
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မတ္တရာမြို့မြောက်ဘက် လမ်းအချို့၌ ရေနစ်မြုပ်ခဲ့
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

မတ္တရာမြို့မြောက်ဘက် ဇီးဖြူပင်ကုန်းနှင့်တံငါသည်ရွာကြားလမ်း ပိုင်းတွေ ရေမြုပ်နေပုံကို ဩဂုတ် ၁၈ ရက် ညနေပိုင်းကတွေ့မြင်ရ စဉ်။ ဓာတ်ပုံ - စည်သူနိုင်
မတ္တရာမြို့နယ်ရှိ မန္တလေး-မိုးကုတ်လမ်း မတ္တရာမြို့မြောက်ဘက် ဇီးဖြူ ပင် ကုန်းနှင့်တံငါးသည်ရွာကြားလမ်းပိုင်းတချို့မှာ ဩဂုတ်လ ၁၈ ရက် နေ့ မွန်းလွဲ ပိုင်းမှစ၍ ရေနစ်မြှုပ်ခဲ့ကြောင်း သိရှိ ရသည်။
"မိုးကုတ်ဘက်က မိုးရေချိန်များနေတာကြောင့် ဆည်ထဲကို ရေပမာဏ တော်တော် များများဝင်လာလို့ ဩဂုတ် လ ၁၇ ရက်နေ့ နေ့လယ် လောက်က တည်းက ရေပမာဏ ခြောက်ပေခွဲ လောက် ရေလှပ်ပေး လိုက်ပါတယ်။ ဆည်ပေါက်လို့ ရေလျှံတာ မဟုတ်ပါဘူး။ ရေလှပ်မပေး ခင် ကျွန်တော်တို့ဆည်မြောင်းဘက်ကတာဝန်ရှိသူတွေကိုရော၊ မယက အဖွဲ့အစည်းတွေ ကိုရော ကြိုတင်အကြောင်းကြားပြီးမှ လုပ်တာပါ။
"နှစ်စဉ်နှစ်တိုင်း အခုလို ရေလှပ်ပေး နေကျပါ။ ရေလှပ်ပေးတဲ့ ပမာဏ လည်း အတူတူပါပဲ။ ဒီနှစ်ကတော့ ဆည်က ရေလှပ်လိုက်တာရယ်၊ မန္တလေးနဲ့ ဆည်တော်ကြီးကြားက ချောင်းတွေကပါ ရေကျလာတာ ဆုံ သွားလို့နည်းနည်းအခက်အခဲတွေ့သွားတာပါ။ လူ ၃,၀၀၀ လောက် ရွှေ့ပြောင်းရတယ်ဆိုတာလည်းမဟုတ်ပါဘူး။အသေအပျောက် လည်းမရှိပါဘူး"ဟု ဆည်တော်ကြီးရေလှောင်တမံမှတာဝန်ခံ ဦးဇေယျာလှက ပြောသည်။
ဆည်တော်ကြီး ရေလှောင်တမံသည် နှစ်စဉ်နွေစပါးဧကခုနစ်သောင်းကျော်နှင့်မိုးစပါးဧက ရှစ်သောင်းခန့်ကိုရေပေးဝေနေရပြီးရေအား လျှပ်စစ် ကီလိုဝပ် နာရီသန်းပေါင်း ၁၃၄ သန်း ကိုလည်း ထုတ်လွှတ်ပေးသည့် အတွက် ဆည်လုံခြုံရေးကို ယခုကဲ့သို့ ရေလှပ် ပေးခြင်း ဖြင့် ထိန်းသိမ်းထားရခြင်းဖြစ် ကြောင်းနှင့် ယခုကဲ့သို့ မိုးရာသီကာလ မျိုးတွင် အနည်းဆုံးသုံးလေးပေမှ အများဆုံး ၁၄ ပေလောက်ထိ ရေလှပ် ပေးရလေ့ရှိကြောင်း ၎င်းက ဖြည့်စွက် ပြောသည်။
၁၇ ရက်နေ့ နေ့လယ်က ရေလှပ် ပေးပြီးနောက် ၁၈ ရက်နေ့ ၁၂ နာရီ နောက်ပိုင်း၌ မန္တလေး-မိုးကုတ်လမ်း၊ မတ္တရာမြို့ မြောက်ဘက် လမ်းပိုင်းတွင် သိသိသာသာ ရေများလာပြီး ကားငယ် များနှင့် ဆိုင်ကယ်များ လုံးဝ သွား လာ ၍ မရဘဲ ကားကြီးတချို့သာ ဖြတ်သန်း မောင်းနှင် နိုင်ခဲ့ကြောင်း သိရသည်။ ၁၈ ရက်နေ့ ညနေပိုင်း၌ ဇီးဖြူပင်ကုန်း တံတားအလွန် တွင် မိုးကုတ်သို့ သွား မည့် ကားအစီး ၅၀ ခန့် စောင့်ဆိုင်း နေခဲ့ရကြောင်း သိရသည်။
"နှစ်တိုင်းတော့ ရေများရင်ဆည်က ဖွင့်ချနေကျပဲ။ ဒီနှစ်တော့ ပိုများတယ် လို့ ပြောတယ်။ တောင်တံငါဂိတ်နားက စပြီး ပိတ်ထားတာ ကားတွေ ရပ်စောင့် နေခဲ့ရတယ်။ ၁၈ ရက်နေ့ညတော့ ရေနည်းနည်းလျော့သွားလို့ ကျွန်တော်တို့ကားတွေမန္တလေးကို ပြန်ရောက်လာ တယ်"ဟု မတ္တရာမြို့တွင် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသည့် မန္တလေးမှ လုပ်ငန်းရှင် ဦးအောင်ရွှေက ပြောသည်။
တံငါသည်၊ အုတ်ဖို၊ တမာကုန်း စသည့်ရွာများထဲသို့ ရေ၀င်ခဲ့ပြီး ဩဂုတ် လ ၂၀ ရက်နေ့မနက်ပိုင်းတွင်မှ ရေသိ သိသာသာလျော့ကျ သွားကြောင်း သိရသည်။
ဆည်တော်ကြီး ရေလှောင်တမံသည် ၁၉၇၆-၇၇ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၈၆-၈၇ ခုနှစ်၌ ပြီးစီးခဲ့သည့် မြေသား၊ ကွန်က ရစ် ကျောက် ဖြည့်တမံအမျိုးအစားဖြစ်ပြီး ကန်ရေ ပြည့် ရေလှောင် ပမာဏမှာ ၃၆၃,၀၀၀ ဧက ပေရှိသည်။ တမံ အလျားမှာ ၄,၁၂၀ ပေ ရှိပြီး အမြင့်မှာ ၁၃၃ ပေ ဖြစ်သည်။