Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

စာကြည့်တိုက်များမှတစ်ဆင့် ကျေးလက်ဒေသ စာဖတ်ရှိန်ပိုမိုမြှင့်တင်ရေးအတွက် ကြိုးပမ်း

သဲသဲထွေး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

တဘက်ကိုခေါင်းပေါ်တင်ပြီး တအံ့တဩကြည့်ရင်းနားထောင်နေတဲ့ ကျေးရွာသူအဒေါ်ကြီးတွေ၊ ကျောင်းသူကျောင်းသားကလေးငယ် တွေရဲ့ ရယ်သံ ချိုချိုလေးတွေ၊ စာဖတ်ခြင်းရဲ့အကျိုးကို အားရပါးရ ဟောပြောနေတဲ့ စာရေး ဆရာတွေရဲ့အသံဟာ မှော်ဘီမြို့နယ်၊ သရက်ချောင်းကျေးရွာလေးမှာ ဩဂုတ် လ ၁၄ ရက်က လွှမ်းခြုံနေခဲ့ပါတယ်။

မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့၊ ကျေးရွာစာကြည့်တိုက်များ စာဖတ်ရှိန် မြှင့်တင်ရေးအစီအစဉ်ရဲ့ ပထမဆုံးစာပေဟောပြောပွဲ မှာ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ဥက္ကဋ္ဌ တက္ကသိုလ်တင်ခနှင့်အတူ စာရေးဆရာများဖြစ်တဲ့ လယ်တွင်းသားစောချစ်၊ ချစ်နိုင် (စိတ်ပညာ)၊ မောင်ဟေမာ (အလင်္ကာဝတ်ရည် ဦးမောင်မောင်အေး)၊ မောင်ခိုင်ခန့်၊ မနုဿ ကျော်ဝင်း၊ ကိုကို (စက်မှုတက္ကသိုလ်)၊ မျိုးမြတ်သူ တို့က ဟောပြောခဲ့ကြပါတယ်။

ကျေးရွာစာကြည့်တိုက်တွေတည်တံ့ဖို့၊ ကျေးလက်တွေပါမကျန်စာဖတ်ရှိန်မြင့်မားဖို့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ကကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ဒီအစီအစဉ်ကို စတင်အကောင် အထည်ဖော်တာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လယ်တွင်းသား စောချစ်က ပြောပါတယ်။

"ကျေးရွာတွေအထိ ဆင်းပြီးဟောပြောပွဲလုပ်တာ ၂၀၁၀ ပြည့်နှစ်အတွက် ဒါကပထမဆုံးအကြိမ်ပါ။ တစ်လကိုတစ်ကြိမ်ကျေးရွာတွေ ကို သွားဖို့ စီစဉ် ထားတယ်။ တစ်ကြိမ်မှာ အခုလိုပဲ စာကြည့်တိုက်နှစ်ခု ဖြစ်မှာပါ"လို့ ဆရာ က ပြောပါတယ်။

"သမီးကတော့ စာကြည့်တိုက်ကို အမြဲတမ်းလိုလို သွားဖြစ်တယ်။ မဂ္ဂဇင်းတွေတော့ ပိုဖတ်တယ်။ စာစီစာကုံး ရေးတဲ့အခါ မဂ္ဂဇင်းတွေ ထဲ က အကြောင်းလေးတွေ ထည့်ရေးလို့ရ တယ်။ အခု သမီးရေးထားတဲ့ စာစီစာကုံး တစ်ပုဒ်မှာ စာအုပ်ထဲကဟာလေးတွေ ထည့်ရေး ထားတာရှိတယ်"လို့ သရက် ချောင်းကျေးရွာက ခုနစ်တန်းကျောင်းသူ မ၀င့်ဝါက ပြောပါတယ်။

"ကျွန်မတို့က၀တ္ထုတော့မဖတ်ဖြစ်ပါဘူး။မြတ်ရတနာမွန်၊ ဖြစ်ရပ်မှန်နဲ့ မှုခင်းမဂ္ဂဇင်းတွေတော့ဖတ်တယ်။စာကြည့်တိုက်ရှိတော့ တစ်ရွာ လုံးကသွားငှားကြပါတယ်။ စာအုပ်ငှားခနှုန်းက ရွာကလူတွေငှားနိုင်ပါတယ်"လို့ သရက်ချောင်းစံပြကျေးရွာက မချိုမာကပြောပါတယ်။

သရက်ချောင်းစံပြကျေးရွာက ပညာရွာစာကြည့်တိုက်၊ စာကြည့်တိုက်မှူးမမြတ်ဇော်ဇော်အောင်က "အရင်ကနဲ့ ယှဉ်ရင်စာကြည့်တိုက် ဖွင့်ပြီး နောက် ပိုင်းမှာ ရွာသူရွာသားတွေရဲ့ စာဖတ် နှုန်းဟာ တိုးတက်မှုရှိလာတယ်။ စာကြည့်တိုက်မှာ ထိုင်ဖတ်တာထက် အိမ်ကိုငှား ပြီးဖတ်တာ ပိုများတယ်လို့ ပြောပါတယ်။

စာကြည့်တိုက်မှာစာစီစာကုံးပြိုင်ပွဲ၊ပုံပြောပြိုင်ပွဲလို ပြိုင်ပွဲလေးတွေ ပြုလုပ်ပေးခြင်းဖြင့် ကလေးများ စာကြည့်တိုက်ကို လာချင်အောင်၊ စာဖတ်ချင် စိတ် ဖြစ်လာအောင် ဆောင်ရွက်သင့် တယ်လို့လည်း စာရေးဆရာကြီးများက အကြံပြုခဲ့ပါတယ်။

ဆက်လက်ပြီး တိုက်ကြီးမြို့နယ်၊ ကုလားကုန်း ကျေးရွာမှာ စာပေဟော ပြောပွဲ ထပ်မံကျင်းပခဲ့ပါတယ်။

မှော်ဘီမြို့နယ် သရက်ချောင်း စံပြ ကျေးရွာမှ 'ပညာရွာ' စာကြည့်တိုက်နဲ့ တိုက်ကြီး မြို့နယ်၊ ကုလားကုန်း ကျေးရွာ ရှိ 'ရွှေပြည်သစ်' စာကြည့်တိုက်နှစ်ခုအတွက် စာပေဟောပြောပွဲနဲ့အတူဂျာနယ်၊စာပေတိုက်များမှ စာအုပ်စာစောင်တန်ဖိုး ကျပ် ၁၂ သိန်းဖိုးခန့် လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။