Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

မြန်မာ့ဘွားသက်ရှည် အသက် ၁၁၈ နှစ်ပြည့်တော့မည်

ဖြိုးဝေကျော်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)
News Pic
ဓာတ်ပုံရိုက်လျှင် ဓာတ်ပုံယူလာပေးရန် မှာတတ်သော မြန်မာ့ဘွား သက်ရှည် ဒေါ်မြကြည်အား ဩဂုတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်

မြန်မာနိုင်ငံတွင် အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ထားသော မန္တလေးတိုင်း အမရပူရမြို့နယ်၊ ပေါက်ချိုင်ကုန်းကျေးရွာမှ ဘွားသက် ရှည် ဒေါ်မြကြည်မှာ ၎င်း၏မွေးသက္ကရာဇ်အရ လာမည့်အောက်တိုဘာ လတွင်မွေးနေ့တစ်ဖန်ရောက်ရှိပြီးအသက် ၁၁၈နှစ် ပြည့်မြောက်တော့ မည်ဖြစ်သည်။

၎င်း၏မှတ်ပုံတင်တွင်ဖော်ပြမှုအရမြန်မာသက္ကရာဇ် ၁၂၅၄ခုနှစ်၊သီတင်း ကျွတ်လဆန်း ၁ ရက်နေ့တွင် မွေးဖွား ခဲ့သော အဘွားဒေါ်မြကြည်မှာ လက်ရှိ တွင် အဆိုပါရွာရှိ ရွာဦးဘုန်းကြီး ကျောင်းပရ၀ဏ်အတွင်း အိမ် ငယ်လေး ၌ တစ်ဦးတည်း နေထိုင် လျက်ရှိသည်။ မန္တလေးမြို့ တွင်းမှ အဘွားအိမ်သို့ဆိုင်ကယ်ဖြင့်သွားပါက တစ်နာရီကျော်အချိန်ယူရသည်။

အဘွား၏ လှုပ်ရှားမှုဟန်ပန်မှာ ယခင်နှစ်အတိုင်း မပြောင်းလဲသေးဘဲ အကြားအာရုံ အားနည်းနေသော်လည်း အမြင်အာရုံမှာ ဖျတ်လတ်ဆဲ ဖြစ်သည်။ မကြာခဏချောင်းဆိုးတတ်သည်မှအပ လက်ရှိတွင်ကြီးမားသော ကျန်းမာရေးပြဿနာများမရှိကြောင်း အဘွားအနီးတွင်ရှိ နေသော ရွာသူရွာသားများက ပြောသည်။

အဘွားမှာ ယခင်ကအကြောင်းအရာများကို ပြန်ပြောင်းပြောနိုင်သေးသော်လည်း မပြည့်စုံဘဲအပိုင်းအပိုင်းများဖြစ်ကာ အချိတ်အဆက် မမိတော့ပေ။ရွာသူရွာသားများအပြောအရ၎င်းမှာအိမ်ထောင်နှစ်ဆက်ရှိခဲ့ပြီး မြေးဖြစ်သူတစ်ဦးမှာ အဆိုပါရွာတွင်ပင်ရှိနေသေးကြောင်း သိရသည်။

အင်တာနက်မှအချက်အလက်များအရ လက်ရှိတွင် ပြင်သစ်နိုင်ငံမှ အဘွားတစ်ဦးမှာ အသက် ၁၁၄ နှစ်ရှိ ပြီး ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ် စံချိန်တင်ထားသည်။ ထိုကဲ့သို့ ကမ္ဘာသိ အဖြစ် တရားဝင် စံချိန်တင်နိုင်ရန် ကျန်းမာရေး၊ အသက်အရွယ်၊ မျိုးရိုး စဉ်ဆက်စသည်တို့ အတွက် ခိုင်မာသော မှတ်တမ်း မှတ်ရာများ လိုအပ်မည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာန အသီးသီး က ပူးပေါင်း ဆောင်ရွက်လျှင် အကောင်အထည်ပေါ်နိုင်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဘွား ဒေါ်မြကြည်အား ရန်ကုန်မြို့ရှိ မင်္ဂလာဗျူဟာပရဟိတအဖွဲ့က မြန်မာတိုင်း(မ်)မှတစ်ဆင့် အလှူငွေများကို နှစ်စဉ်ပေးပို့လျက် ရှိရာ ပြီးခဲ့သော ဩဂုတ်လ ၁၄ ရက်နေ့က ယခုနှစ်အတွက် အလှူငွေ သွားရောက်ပေးအပ်စဉ် အဘွားနှင့် စကားပြောဖြစ်ခဲ့သည်။

* အဘွား နေကောင်းရဲ့လား။

ကောင်းပါတယ်။ နားက လေးနေပြီ၊ သိပ်မကြားရတော့ဘူး။

* ဒီလောက်ထိ အသက်ရှည်အောင် ဘာဂါထာတွေများရွတ်သလဲ အဘွား။

စာနဲ့တောင် ရေးပြလိုက်ချင်တာ၊ မရေးတတ်တော့လို့။ ငယ်ငယ်က ကျောင်းတက်ခိုင်းရင် ကျောင်းမရောက်ဘဲ လျှိုထဲမှာချည်း ၀င်ပုန်း နေခဲ့တာလေ။ ဒီလိုနဲ့ ကျောင်းထွက်ခဲ့ရတာ။ အခုတော့ တတ်ချင်ပါ့၊ ဘာစာဖြစ်ဖြစ် သင်ချင်လိုက်တာမှ..။

* ဟုတ်ပါပြီ၊ အဘွား ဘာဆေးတွေ သောက်သေးလဲ။

သွေးဆေးပဲ၊တစ်နေ့တစ်ကြိမ်သောက်တယ်။ အင်္ဂလိပ်ဆေးလုံးတွေကတော့ သောက်ရမှာမုန်းလွန်းလို့။ ပြီးတော့ ပရုတ်ဆီလိမ်းတယ်။

* အစားရော၊ ဘာတွေစားလဲ။

ထမင်းနဲ့ အသီးအရွက်ပဲ။ တစ်ရက် နှစ်ခါလောက် နည်းနည်းပဲ စားတယ်။ အသားငါးတွေ လုံးဝမစားဘူး။

* ဆေးလိပ်ကတော့ သောက်တုန်းပဲ နော်။ တစ်ရက် ဘယ်နှလိပ်လောက် သောက်လဲ။

မများပါဘူး၊ တစ်ရက် နှစ်လိပ် လောက်ပါ။ ဖက်ကြမ်းကြိုက်တော့ ငယ်ကတည်းက သောက်ဖြစ်နေတာ။

* အဘွား ဘယ်အချိန်တွေအိပ်လဲ။

သိပ်မအိပ်ဖြစ်ဘူး။ ညလည်း ထထိုင် ပြီး ဘုရားပဲရှိခိုးတယ်။ ညဆို ငှက်ကြီး က ဒီရှေ့ကဖြတ်ပြီး ဘုရားကို အမြဲတမ်း ပတ်တယ်။ အဲဒါဆို အဘွားက အမြဲ ဘုရားရှိခိုးတယ်။

* အဘွားက တစ်ယောက်တည်းပဲနေ တာလား၊ အဖော်မခေါ်ထားဘူးလား။

ခေါ်မနေပါဘူး၊ တစ်ယောက်တည်း ပဲ အေးတယ်။

* အဘွား ဘာတွေလဈထားသေးလဲ။ အဘွားက အမြဲတမ်းလဈချင်နေတာဆို။

လှူတာက ၀မ်းထဲကကို လှူချင်စိတ် ဖြစ်နေတာ။ ဟော..ကြေးစည်လည်း လှူပြီးပြီ၊ ဗီရိုကြီးလည်း လှူပြီးပြီ။ ရှိရင် အကုန်လှူမှာပဲ၊ ဘာမှ စဉ်းစား မနေဘူး။ ဆွမ်းလည်း ကျွေးတယ်။ ဟဲ... ပြီးရင် ဆွမ်းကျွေးဖို့ တိုင်ပင်ရအောင် လာခဲ့ ကြဦး။ (အနားတွင် ရပ်နေသော အမျိုး သမီးကြီးနှစ်ဦးကို အလှူငွေအိတ် ကိုင်ထားရင်း လှမ်းပြောသည်။)