Decolgen Medicine Advertisement at Myanmar Times

ဝရန်တာအများကြီးပါတဲ့ လုံးချင်းအိမ်

House Of The Week - Mandalayဒီတစ်ပတ်ရွေးချယ်ထားတဲ့ အိမ်လေးက မြို့ထဲနဲ့အလှမ်း မဝေးလှတဲ့တာမွေမြို့နယ် မှာပါ။ တာမွေနဲ့ သင်္ဃန်းကျွန်း မြို့နယ်အစပ်မှာရှိပြီး တာမွေလေးလို့ လည်းလူ သိများပါတယ်။ လေးထောင့် ကန်လမ်းမကြီးကနေ ချိုးကွေ့ဝင်သွားရတဲ့ ပင်ရွှေညောင်လမ်းထဲမှာရှိပါတယ်။.......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

စာကြည့်တိုက်စာအုပ် ၉၉ နှစ်ကြာငှား

(အေပီ)
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉)

နယူးဘတ်ဖို့ဒ်(မက်ဆာချူးဆက်) - မက်ဆာချူးဆက်ပြည်နယ် နယူးဘတ်ဖို့ဒ် အများပြည်သူစာကြည့်တိုက်သို့ လာရောက်ပြန်အပ် သော စာအုပ်သည် တစ်ပတ် နောက်ကျခြင်း၊ တစ်လနောက်ကျခြင်း၊ တစ်နှစ်နောက်ကျခြင်းမဟုတ်ပေ။

ရာစုနှစ် တစ်ခုနီးပါး နောက်ကျအပ်ခြင်းဖြစ်သည်။

နောက်ကျကြေးမှာ ဒဏ်ငွေ ၃၆၁ ဒသမ ၃၅ ဒေါ်လာဖြစ်သည်။

'နိုင်ငံအစိုးရအကြောင်း သိကောင်းစရာ'ဆိုသည့် စာအုပ်ကို ၁၉၁၀ ပြည့်နှစ်၊ မေလ ၁၀ ရက်နေ့တွင် ပြန်အပ်ရမည်ဖြစ်သည်။

စတန်လေဒူးဒက် သည် လွန်ခဲ့သော ၁၀ နှစ် က သေဆုံးသွားသော သူ့အမေ၏ပစ္စည်းများကို လှန်လှောကြည့်ရင်း ယင်းစာအုပ်အား တွေ့ခဲ့ခြင်းဖြစ်သည်ဟု ကြားသိရသည်။

ငှားထားသောစာအုပ်ကို ပြန်အပ်ခြင်းသည် မှန်ကန်သောလုပ်ရပ်ဖြစ်သည်ဟု သူက ဆုံးဖြတ်လိုက်သည်။