
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
စကားပြောတဲ့ခရီး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

တောင်ပြုန်းပွဲတော် ကျင်းပရာသို့ ခြေလျင်ခရီးဖြင့် ဇွဲစိတ်သန်သန် လာရောက်ကြသူတချို့ကို ဩဂုတ်လ ၂၀ ရက် တွေ့ရစဉ်။
ဓာတ်ပုံ - ခရစ္စဒါဗီ
နေ့စဉ် နေ့တိုင်း သတင်းစာက သတင်း တွေ၊ ဂျာနယ်သတင်းတွေ၊ အင်တာနက်သတင်းတွေ၊ ရုံးအလုပ်တွေနဲ့ပဲ အလုပ်များနေခဲ့တယ်။ ကိုယ်ကိုယ်တိုင် သတင်းလိုက်ဖို့ သတင်းတွေနဲ့အတူ ခရီးသွားနိုင်ဖို့ အခွင့်မရခဲ့တာကြာပြီ။ ပြီးခဲ့တဲ့တစ်ပတ်ကတော့ဧည့်သည်တွေလိုက် ပို့ပေးရင်း အင်တာဗျူးများနဲ့ ခရီးသွားခဲ့ရတယ်။
သွားရတဲ့ နေရာတွေက ပထမ တောင်ပြုန်းပွဲ၊ နောက်ပြီးမုံရွာခရီးစဉ်။ လိုက်ပို့ရတဲ့ ဧည့်သည်က နိုင်ငံခြား သား၊ သတင်းတွေကိုကြားနေရ၊ ဖတ် နေရတာနဲ့ ကိုယ်ကိုယ် တိုင် သတင်း လိုက်ရတာ ကွာခြားမှုရှိပါ တယ်။ ကိုယ်ရေးနေကျကဏ္ဍ၊ ကိုယ်လိုက်နေကျကဏ္ဍကို ကျော်လွန် သွားတဲ့အခါ ဆက် ပြီးလေ့လာရဦးမယ့် အပိုင်းတွေ၊ အခြေခံ ကျကျ သိထားသင့်တဲ့အပိုင်းတွေက ဘယ်ကို သွားသွား ရှိနေကျန်နေသေး တယ်ဆိုတာ အရင်ကထက်ပိုပြီး သဘောပေါက် နားလည်ခဲ့ရတယ်။
သတင်းအလုပ်ဆိုတာ မေးရမြန်းရ၊ ဖတ်ရမှတ်ရ၊ ရေးသားရတဲ့ အလုပ် တွေပဲမို့ ကိုယ်လိုက်မယ့်သတင်း၊ ကိုယ် မေးနေတဲ့ သတင်းကို အခြေအမြစ်ရှိရှိသိရှိထားဖို့က အရေးကြီးဆုံးပဲဆိုတာ ဆရာသမားတွေက အမြဲတမ်းမှာကြားဖူးပါတယ်။ ကြားသိရတဲ့အခြေအနေရယ်၊ မေးမြန်းစုံစမ်းရတဲ့ အခြေအနေ တွေက ကိုယ်တကယ်ရေးသားမယ့် အချိန်နဲ့ အခြေအနေမှာ သတင်းတန်ဖိုး ပြောင်းလဲ ကွာခြား သွား တာလည်း ကိုယ်တွေ့ပါပဲ။
ကိုယ်ကိုယ်တိုင် တကယ်ပဲကျကျနန မေးမြန်းလာခဲ့ပေမယ့် သတင်းထုတ် မယ့်အချိန်မှာ ကိုယ့်အတွက် နေရာ မကျန်တော့လို့ သတင်း တန်ဖိုးမရှိတော့ လို့ ချန်ထားခဲ့ရတဲ့ သတင်းမျိုးတွေ လည်း ရှိခဲ့တယ်။ ဒီလိုအချိန်မှာ သတင်းမဖြစ်ဖြစ်အောင် ရေးသားပေ မယ့်လည်း တန်ဖိုးရှိတဲ့ သတင်းဖြစ် မလာနိုင်တော့လို့ အားထုတ်သမျှအလဟဿ ဖြစ်သွားခဲ့ရတာတွေလည်း ရှိခဲ့ဖူးတယ်။ ကိုယ်ကိုယ်တိုင်လည်း သေချာသိတယ်၊ လူတွေလည်း စိတ်ဝင် စားတယ်။ ဒါပေမယ့်သတင်း ထုတ်ပြန် လို့ မဖြစ်နိုင်တဲ့သတင်းတွေလည်း ရှိခဲ့ဖူးတယ်။
ခုသွားခဲ့ရတဲ့ခရီးစဉ်တွေမှာ သတင်းကြီးကြီးတွေရခဲ့တယ်လို့ မဆိုနိုင်ပေမယ့် စိတ်ဝင်စားစရာ ကောင်းတာလေးတွေ၊ စဉ်းစားစရာတွေ၊ ပြောစရာလေးတွေတော့ရှိခဲ့ပါတယ်။ ခရီးစဉ်က ကိုယ်တစ်ယောက်တည်းသွား၊ ကိုယ်မေးချင်ရာ မေးရတဲ့ခရီးမဟုတ်ဘဲ အတူပါလာတဲ့ နိုင်ငံခြားသားကိုရွှေဧည့်သည်ဂျာနယ် လစ်တွေသိချင်သမျှ၊မေးသမျှကိုလည်း လိုက်လံဖြည့်ဆည်းပေးရတဲ့အတွက် နည်းနည်းထူးခြား တယ်လို့ ဆိုနိုင်ပါတယ်။
ပထမဆုံး သွားဖြစ်တာကတော့ တောင်ပြုန်းပွဲပါ။ အနယ်နယ်အရပ်ရပ် က လူတွေအများကြီးလာကြသလို ရန်ကုန်က သတင်းသမား တွေလည်း တက်လာကြတာ မန္တလေးမှာ ခြေချင်း လိမ်နေတယ်။ ဒေသခံသတင်းသမား တွေသွားကြသမို့ တောင်ပြုန်းပွဲ အကြောင်း က သတင်းဂျာနယ်တွေမှာ လှိုင်လှိုင်ကြီးပါနေကျပါပဲ။
တောင်ပြုန်းပွဲသွားတော့ ကိုယ်က လိုက်ပို့တယ်လို့ သာပြောရတာ၊ တကယ်တော့ ကိုယ်ကိုယ်တိုင်လည်း တစ်ခါမှ မရောက်ဖူးဘူး၊ တောင်ပြုန်းမင်းနှစ်ပါး အကြောင်းရာဇ၀င်နဲ့ပွဲတော် အကြောင်း ကလည်း ကြားဖူးနားဝသာ ရှိပေမယ့် ဂဃနဏ မသိလှ။
ဒါပေမယ့် အဆင်တော့ ပြေနိုင်ပါတယ်။ လိုက်ပို့ရတဲ့ဧည့်သည်တွေက ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ ဂျာနယ် လစ်တွေ ဆိုပေမယ့် တောင်ပြုန်း ရာဇ၀င်ကိုရေးမှာမဟုတ်လို့။ ဒါပေမယ့် နတ်ကတော်တွေရဲ့ဘ၀၊ဈေးသည်တွေရဲ့ အခြေအနေ၊လမ်းမှာတွေ့ရတဲ့ စိတ်
ဝင်စားစရာလုံးဝ မရှိဘူး လို့ ကိုယ်ထင်ထားတဲ့ အကြောင်းအရာ တွေကို သူတို့ကမေးတော့ တစ်ခါ တစ်ခါ ကြောင်အမ်းအမ်းနဲ့ပေါ့။
လိုရင်းကိုရအောင်တော့ မေးပေးရ၊ပြန်ပြောပေးရတယ်။ သူမေးလိုတာကိုသဘောပေါက်အောင် တစ်ချိန်လုံးသတိထားနားထောင်ပြီး ပါးစပ်က အမြှုပ်ထွက်အောင် ရှင်းပြနေရတော့ ပြီးသွားရင် ကိုယ်ကဘာမှမမှတ်မိတော့ သလိုပဲ။
အော်ဟစ်ဆူညံနေတဲ့ လမ်းဘေးဝဲ ယာဈေးသည်တွေနဲ့ လမ်းပေါ်က အရောင်အသွေးစုံလူတွေကိုကြည့်ရတာ စိတ်ဝင်စားစရာကောင်း ပါတယ်။မယ်သီလရှင်တွေကို အင်တာဗျူးလုပ် ချင်တယ်ဆိုတော့မေးပေးရသေးတယ်။ မယ်သီလ ရှင်တွေကလည်း တက်တက်ကြွကြွ ဖြေ ကြပါတယ်။ သူတို့က ပွဲတော်ကိုရောက် လာရတဲ့အကြောင်း ကတော့ နယ်မှာရှိ တဲ့ သူတို့ကျောင်းဝင်းထဲမှာ ကျောင်း ဆောင်လေး တစ်ဆောင်ဆောက်ချင်လို့ အလှူလာခံတာပါတဲ့။
ပြည့်ရှင်မင်းအမိန်နဲ့ တည်ခဲ့တဲ့ ဘုရားမှာ တောင်ပြုန်းမင်းညီနောင် နှစ်ပါးအတွက် အုတ်နှစ်ချပ်စာလပ် ကျန်နေတာ ဧည့်သည်တွေကို သေသေ ချာချာ ရှင်းပြပေမယ့် သူတို့က အထူး တလည် စိတ်မ၀င်စားဘဲ လမ်းဘေးက ပေသီးရောင်းတဲ့ ဈေးသည် ကို အပူ တပြင်း အင်တာဗျူးလုပ် ခိုင်းတယ်။ ပေသီးရယ်၊ ခုံညင်းသီးရယ်၊ မနှဲလေး သီးရယ်၊ တခြားနာမည်မေ့ သွားတဲ့ အသီးတစ်မျိုးရယ်အကြောင်း နဖူးက ချွေး ခြေမကျအောင်ရှင်းပြ လိုက်ရတယ်။
ကိုယ်တော်ကြီးကိုယ်တော်လေး နတ် နန်းအ၀င်က ပန်းသည်တွေကိုလည်း သူတို့ကအလစ်မပေးပါဘူး။ပန်းရောင်း နေတာပဲလို့ လွယ် လွယ်ကူကူပြောလို့ရပေမယ့် လွယ်လွယ်ကူကူစဉ်းစားမထား မိတဲ့ မေးခွန်းတွေထုတ်တယ်။ ပန်း သည်တွေလည်း တဟားဟားနဲ့ ပွဲကျ နေကြတယ်။ ဆိုင်ခန်းနေရာအတွက် ရှိစုမဲ့စု ပေါင်နှံပြီး ဈေးရောင်းခဲ့ပေ မယ့် မြတ်မယ် ရှုံးမယ်သေချာမသိသေး ဘူးဆိုတဲ့ ပန်းသည်ရဲ့ အဖြေကို မသေ ချာဘဲ ဘာလို့လုပ်တာလဲလို့ သူတို့က မေးခွန်းထုတ်တယ်။
နတ်နန်းအ၀င်ဝမှာ စုပြုံတိုးဝှေ့ နေတဲ့ လူတွေကြား မရမကတိုးဝင်ပြီးမှ တောင် ပြုန်းမင်းနှစ်ပါးရဲ့ နန်းပေါ်ကို ရောက်တယ်။ အလှည့် ကျ ချော့နေကြ တဲ့ နတ်ကတော်ကြီး ရယ် လူပရိသတ် ကြား ပျံဝဲနေတဲ့ ငွေစက္ကူတွေနဲ့ ချွေးသီး ချွေးပေါက် အလုံးလုံးနဲ့ နတ်ကတော် မျက်နှာကို အမိအရ ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေတဲ့ ကိုရွှေဧည့်သည်က တစ်ပုံလည်းမက နှစ်ပုံလည်းမက တော်တော် ဇွဲကောင်းသား။ ကြာလာ တော့ နတ်ဒိုးသံတဗြုန်းဗြုန်းနဲ့ တရုန်း ရုန်း လူတွေကြားမှာ ဘာမှလည်း ပြော မရ၊ မကြားရ၊ ရွှေဧည့်သည်ကလည်း တော် တော်နဲ့ ဓာတ်ပုံရိုက်မ၀ဖြစ်နေလို့ အတော်ပဲ သည်းခံအောင့်အည်းနေရ တယ်။ နတ်နန်းပေါ်က ဆင်းလာတဲ့လူ မှာ တစ်ကိုယ်လုံးချွေး တွေစိုရွှဲနေတယ်။ အပြင်ရောက်ရောက်ချင်း ပထမဆုံး အရင်ရှာမိသည်က ရေသန့်ဘူးရောင်း တဲ့ဆိုင်။ ရေငတ်လွန်းလို့ စကားတောင် မပြောနိုင်တော့။
မှောင်ရီလည်းပျိုးလာပြီ၊ ဓာတ်ပုံတွေလည်းတော်တော်များများရိုက်ပြီးပြီ။ ဒါပေသိရွှေဧည့်သည်တို့က နတ်ကတော်တွေကို အင်တာဗျူး ချင်သေးသတဲ့။ ရွှေဧည့်သည်အကြိုက် ခပ်မိုက်မိုက်မေးခွန်းတွေနဲ့ဗျူးလိုက်တာနတ်နန်းမှာမိနစ် နှစ်ဆယ်၊ နာရီဝက်ကရတာထက်မော နေမယ်ထင်တယ်။
ဈေးဆိုင်တန်းတွေကြား တိုးဝှေ့သွား လာနေတဲ့လူတွေကြားကနေ တဖြည်း ဖြည်းအပြန်လမ်းကိုလျှောက်ခဲ့ကြတယ်။ နတ်ဒိုးသံ တခြိမ့် ခြိမ့်နဲ့ တောင်ပြုန်းက တော့ တငြိမ့်ငြိမ့်ရှိနေဆဲပါ။ နောက် တစ်နေ့ကျ ချိုးရေတော်သုံးမယ့်နေ့တဲ့။ ကိုယ်တော်နှစ်ပါးကို ဝေါပေါ်တင်ပြီး မြစ်ဆိပ်ကို ရေချိုးဆင်းတဲ့ အချိန်မှာ လူတွေကစုပြုံ တိုးဝှေ့နေကြတယ်။ တောင်ပြုန်းပွဲမှာ လူအစည်ဆုံးနေ့ဆိုပဲ။
တစ်ခါမှမရောက်ဖူးတဲ့ တောင်ပြုန်း ပွဲကိုရောက်ခဲ့ပေမယ့် ထူးထူးခြားခြား ပြောစရာတော့ မရှိပါဘူး။ နိုင်ငံခြား ဧည့်သည် တွေမေးတဲ့ မေးခွန်းတိုင်းကို ကောင်းကောင်းမဖြေနိုင်တာဘဲ စဉ်းစား နေမိတယ်။ သူတို့က အကြောင်းအရာ ကို မေးလိုရင်းထက် ဘာကြောင့်ဆို တဲ့ အကြောင်းပြ မေးခွန်းကိုမေးရမှာ လုံးဝ အားမနာတတ်တဲ့ လူမျိုးတွေပဲလို့ စိတ်ထဲမှာ သဘောထားမိတယ်။
နောက်တစ်နေ့ကျသူတို့အစီအစဉ်နဲ့ သူတို့သွားကြတယ်။ မအားလို့မလိုက် ဖြစ်ပေမယ့် ညနေဘက်သူတို့ပြန်လာ တော့အတွေ့အကြုံ တွေပြောပြတယ်။ လူတွေများလွန်းလို့ ကင်မရာလွတ်မကျအောင် မနည်းထိန်းထားရတယ်ဆိုပဲ။ နတ်ဝင်သည်တွေနဲ့ တောင်ပြုန်းခရီး စဉ် ပြီးသွားပေမယ့် နောက်တစ်နေ့မုံရွာ ခရီးစဉ်အတွက် စီစဉ်ကြရတယ်။
မုံရွာခရီးသွားဆောင်းပါးတင်မကဘဲနယ်စပ်ကုန်သွယ်ရေး၊ ဒေသရဲ့အခြား စီးပွားရေးလုပ်ငန်းတွေ အကြောင်း သတင်းရေးနိုင်ဖို့ မုံရွာ မြို့ခံစီးပွားရေး လုပ်ငန်းရှင်တွေ၊ အသိမိတ်ဆွေတွေကို လှမ်းချိတ်ရ၊ အကူအညီတောင်းရတယ်။
မုံရွာက မကြာခဏရောက်ဖြစ်တော့ ကိုလည်း သူတို့ကိုခေါ်သွားရမှာအခက် အခဲမရှိဆိုသလိုပဲတွေးထားလိုက် တယ်။ နောက်တစ်နေ့ နေ့လယ်ပိုင်းကျ မုံရွာကို ရောက်သွားတယ်။ တစ်နေ့လုံး မိုးတွေ အဆက်မပြတ်ရွာနေလို့ ဘယ်မှ သွားမရ ဓာတ်ပုံလည်းရိုက်မရနဲ့၊ ဟိုတယ်မှာပဲကုပ်နေကြတယ်။ ညဘက်ကျမှ မနက်ဖြန်အစီအစဉ်တွေ အတွက် ချိတ်ဆက်ပေးမယ့် ကမ်းနားက အဓိပတိစာပေပိုင်ရှင် ဦးတင်ဝင်း မြင့်ကို သူ့အိမ်မှာသွားတွေ့ရတယ်။ သဘောကောင်းတဲ့ သူ့အိမ်မှာ မုံရွာ အကြောင်း ကနဦးအင်တာဗျူးကို သူတိုက်တဲ့ အအေးသောက်ပြီးမေးကြ တယ်။ တခြားစီးပွားရေးလုပ်ငန်းတွေ လုပ်ရင်း စာပေနဲ့ဆိုင်တဲ့စာအုပ်၊ ဂျာနယ် ရောင်းတဲ့လုပ်ငန်းဘက်ကို ကူးလာခဲ့တာတဲ့။ခုတော့ မုံရွာမှာ အကြီး ဆုံးလို့ပြောရမယ့် စာအုပ်ဆိုင် ကြီးဖြစ် နေပြီ။ စာပေလုပ်သားတစ်ဦး အကူ အညီနဲ့ ချင်းတွင်း ရွှေပြည်ဆိုတဲ့ မုံရွာမြို့ အခြေခံ သတင်းဂျာနယ်တစ်စောင်ကိုလည်း တစ်လနှစ်ကြိမ် ထုတ်နေတာ၊ စာစောင်အမှတ်စဉ် (၆) ထိရောက် နေ ပြီလို့ပြောတယ်။ နိုင်ငံ ကျော်စာရေး ဆရာတွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းစာဆရာတွေ များစွာ ထွက်တဲ့ မုံရွာကနေ ချင်းတွင်း ရွှေပြည်ဂျာနယ် စထုတ်တာ အထက်မြန်မာပြည် အနောက်မြောက်ပိုင်းမှာ ပထမဆုံးလို့ ဆိုပါတယ်။ ရန်ကုန်က မုံရွာသား စာရေးဆရာ တွေအကူအညီနဲ့ မုံရွာ မြို့ခံသတင်းသမားတွေရဲ့ စိတ်ဝင်စား မှုနဲ့ မီဒီယာလုပ်ငန်းကို ဒီထက်ပိုပြီး လုပ်ချင်တယ်လို့လည်း ဆိုပါတယ်။
အေးချမ်းဆိတ်ငြိမ်တဲ့ မုံရွာမြို့ရဲ့ ညချမ်းမှာ ရွှေစည်းခုံ ဘုရားကို ၀င်ဖူး ခဲ့ကြတယ်။ မြန်မာပြည် အရပ်ရပ်က တခြားဘုရားတွေနဲ့မတူ ဘုရားရဲ့သွယ်ပျောင်းရှည်လျားတဲ့ ကိုယ်လုံးတော်အထက်မှာထီးတော်အထက်ဆီက ဆည်းလည်းသံတညံညံကို ကြားနေရင်း အပြန် လမ်းမှာလမ်း လျှောက်လာ ရင်း မုံရွာမြို့ ညဈေးတန်း အနီးက ဆိုင်တစ်ဆိုင်မှာ ညစာဝင်စားကြတယ်။ တခြားမြို့တွေလို ဘီယာဆိုင် တွေအတန်း လိုက် ဆူညံမနေတဲ့ မုံရွာမြို့ ညချမ်းက အေးချမ်းလှပါတယ်။
နောက်နေ့မနက် ခပ်စောစောမှာ မုံရွာမြို့လယ် မြင်းမူလမ်း တစ်လျှောက် လမ်းထလျှောက်ဖြစ်တယ်။ မနက်စော စော မုံရွာရှုခင်းက လူတွေရှုပ်မနေ။ သက်သောင့်သက်သာနဲ့ ဆိုင်ကယ် တချို့၊ ကားတချို့၊ လူတချို့သာ လမ်း ပေါ်မှာ လှုပ်ရှား စပဲရှိသေးတယ်။
မနက် ၁၀နာရီကျတော့ ဆုတောင်းပြည့်ဘုရားကို ဧည့်သည်တွေနဲ့သွားရတယ်။ မုံရွာမြို့ကထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် တွေပါဝင် တဲ့ ဂေါပကအဖွဲ့တစ်ဖွဲ့လုံးနဲ့တွေ့ပြီး အင်တာဗျူးဖို့ပါပဲ။ပထမဆုံးတစ်ဦးချင်းကို မိတ်ဆက်ပေးတယ်။ တစ်ဦးချင်းစီကို သေချာ လိုက် မှတ်ရသလို ရွှေဧည့်သည်တွေကို လည်း သူကတော့ ဘယ်သူဘယ်ဝှာ ဘာလုပ်ငန်းလုပ်တယ်ဆိုတာကို ပြောပြ ရသေးတယ်။
နောက်ပြီးတော့ အင်တာ ဗျူးစတယ်။ တစ်ဦး မေးတာကို ၁၀ ဦး ကျော်လောက်ရှိတဲ့အဖွဲ့ကို ရှင်းပြလိုက်၊ သူတို့ပြောတာကို ရွှေဧည့် သည်တွေကို ပြန်ရှင်းပြလိုက်၊ ကိုယ်ကိုယ်တိုင်လည်း သေချာလိုက်မှတ်လိုက်နဲ့ တော်တော် ကိုလက်ဝင်တဲ့ အင်တာဗျူးပါပဲ။
တစ်ချိန်က မုံရွာမြို့ဆိုတာပဲ၊ သစ်၊ ချည်ထည်ထွက်ကုန်တွေနဲ့ နာမည်ကြီးခဲ့သလို အိန္ဒိယနယ်စပ်နဲ့ ကုန်သွယ်ရေး နဲ့ တစ်ခေတ်ဆန်း ခဲ့တဲ့မြို့ပါ။ ပဲမျိုးစုံ အထွက်များတဲ့ဒေသမို့လည်း အရောင်း အ၀ယ်လုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း တော်တော်များများ ဖွံ့ဖြိုးခဲ့တဲ့မြို့ ပါပဲ။ ဆက်လက်ဖော်ပြပါမည်