
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
တောင်ပြုန်းပွဲ စည်ကားသော်လည်း အရောင်းအ၀ယ်ပါး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ချိုးရေတော်သုံးရန် မင်းနှစ်ပါးထွက်တော်မူ အလာကို တိုးဝှေ့ စောင့်ဆိုင်းနေကြသော တောင်ပြုန်းပွဲလာ ပရိသတ်တချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - မန်းသားလေး
ဩဂုတ်လ ၁၈ရက်နေ့က စတင်ပြီး ဩဂုတ်လ ၂၅ရက်နေ့အထိ ရှစ်ရက် တိုင်တိုင် ကျင်းပခဲ့သော တောင်ပြုန်း ပွဲတော်သည် ယမန်နှစ် ထက် စာ လျှင်ပိုမိုစည်ကားသော်လည်း အရောင်းဝယ်များပါးကြောင်းတောင်ပြုန်း ပွဲ ဈေးသည် အသိုင်းအ၀ိုင်းများထံမှ တစ်ဆင့် သိရသည်။
"အုန်းငှက်ပျောပွဲတွေက ဟိုးအရင်နှစ်ကဆိုပွဲပေါင်း သောင်းကျော်ထွက် တာ။ဒီနေ့လိုရက်မျိုးဆို ရောင်းလို့တောင် မလောက်ဘူး။ အခု အုန်းငှက် ပျောပွဲတွေ ရာကျော် လောက်ပဲ ရောင်း ရပါသေးတယ်" ဟု တောင်ပြုန်း ငှက် ပျောသီး ဈေးရောင်းတန်းမှ ဈေးသည် တစ်ဦးက မင်းနှစ်ပါး ချိုးရေ တော်သုံး သည့် ဩဂုတ်လ ၂၁ ရက်နေ့တွင် ပြောသည်။
"ဒီနှစ်ငှက်ပျောသီးတွေက မတ္တရာကသိပ်ပြီးမထွက်ဘူး။ မန္တလေးဘက် ကနေမှာကြရတာ။ အဲဒီဘက်မှာယူကြရတော့ သယ်ယူစရိတ်ပိုတာပေါ့။ ငှက်ပျောတစ်ဖီးကို ကျပ်၇၀၀ လောက် ရှိပါတယ်။ ဒီမှာတော့ ငှက်ပျော သီးတွေကို ပွဲပြင်ရောင်းကြတာလေ။ ဒီနှစ် က ရောင်းဈေးနဲနဲပိုသွားတာပေါ့"ဟု ငှက်ပျောသီး ရောင်းတန်းမှ ဈေးသည် တစ်ဦးက ပြော သည်။
မတ္တရာနယ်တွင် ရာသီဥတု အခြေ အနေကြောင့် အုန်းသီးနှင့် ငှက်ပျောသီး များ အထွက်နည်းကြကြောင်း သပြေ ပန်းနှင့် သစ္စာပန်း များကိုလည်း မတ္တရာ၊ မန္တလေး၊ လက်ကောင်း၊ ကျောက်မီးနှင့် ပြင်ဦးလွင်တို့ဘက်မှ ၀ယ်ယူကြောင်း သိရသည်။
"ပန်းတွေ ရောင်းကောင်းပါတယ်။ သပြေပန်းတွေ အ၀ယ် များတယ်။ ပန်းစုံကိုလည်း ၀ယ်ကြတယ်။ ရွှေပန်းနဲ့ ငွေပန်းကုံးတွေလည်း တော်တော် ရောင်းရပါသေးတယ်"ဟု နန်းဆောင်ကြီး အပြင်ဘက်၌ ပန်းရောင်းသူ တစ်ဦးက ပြောသည်။
သပြေပန်းများမှာ တစ်စီးလျှင် ကျပ် ၂၀၀ ပေးရပြီး သစ္စာပန်း၊ သပြေနှင့်အခြား ပန်းအစုံတစ်စီးမှာ ကျပ် ၅၀၀ ရှိသည်။ ရွှေပန်းကုံးနှင့် ငွေပန်းကုံးများမှာ ကျပ် ၁၀၀ မှ ကျပ် ၃၀၀ အထိ ရှိကြောင်း သိရသည်။
"ကျွန်မအောက်ဘက်ကလာတာပါ။ သနပ်ခါးကျောက်ပျဉ်လာရောင်းတာ။ မန္တလေးကို ရထားနဲ့လာတာ။ ပြီးမှ ကားငှားပြီး တောင်ပြုန်း ပွဲကူးလာတာ။ ကားခကို ၈၀,၀၀၀လောက်ပေးရတယ်။ ဒီရောက်တော့ ဆိုင်ခန်းကြေးက နှစ်သိန်းခွဲလောက်သွင်းလိုက်ရတယ်။ အရင်း တောင်ကြေပါ့မလား မသိပါဘူး"ဟု အောင်ပင်လယ် ဘိုးဘိုး ကြီး နတ်နန်းနားတွင် ဈေးရောင်းနေ သော ကျောက်ပျဉ်သည် တစ်ဦးက ပြောသည်။
တောင်ပြုန်းပွဲတော်အစဖြစ်သည့် ၀ါခေါင်လဆန်း ၁ရက်နေ့နှင့် ၂ရက် နေ့များမှစပြီး အနယ်နယ်အရပ်ရပ်မှ ဈေးသည်များတောင်ပြုန်း နယ်သို့ လာရောက် ဈေးရောင်းချလျက်ရှိကြောင်း၊ ၀ါခေါင်လဆန်း ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်များမှာ ဈေးရောင်း အကောင်း ဆုံးနေ့ များဖြစ်ကြောင်း၊ ယခုနှစ်တွင်မူ အဆိုပါနေ့များသို့ ရောက်ထိတိုင်အောင် အရောင်းအ၀ယ်ပါးလျက်ရှိကြောင်း သိရသည်။