်ရေ နှစ်ဆတိုးလာအောင် ဆောင်ရွက်ကြရန် ဟွာဟင်းအစည်း အဝေးသို့ တက်ရောက်ကြမည့် ၀န်ကြီးများကို ဒဗ္ဗလျူဒဗ္ဗလျူအက်ဖ်အဖွဲ့က တောင်းဆိုထားသည်။

"ဒီဒေသမှာ ကျားကောင်ရေ တိုးလာ မယ့်အလားအလာ အကြီးအကျယ်ရှိပါတယ်။ ဒေသတွင်းမှာ ရဲရဲရင့်ရင့်နဲ့ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ကြဖို့ လိုပါတယ်။ လက်ကျန်ကျားတွေကိုလည်း အစဉ်အလာမရှိတော့ စံချိန် အကာအကွယ်ပေးရမယ်။ ကျားတွေရဲ့ သားကောင်နေထိုင်ရာ ဒေသတွေကိုလည်း အကာအကွယ်ပေးသွားရမယ်" လို့ မစ္စတာကောက်က ပြောပါတယ်။

ကျားများ၏ အနာဂတ်လုံခြုံရေးနှင့် ပတ်သက်ပြီး ကမ္ဘာတစ်ဝန်း နိုင်ငံရေးအရ ကြိုးပမ်းမှုအနေနှင့် လာမည့်စက်တင်ဘာလတွင် ရုရှားနိုင်ငံ၊ ဗလာ ဒီဗော့စတော့မြို့တွင် ကျားထိပ်သီး ညီလာခံတစ်ခုကို ၀န်ကြီးချုပ် ဗလာဒီမာပူတင်က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပမည်ဖြစ်သည်။

"ကျားရိုင်းတိရစ္ဆာန် ကောင်ရေ တိုးလာရေးအတွက် အစဉ်အလာမရှိခဲ့သော အခွင့်အရေးကောင်းတစ်ရပ် အဖြစ် နိုင်ငံရေးစိတ်ဓာတ် ပြင်းပြလာအောင် လှုံ့ဆော်ပြီး အရေးယူ ဆောင်ရွက်ကြရန် မိုက်ဘော့ဇာက ပြောသည်။ သူသည် ဒဗ္ဗလျူဒဗ္ဗလျူ အက်ဖ်အဖွဲ့၊ ကမ္ဘာ့ ကျားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အကြီးအကဲ ဖြစ်သည်။