
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
နန်ချို ရေအား လျှပ်စစ်စီမံကိန်း ထက်ဝက်ကျော် ပြီးစီးပြီဖြစ်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
နန်ချို ရေအားလျှပ်စစ်စီမံကိန်းမှာ ၅၇ ဒသမ ၄၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ယင်းစီမံကိန်း ပြီးစီးပါက မဂ္ဂါဝပ် ၄၀ ထုတ်လုပ်ပေးသွား မည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် သိရသည်။
နန်ချိုရေအားလျှပ်စစ်စီမံကိန်းသည် နေပြည်တော်ပျဉ်းမနားမြို့အရှေ့ဘက်၁၆ မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်အတွင်းစီးဝင်နေသော နန်ချိုချောင်း ဆုံ၏ အထက်ဘက် ခုနစ်မိုင်ခန့်အကွာ တွင် တည်ရှိသည်။
မြန်မာနိုင်ငံတွင် ၁၉၆၀ ပြည့်နှစ်မှ စတင်ပြီး လောပိတရေအားလျှပ်စစ် စက်ရုံကို တည်ဆောက်ကာ ရန်ကုန်သို့ ၂၃၀ ကေဗီအေ မဟာ ဓာတ်အားလိုင်း တစ်လိုင်းနှင့် မန္တလေးသို့ ၁၃၂ ကေဗီ အေ မဟာဓာတ်အားလိုင်းတစ်လိုင်း တည်ဆောက်ပေးပို့ခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ၂၃၀ ကေဗီအေ လိုင်းမှ လိုင်းအရေအတွက် ခုနစ်လိုင်းမှ ပင်မဓာတ်အားခွဲရုံ ခုနစ်ရုံသို့ တပ်ဆင် အင်အား အမ်ဗီအေ ၇၃၀ သို့ လည်းကောင်း၊ ၁၃၂ကေဗီအေလိုင်းမှ လိုင်းအရေအတွက် ၁၂ လိုင်းမှ ပင်မ ဓာတ်အား ခွဲရုံ ၁၀ ရုံသို့ တပ်ဆင် အင်အား အမ် ဗီအေ ၅၁၉ နှင့် ၆၆ ကေဗီလိုင်းတို့မှ လိုင်း၂၃ လိုင်းအတွက် ပင်မဓာတ်အားခွဲရုံ ၁၇ ရုံသို့ တပ်ဆင်အင်အားအမ်ဗီအေ ၃၈၂ လက်ခံရရှိ ခဲ့ ပြီးဖြစ်သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အခြား ရေအားလျှပ်စစ် စီမံကိန်းများအပြင် မြန်မာနိုင်ငံတွင် အကြီးမားဆုံးဖြစ် သော ရဲရွာရေအားလျှပ်စစ် စီမံကိန်းမှ မဂ္ဂါဝပ် ၇၈၀ ရရှိဦးမည် ဖြစ်ကြောင်း သိရှိရသည်။