Now! Fashion Forward

ခြောက်မိုင်ခွဲက ဆိတ်ငြိမ်တဲ့အိမ်ကလေး

ခံအကျယ်အ၀န်းစတုရန်းပေ ၆,၃၀၀ (ပေ ၇၀ x ပေ ၉၀) လောက် ခန့်မှန်း ခြေရှိပြီး မျက်နှာစာဘက်က အတော် လေး ကျယ်ကျယ်ဝန်းဝန်းရှိ ပါတယ်။ မြေမျက်နှာပြင်ကို ကွန်ကရစ်ခင်းထားပေမယ့် ခြံထဲမှာ အရိပ်ရသစ်ပင်ကြီး တချို့နဲ့ အလှပန်းပင် တချို့လည်း ရှိပါတယ်။ အဖြူရောင်နှစ်ထပ်တိုက်ရဲ့ ပုံစံက နှစ်ဖက်အလေးချိန်မျှနေတဲ့ ခေါက်ချိုးညီပုံစံ မျိုးပါ။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

မန္တလေးမြို့မှ ကားကြီးဝင်းတစ်ဝိုက် အရောင်းအ၀ယ်သွက်

ခင်ဆုဝေ
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၇)
News Pic
မန္တလေးမြို့တွင် အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်သွက် လျက် ရှိရာ အချက်အချာကျသည့် မြို့တွင်းတိုက်တာအိမ်ခြေတို့ကို ဇူလိုင် လကုန်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - ခင်ဆုဝေ

ကားကြီးဝင်းမြောက်ဘက်ကအကွက်တွေ၊ ၆၈လမ်း၊ ၆၆၊၆၅၊ ၆၄လမ်းနဲ့ ၆၇ လမ်းတွေမှာ ယခုနှစ်ထဲ အရောင်း အ၀ယ်သွက်ခဲ့တယ်လို့ သိရပါ တယ်။ ကားကြီးဝင်းနားကမက္ခရာလမ်း၊ ရွှေလှံဗိုလ်လမ်းပိုင်းတွေ လည်း အရောင်းအ၀ယ်သွက် တယ်လို့ ဆိုပါတယ်။ မြစ်ငယ်-ထုံးဘို ဖြတ်လမ်း ကမြေတွေ အရောင်းကတော့ စွယ်တော်ဘက်လည်း အရောင်းအ၀ယ် ဖြစ်ပါတယ်။

၆၈ လမ်းမှာ သိန်း ၇၀၀၊ သိန်း ၅၅၀ အနေအထား၊ ၆၂ လမ်းမှာ သိန်း ၇၅၀အနေအထား ဈေးဖြစ်နေသလို ၆၆ လမ်းနဲ့ ၆၇ လမ်းဘက်မှာ သိန်း ၄၅၀ ကနေ သိန်း ၅၀၀ ထိရှိပါတယ်။ ဒါတွေဟာ မြေကွက်ချည်းသီးသန့် အနေအထားဖြစ်ပါတယ်။တံတားပေါက်တဲ့ လမ်းပိုင်းကအရောင်းအ၀ယ် ကောင်းတယ်လို့သိရပါတယ်။ ဒီလိုနေရာတွေမှာ အရောင်းအ၀ယ်သွက် ခဲ့သလို စက်မှုဘက်တွေလည်း သွက်လာပါပြီ။

ရွှေဈေး၊ ယွမ်ဈေးအပြောင်းအလဲတွေကြောင့် မန္တလေးအိမ်ခြံမြေဈေး ကွက်ဟာ အရောင်းအ၀ယ်သွက်လာခဲ့ပြီး နောက်ထပ် ပိုသွက် ဖို့လည်းရှိတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တော်တော် များများက ခန့်မှန်းထားခဲ့ကြပါတယ်။ အဓိက ကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကကုန်သည်တွေဟာ မန္တလေးမြို့ကို ဦးတည်ကြလို့ပဲလို့ ဆိုပါတယ်။ အရင့် အရင်ကထက် ပိုမိုသန့်ရှင်းလာတဲ့ မန္တလေးမြို့ က ဈေးကွက်ကို ဦးဆောင် ခေါ်သွားမှာလို့ ဒေသခံတွေက ထင်မြင်ကြပါတယ်။

အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လည်း မန္တလေး အိမ်ခြံမြေ ဈေးကွက် ပိုမိုကောင်းလာဖွယ်ရှိကြောင်း၊ တရုတ် အများစု အခြေချရာ ဖြစ်တဲ့ မန္တလေး မြို့မှာ ယွမ်ဈေး အပြောင်းအလဲဟာ ဈေးကွက်ကို ပိုမိုဆွဲဆောင်နိုင်မှာလို့ လည်း သူတို့က ဆိုကြပါတယ်။

ဒီရက်ပိုင်းမှာကိန်းဂဏန်းကြီးကြီး လမ်းကောင်း၊ နေရာကောင်းတွေကလည်းအရောင်း၊ အငှားဈေးအပြိုင် ဈေးခေါ်နေတာကို တွေ့ရပါ တယ်။ အဲလို တွေ့ရသလို တကယ့်နေရာ တွေကလည်း စိတ်လှုပ်ရှားစရာ မထင် မှတ်တဲ့ဈေးနဲ့ ဈေးကောင်းပေးပြီး ၀ယ်ယူသွားကြ တာလည်း အများအသိ ဖြစ်ပါတယ်။

မန္တလေးမှာက ၉၇ ခုနှစ်တုန်းက အိမ်ခြံမြေအနေအထားလှုပ်ခဲ့ပေမယ့် အခု လက်ရှိအနေအထားကတော့ တည်ငြိမ်တဲ့ အနေအထား၊ လက်ရှိ ပေါက်နေတဲ့ ဈေးနှုန်းနဲ့ယှဉ်ရင် ကျ မသွားနိုင်တဲ့ အနေအထားလို့တော့ အများဆုံး သုံးသပ် ကြပါတယ်။ ၁၉၉၇ ခုနှစ်တုန်းက ရောင်းမယ့်လူ ၁၀၀ ရှိရင် ၀ယ်မယ့်လူ ၂၀၀ ဖြစ် နေခဲ့ပါတယ်။ အများစုက လည်း ကိုယ့်ရှိသမျှ ရောင်း ပြီး အိမ်ခြံမြေကို အဲဒီတုန်းက ၀ယ်ခဲ့တာပါ။ မန္တလေးအိမ်ခြံမြေဈေးကွက်ရဲ့ လက်ရှိ အနေအထားဟာ အိမ်ခြံမြေ၀ယ်လိုအားတိုးလာတာထက် ငွေကြေး ကြွယ်ဝချမ်း သာတဲ့ လုပ်ငန်းရှင်ကြီး များက မန္တလေးမြို့မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှု ပိုလာတဲ့အနေအထား ဖြစ်တယ်လို့ မန္တလေးမြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ တချို့က ဆိုပါတယ်။ နှစ်စဉ် ပုံမှန်အားဖြင့် ခုနစ်လပိုင်းက အရောင်းအ၀ယ် ကောင်း လေ့ရှိပါတယ်" လို့ ထွန်းသစ္စာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးတင်မောင်က ဆိုပါတယ်။