Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ပုဂံအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသုတေသန ဓမ္မသဘင် ဖွင့်လှစ်

ချယ်ရီသိန်း
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
News Pic
ပုဂံအပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသုတေသနဓမ္မသဘင် ဖွင့်ပွဲ အခမ်းအနားကိုတွေ့ရစဉ်။ ဓာတ်ပုံ - ဆိုင်းမိုင်

သာသနာရေးဝန်ကြီးဌာနက ဦးဆောင် ကာ ၂၀၀၈ ခုနှစ်မှ စတင်တည် ဆောက် ခဲ့သော ပုဂံအပြည်ပြည်ဆိုင်ရာ ထေရ ၀ါဒ ဗုဒ္ဓသုတေသနဓမ္မ သဘင်ကိုဩဂုတ်လ ၂၅ ရက်နေ့က မန္တလေးတိုင်း ဒေသကြီးညောင်ဦး ခရိုင်၊ညောင်ဦးမြို့နယ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး သာသနာပြုလုပ်ငန်း များ စတင်ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဇမ္ဗူဒီပ ဗိမာန်တော်ဟုလည်း ခေါ်ဆိုသော အဆိုပါနေရာတွင် ပြည်တွင်း ပြည်ပမှ ခရီးသွားများသည် ပုဂံ ဒေသ သို့ရောက်သည့်အခါ ယဉ်ကျေးမှု အမွေအနှစ်များ သာမက ထေရ၀ါဒ ဓမ္မရသများကိုပါ တစ်ဆက်တည်း လေ့ လာနိုင်စေရန်ရည်ရွယ်၍တည်ဆောက် ခဲ့ခြင်းဖြစ်သည်။

"ပုဂံဒေသက အရင်ကတည်းက ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အဖြစ် မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။

"ခရီးသွား နယ်မြေတစ်ခုတည်း မဟုတ်သလို ယဉ်ကျေးမှုနယ်မြေတစ်ခု တည်းလည်း မဟုတ်ဘူး။ ဘာသာ၊ သာသနာ ထွန်းကားခဲ့တဲ့ ဒေသတစ်ခုအဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။

"နောက်ဆိုရင် ဘယ်ခရီးသွားမဆို ပုဂံကိုလာလည်ရင်း ထေရ၀ါဒနဲ့ ပတ် သက်တဲ့အကြောင်းတွေ၊ ပရိယတ္တိ၊ ပဋိပတ္တိစာပေတွေ၊ လက် တွေ့လုပ်ငန်းတွေကို ဒီဗိမာန်မှာ လေ့လာနိုင်တော့မှာဖြစ်ပါတယ်။ သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ရည်ရွယ် ပါတယ်"ဟု သာသနာရေးဝန်ကြီးဌာန၊သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန် ကြားရေးမှုးချုပ် ဗိုလ်မှူးကြီးမြတ်သူ (အငြိမ်းစား)က မြန်မာတိုင်း(မ်) ကို ရှင်းလင်း ပြောပြသည်။

ဗိမာန်တွင်ဗုဒ္ဓဘာသာဆိုင်ရာ အစည်းအဝေးများ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဓမ္မသဘင်တရားပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ထေရ၀ါဒ ဗုဒ္ဓဘာ သာဆိုင်ရာ သုတေသန လုပ်ငန်းများ၊ ဘာသာရေးအမေးအဖြေများ၊ အပြည် ပြည်ဆိုင်ရာ ဘာသာပေါင်းစုံ ဆွေးနွေး ပွဲများ၊
ဝိပဿနာတရားစခန်းများနှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံများကို ကျင်းပပြုလုပ် သွား မည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ပြည်တွင်း၊ ပြည်ပမှ ခရီးသွား ဧည့်သည်များနှင့် ပုဂံဒေသခံများ လေ့ လာနိုင်စေရေးအတွက် အပတ်စဉ် တရားပွဲများကို တစ်လ လျှင်လေးကြိမ်ကျင်းပသွားနိုင်ရန်နှင့် အင်္ဂလိပ်ဘာသာဖြင့် ဟောကြားသော အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓဓမ္မတရားပွဲများကိုလည်း အခါအားလျော်စွာ ကျင်းပသွားနိုင်ရန် စီစဉ်လျက်ရှိသည်။