Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

မန္တလေးသို့ ရွှေအ၀င်နည်းချိန်ဖြစ်သော်လည်း အရောင်းအ၀ယ်အေး၍ ရွှေဈေးပြန်ကျလာ

ရွှေစင်ခိုင်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

ဩဂုတ်လကုန်၌ မန္တလေးရွှေဈေး ကွက်တွင် မိုးရာသီရွှေရိုင်းအ၀င်နည်း ချိန်ဖြစ်သော်လည်း ရွှေပိုင်းအရောင်းအ၀ယ်အေးခြင်း၊ တရုတ် ငွေဈေးနှင့် ပြင်ပဒေါ်လာဈေးကျဆင်းခြင်းတို့ကြောင့် ကမ္ဘာ့ ရွှေဈေးအပြောင်းအလဲ များစွာမရှိသော်လည်း ပြည်တွင်းရွှေ ဈေး ပြန်လည် ကျဆင်းလာသည်။

ဩဂုတ်လ ၂၆ ရက်က ကမ္ဘာ့ရွှေ ဈေးမှာ တစ်အောင်စ ဒေါ်လာ ၁,၂၄၀ အထိ မြင့်တက်ခဲ့စဉ်က မြန်မာ့ရွှေဈေး မှာ တစ်ကျပ်သား ကျပ် ၆၅၇,၃၀၀ အထိ မြင့်တက်ခဲ့သည်။ ထို့နောက် ဩဂုတ်လ ၃၁ ရက်တွင် ကမ္ဘာ့ရွှေ ဈေးမှာ ၁,၂၃၅ ဒေါ်လာဝန်းကျင်ဖြစ် ချိန်၌မြန်မာ့ရွှေ ဈေးမှာ ကျပ် ၆၅၄,၇၀၀ သို့ ပြန်လည်ကျဆင်းသွားသည်။

ကမ္ဘာ့ရွှေဈေး အပြောင်းအလဲများစွာ မရှိသော်လည်း မြန်မာ့ရွှေဈေးမှာ တစ်ကျပ်သား ကျပ် ၃,၀၀၀ ၀န်းကျင် ကျဆင်းသွားရခြင်းမှာ ပြင်ပဒေါ်လာ ပေါက်ဈေးနှင့် တရုတ်ငွေဈေး ကျဆင်း နေခြင်း၊ အရောင်းအ၀ယ် အေးနေ ခြင်းနှင့်မိုးတွင်းကာလ ရွှေရိုင်းအ၀င် နည်း သော်လည်း ၀ယ်လိုအားနှင့် ၀င်အားတို့ မျှတလျက်ရှိနေခြင်းစသည့် အကြောင်းများကြောင့် ဖြစ်သည်။

"ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးပေါ်မှာအဓိကမူတည်နေပေမယ့် တခြားအကြောင်းအရာတွေနဲ့လည်းဆက်စပ်နေပါတယ်။ ဩဂုတ် လ ၂၆ ရက်ကကမ္ဘာ့ရွှေဈေးတက်သွားလို့ ပြည်တွင်းဈေးလိုက်တက်သွားပေမယ့် လကုန်ပိုင်းကျတော့ ကမ္ဘာ့ဈေးအပြောင်း အလဲမများ ပေမယ့်ပြည်တွင်းဈေး ပြန်ကျသွားတယ်။ ဒီလိုဖြစ်တာက တရုတ်ငွေဈေးနဲ့ ပြင်ပဒေါ်လာ ပေါက်ဈေးကျတာ၊ ရွှေပိုင်း ၀ယ်လိုအားနည်း နေတာတွေကြောင့်ပါ။ ခါတိုင်းနှစ်တွေ ဆို ဒီလိုမိုးရာသီရွှေရိုင်း အ၀င်နည်းတဲ့ အချိန်မှာ ရွှေဈေးတက်တတ်ပေမယ့် ဒီနှစ်မှာတက်ထား တဲ့ ဈေးကနေပြန်ကျလာတယ်"ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။

ဩဂုတ် ၂၆ ရက်က ဖြစ်ခဲ့သော ဩဂုတ်လ နောက်ဆုံးပတ် အတွင်း အမြင့်ဆုံး ဖြစ်သည့် တစ်ကျပ်သား ကျပ် ၆၅၇,၃၀၀ ဖြစ်ခဲ့စဉ်က ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စ ဒေါ်လာ ၁,၂၄၀၊ တရုတ် ငွေဈေးမှာ ကျပ် ၁၀၀ လျှင် သုည ဒသမ ၆၇၆ မှ သုည ဒသမ ၆၇၈ အတွင်း၊ ပြင်ပ ဒေါ်လာပေါက်ဈေးမှာ တစ်ဒေါ်လာ ၉၉၅ ကျပ် ဖြစ်ခဲ့သည်။

ဩဂုတ်လ ၃၁ ရက်၌ ရွှေတစ်ကျပ် သားလျှင် ကျပ် ၆၅၄,၇၀၀ ဈေးသို့ ကျဆင်း သွားချိန်တွင် ကမ္ဘာ့ ရွှေဈေးမှာ တစ်အောင်စ ၁,၂၃၅ ဒေါ်လာ၊ တရုတ် ငွေဈေးမှာ ကျပ် ၁၀၀ လျှင် သုည ဒသမ ၆၈၀ မှ သုည ဒသမ ၆၇၉၅ အတွင်း၊ ပြင်ပဒေါ်လာပေါက်ဈေးမှာ တစ် ဒေါ်လာလျှင် ၉၉၂ ကျပ် ဖြစ်ကြောင်း သိရှိရသည်။