
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ပဲတီစိမ်းနှင့် ပဲစင်းငုံ အနိမ့်ဆုံးဈေးသို့ရောက်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)
ဆက်တိုက်ကျဆင်းနေသော ပဲတီစိမ်း နှင့်ပဲစင်းငုံ ဈေးနှုန်းများသည် ဩဂုတ် လကုန်ပိုင်းတွင် ယခုနှစ်ရာသီအတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိနေသဖြင့် မန္တလေးဈေးကွက်၌ အရောင်းအ၀ယ် အေးနေကြောင်း သိရသည်။
ဩဂုတ်လကုန်ပိုင်းတွင် သုံးတင်းတစ်အိတ်လျှင် ပဲတီစိမ်းမှာကျပ် ၇၀,၀၀၀-၈၀,၀၀၀၊ ပဲစင်းငုံမှာကျပ် ၆၂,၀၀၀ ခန့်ပေါက်ဈေးရှိသည်။ ယခင် တစ်ပတ်နှင့်နှိုင်းယှဉ်က တစ်အိတ် ကျပ် ၅,၀၀၀ မှ ၈,၀၀၀ ခန့် ကျဆင်းလာ သည်။
"ပဲတီစိမ်းကတရုတ်ဘက်ကနေ အဓိက၀ယ်တာဆိုတော့ တရုတ်ယွမ်ငွေဈေးကျတာ၊ ၀ယ်လိုအားလျော့နေတာအပြင် ပြီးခဲ့တဲ့ ၁၅ ရက် လောက်က သီပေါတံတားပျက်တော့ လမ်းပန်းဆက်သွယ်ရေးခက်သွားတွေကြောင့် အ၀ယ် လုံးဝ ရပ်သွားတယ်။ အခု တံတားက ပြန် ကောင်းသွားပါပြီ။ နောက်ရက်တော့ အခြေအနေကစောင့်ကြည့်ရမှာပါပဲ။ အခုထိတော့ ၀ယ်လိုအားရော ဈေးပါပြန်ကောင်း မလာသေး ပါဘူး။
"ပဲစင်းငုံကလည်း ဒီနှစ်မှာ အနိမ့်ဆုံးဈေးရောက်နေပြီ။ အိန္ဒိယမှာ တစ်ကွမ်တယ်ကို ရူပီ ၃,၆၀၀ လောက်ကဆက် မကျပေမယ့် မြန်မာ ပြည်တွင်းဈေး ဆက်ကျနေတယ်။
"အိန္ဒိယက ဒီနှစ် ရာသီဥတု ကောင်း လာလို့ အထွက်နှုန်းများဖို့ သေချာ သလောက်ဖြစ်နေတော့ ပြည်ပ၀ယ်လို အားကိုရပ်ထားတယ်။ သူတို့က မြန်မာ ပြည်ထက် တစ်လလောက် အထွက် စောတော့ အောက်တိုဘာလ လောက် ဆိုရင် အသစ်စ ပေါ်လာတော့မယ်။
"အသစ်မပေါ်ခင်ကာလမှာ အိန္ဒိယက လိုအပ်ချက်ရှိလာရင် ၀ယ်လိုအား ပြန်လိုက်လာပြီး ဈေးပြန်ကောင်းလာဖို့ မျှော်လင့်နေကြတယ်။ တစ်အိတ်ကို ကျပ် ၈၀,၀၀၀-၉၀,၀၀၀ ၀န်းကျင်ရမှ ကုန်သည်တွေအတွက် အကျိုးအမြတ် ရှိမှာပါ။
"ဒါပေမယ့် အခုဈေးနဲ့ ၀ယ်လိုအားကို ကြည့်ပြီးကုန်သည်တချို့ကလည်း ပြန်တက်လာဖို့ကို မမျှော်လင့်ရဲကြဘူး"ဟု ပဲကုန်သည်တစ်ဦး က သုံးသပ်ပြောကြားသည်။
ပဲတီစိမ်းမှာ သုံးတင်းတစ်အိတ်လျှင်အမြင့်ဆုံးဈေး ကျပ် ၁၃၅,၀၀၀ကျော်အထိ ဇူလိုင်လကဖြစ်ခဲ့ပြီးနောက် ဈေးနှုန်းများ ကျဆင်းလာခဲ့ သည်။ ကျပ် ၉၅,၀၀၀ မှ ၁၀၂,၀၀၀ ၀န်းကျင်တွင်အတက်အကျဖြစ်နေရာမှ ယခုတစ်ပတ်တွင် အကျဆုံး ဖြစ်လာခြင်းဖြစ်ကြောင်း သိရ သည်။
ပဲစင်းငုံမှာ ၂၀၀၉ခုနှစ်၊နိုဝင်ဘာလတွင် အသစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ပေါ်ဦးစတွင် သုံးတင်းတစ်အိတ်ကျပ် ၈၄,၀၀၀ ခန့်ဖြင့်ဈေးဖွင့်ခဲ့သည်။
ဈေးနှုန်းများ တဖြည်းဖြည်းမြင့်တက် လာပြီး ၂၀၁၀ ပြည့်နှစ်၊ မေလတွင် ကျပ် ၁၀၆,၀၀၀ ခန့်ဖြင့် အမြင့်ဆုံး ဈေး သို့ ရောက်ရှိခဲ့သည်။
မေလကုန်မှစ၍ ဈေးနှုန်းများ ကျဆင်းလာရာမှ ယခုအခါ အကျဆုံး ဈေးသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ပဲတီစိမ်းနှင့် ပဲစင်းငုံဈေးများ အနိမ့် ဆုံး ဖြစ်နေသော်လည်း မတ်ပဲမှာ ယခင် သီးတင်းပတ်ဈေး၌ပင် တည်ရှိ နေပြီး သုံးတင်း တစ်အိတ် လျှင် ကျပ် ၈၄,၀၀၀ ခန့်ဈေး ရှိသည်။
တရုတ်နှင့်အိန္ဒိယမှဝယ်လိုအားရှိသောအခြားပဲဈေးနှုန်းများမှာ သုံးတင်းတစ်အိတ်လျှင်ပဲကြီး (အကြီး)ကျပ် ၁၀၀,၀၀၀၊ ပဲကြီး(အသေး) ကျပ် ၈၀,၀၀၀၊ ရှမ်းပဲပုပ် ကျပ် ၄၇,၀၀၀၊ ပဲယဉ်း ကျပ် ၅၄,၀၀၀၊ ထောပတ်ပဲ အကြီး ကျပ် ၈၄၀၀၀၊ မြေထောက်ပဲ ကျပ် ၄၈,၀၀၀၊ ကုလားပဲဖြူလုံးကြီး ကျပ် ၆၁,၅၀၀ အသီးသီး ဈေးပေါက်လျက်ရှိသည်။