
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အရောင်းအ၀ယ်ပြန်ကောင်းလာတဲ့ အိမ်ခြံမြေဈေးကွက်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ယခင်နှစ်က အရောင်းအ၀ယ်ထိုင်းခဲ့သော်လည်း ယခုနှစ်တွင် ပြန်မတ်လာသည့် မန္တလေးအိမ်ခြံမြေဈေးကွက်မှ အိမ်ခြေတိုက်တာ တချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - ခင်ဆုဝေ
မနှစ်ကထက်စာရင် သွက်လာတဲ့ မန္တလေးရဲ့ အိမ်ခြံမြေဈေးကွက်သည် အဓိက ကုန်သွယ်ဘက် နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနယ်စပ်နှင့် အိန္ဒိယ နိုင်ငံနယ်စပ်မြို့များနှင့် ကုန်စည်စီးဆင်းရာ မြို့ဖြစ်သောကြောင့် ဆက် လက် တည် ငြိမ်နေဦးမည်ဖြစ်ကြောင်း ၀ါရင့်အိမ်ခြံ မြေအကျိုးဆောင် များက ပြောသည်။
၂၀၀၉ ခုနှစ်တွင် အရောင်းအ၀ယ်ထိုင်းခဲ့ခြင်းကြောင့် ယခုနှစ်အရောင်း အ၀ယ် ပြန်မတ်လာခြင်းဖြစ်သည်ဟု အကျိုးဆောင်တချို့ ကဆိုသည်။
"၉၇ တုန်းက ၀ယ်သူ ၂၀၀ မှာရောင်းသူ ၁၀၀ပဲရှိတယ်။ နောက် ၂၀၀၃၊ ၂၀၀၈ခုနှစ်တို့မှာအရောင်းအ၀ယ်သွက်လာခဲ့တယ်။ ၂၀၀၉ခုနှစ်မှာတော့ ထိုင်းခဲ့တယ်။ ၂၀၁၀ မှာတော့ အရောင်းအ၀ယ် ပြန်မီလာတဲ့ သဘောပါ ပဲ" ဟု ထွန်းသစ္စာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးတင်မောင် က ဆိုသည်။
လက်ရှိတွင် အရောင်းအ၀ယ် အသွက်ဆုံးအပိုင်းမှာ ကားကြီးဝင်း မြောက်ပိုင်း အိမ်ခြံမြေဈေးကွက် ဖြစ်ပြီး စွယ်တော်သို့ ကားကြီးဝင်း ရွှေ့ခြင်းကြောင့်ဖြစ်ကြောင်း တညီတညွှတ်တည်းပြောသည်။ထိုနေရာသည် လွန်ခဲ့သော လေးငါးခြောက်နှစ်ဝန်းကျင်က ဈေးသိပ်မရှိ သော နေရာဖြစ်ခဲ့သည်။
"မြို့ကတောင်ဘက် ရွှေ့ရွှေ့သွားတယ်။ ဒါကြောင့် တောင်ဘက်ပိုင်းတွေက ဈေးကောင်းရလာပါတယ်။ ပြီးတော့ မန္တလေးရဲ့ ဘာသာ ရေး ကိုင်းရှိုင်းတဲ့ ဓလေ့တစ်မျိုး ရှိတာကြောင့် ဘယ်လောက်ပဲ မြို့ထဲ ဧရိယာဖြစ်ဖြစ် ဘုန်းတော်ကြီးကျောင်းနဲ့နီးရင် ဈေးလျော့လေ့ရှိ ပါတယ်။ နောက်ပြီးတော့ မီးပွိုင့်နဲ့နီးရင် ဓမ္မာရုံနားနီးရင် ဈေး လျော့ပါတယ်"ဟု ၀ါရင့်အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။
အဓိကလမ်းပေါ်ရှိ အိမ်ခြံမြေဈေးနှုန်းသည် ၎င်းနှင့် ကပ်လျက် ကြားလမ်းများရှိဈေးနှုန်းထက် လေးငါးဆမကများလေ့ မရှိသလို လမ်း ပေါ်ရှိ ထောင့် ကွက်များသည်လည်း ကြားကွက်ထက် ဈေးပိုခေါ်နိုင်သည်လည်း ဆိုသည်။
"မန္တလေးမှာက ပေ ၄၀-ပေ ၆၀နှုန်းကို စံထားပြီး ရောင်းတယ်။ ဒီအကွက်တွေအတွက် မြို့သစ်ဘက်က အကွက်တွေက အတိအကျရှိ တော့အဆင်ပြေပေမယ့် မြို့ထဲကအကွက်တွေကျတော့ပေကျယ်ဝိုင်းဆိုတော့ အဆင်မပြေပါဘူး။ အဲဒီတော့ အလျားပေကို သင့်တော် တဲ့ စံနှုန်း သတ်မှတ်ပြီး အရောင်းအ၀ယ် လုပ်ကြတယ်။ လမ်းမ ပေါ်က ပေ ၃၀-၁၀၀ ရှိတဲ့အကွက်ကို ပိုင်းတွက်ပြီးအကွက်သတ်မှတ် ပြီး ဘယ်နှစ်ကွက်ရမလဲဆိုပြီးတော့ စံသတ်မှတ်ထားတဲ့ အထိကို လမ်းမပေါ် ဈေး၊ နောက်အကွက်ကို ကြားကွက်ဈေးနဲ့ ဖြတ်ပြီးဘယ် လောက်ဆိုပြီး အရောင်း အ၀ယ်ပြုလုပ်ကြပါတယ်"ဟု လမ်း ၃၀ အနီးက အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ဆိုသည်။
လက်ရှိ မြေဈေးကွက်သည် ၈၄ လမ်း ပေါ်တွင် မျက်နှာဖွင့်တစ်ပေလျှင် သိန်း ၂၀၀-၃၀၀ ကြား၊ လမ်း ၈၀ ပေါ်တွင် သိန်း ၂၅၀မှ သိန်း ၃၀၀၊ လမ်း ၃၀ မြောက်ဘက်ပိုင်းတွင် သိန်း ၂၀၀ ပတ် လည်၊ ၈၅ လမ်းနှင့် ၈၆ လမ်းပေါ်တွင် သိန်း ၁၅၀ ၀န်းကျင်ဈေးပေါက်ခဲ့သည်။ ကားကြီးဝင်း မြောက်ဘက်ရှိ ပေ ၄၀ ၊ ၆၀ အကွက်သည် တစ်ကွက်လျှင် သိန်း ၇၅၀ ၀န်းကျင်ရှိသည်။
အငှားဈေးနှုန်းတွင် အာရှဓနဘဏ်အဟောင်းကိုငှားသော တစ်လသိန်း ၆၀မှာ အမြင့်ဆုံး ဖြစ်နေပြီး ယခုအချိန်ထိ ထိုဈေးထက်ပိုသော အငှား မရှိ သေးချေ။ လမ်း ၃၀၊ ၃၁ လမ်း၊ ၃၂ လမ်း တွေ၊ နောက် ၈၄ လမ်း၊ ၈၅ လမ်း၊ ၇၈ လမ်း၊ ၇၃ လမ်းတစ်လျှောက်တွင် အငှား ဈေးကောင်းခဲ့သည်။