
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
သုံးလအတွင်း သရက်သီး ဒေါ်လာ ၁၀ သန်းဖိုး တင်ပို့
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)
ယခုနှစ်ပြီးခဲ့သည့် ဧပြီ၊ မေနှင့်ဇူလိုင်လများအတွင်း မြန်မာ့သရက်သီးများကို ပြည်ပသို့ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖိုး တရုတ် နိုင်ငံသို့ တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း နယ်စပ်ကုန် သွယ်ရေး ဦး စီးဌာန၏ စာရင်းများအရ သိရသည်။
ထိုကဲ့သို့တင်ပို့မှုတွင် စိန်တလုံးသရက်တန်ချိန် ၅,၀၀၀ကျော်၊ ဟင်္သာ သရက်တန်ချိန် ၁၆,၆၀၀ ကျော်နှင့် သရက်သီးအကြမ်း တန်ချိန် ၁၁,၀၀၀ ကျော်ပါဝင်ခဲ့ပြီး ဟင်္သာသရက်တင်ပို့မှု မှာ အမေရိကန်ဒေါ်လာ ငါးသန်း ကျော်ဖိုးရှိခဲ့ကြောင်း သိရသည်။
သရက်သီးများကို တရုတ်သို့ ရှမ်းပြည်နယ် မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးစခန်းမှ တစ်ဆင့်တင်ပို့ နေရာ လက်ရှိတွင် ၁၅ ကီလိုဂရမ် ရှိ အိတ်စွပ်ထားသော စိန်တလုံး သရက်မှာ တစ်လုံး လျှင် အများဆုံး ၁၀၅ ယွမ်မှ အနည်းဆုံး ၂၅ ယွမ်၊ ဟင်္သာ သရက်မှာ အများဆုံး ၁၀၅ ယွမ်မှ အနည်းဆုံး ၂၀ ယွမ်အထိ ဈေးရရှိကြောင်း ကုန်သည်များက ပြောသည်။
၂၀၀၆ ခုနှစ် မတိုင်မီက မူဆယ်မြို့တွင်းရှိ သစ်သီးပွဲရုံများသို့သစ်သီးကားများရောက်ရှိပြီး တရုတ်နိုင်ငံ ကြယ်ဂေါင်သို့ တစ်ဆင့်တင်ပို့ ရောင်းချခဲ့ ကြောင်း၊ သစ်သီးပွဲရုံများ စုစည်းမှု မရှိဘဲ သီးခြား စီရောင်းချသည့် အတွက် ၀ယ်သူဈေးကွက်ဖြစ်ပြီး ဈေးနှုန်းအမှန် မရခဲ့ သဖြင့် ၂၀၀၆ခုနှစ်၊ဧပြီလ၌နိုင်ငံတော်၏ စီမံမှုဖြင့် မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်ဖွင့်လှစ်ပြီး သစ်သီးပွဲရုံများအား တစ်နေရာတည်း တွင်စုစည်း ထားရှိနိုင်ခဲ့ကြောင်း သိရ သည်။
၂၀၀၆ ခုနှစ် သရက်သီးရာသီမှစ၍ပွဲရုံတန်းတွင် တရုတ်ကုန်သည်များကို တိုက်ရိုက်ခေါ်ယူပြီး အမျိုးအစားနှင့် အရည်အသွေးအလိုက် ဈေးပြိုင်ဝယ်ယူသည့်စနစ်ကို ကျင့်သုံးစေခဲ့ရာ ပြည်တွင်း၌ပင်ရောင်းသူဈေးကွက်ဖြစ်လာပြီးဈေးနှုန်းအများဆုံးပေးနိုင်သူကိုစိတ်ကြိုက် ရွေးချယ်ရောင်းချ နိုင်ခဲ့ခြင်းကြောင့် ၂၀၀၈ ခုနှစ်တွင် သစ်သီးကုန်စည်ဒိုင်ကို စတင်ဖွင့်လှစ် နိုင်ခဲ့ခြင်းဖြစ်သည်။
"သရက်သီးစွပ်အိတ် ထုတ်လုပ်တဲ့ စက်ရုံကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ၂၀၀၉ ခုနှစ်က တည်ထောင်ပြီး ထုတ်လုပ်ပေးနေ ပါတယ်။
"လာမယ့် ၂၀၁၁ ခုနှစ် သရက်သီးရာသီ အတွက် တရုတ်ပြည်အတွင်းပိုင်းအထိ တင်ပို့ရာမှာ သရက်သီး အပူလောင်ပျက်စီးမှု၊ အမှည့် လွန် ပျက်စီးမှုမရှိစေဖို့ သရက် သီး ထည့်တဲ့ ပလတ်စတစ်ခြင်းစက်ရုံကို မူဆယ် ၁၀၅ မိုင်ဇုန်အနီး တုန်ခန်ရွာမှာ ဆောက်လုပ်ဖို့ စီစဉ် နေပါတယ်"ဟု နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်) ကို ပြောသည်။