
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မဟာစည်လမ်းပေါ်က နေချင့်စဖွယ် တစ်ထပ်တိုက်ကလေး
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

နေရာ - အမှတ် ၂(ခ)၊ မဟာစည်လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြား။
ဈေးနှုန်း - ကျပ်သိန်း ၉၀၀ (အရောင်း ညှိနှိုင်း)
ဆက်သွယ်ရန် - ၀၉- ၂၀၃၀ ၄၃၁
ဒီတစ်ပတ်မှာ မန္တလေးမြို့ရဲ့ အနောက် ဘက်ပိုင်းမှာ ခြံဝင်းသီးသီး သန့်သန့်နဲ့ အေးချမ်းစွာနေထိုင်နိုင်မယ့် နံကပ် တစ်ထပ်တိုက်လေး တစ်လုံးကို ဖော်ပြပေးလိုက်ပါတယ်။
ဒီတိုက်ကလေးကိုရောက်ဖို့ မြို့ရဲ့ အရှေ့အနောက်သွားလမ်းမ တွေဖြစ်တဲ့ ၄၁ လမ်း၊ ဒါမှမဟုတ် ၃၅ လမ်းအတိုင်း အနောက် ဘက်ကိုဆင်းပြီးလိုက်သွားရင် မြို့ရဲ့ထင်ရှားတဲ့ မဟာစည်သာသနာ့ ရိပ်သာရှိတဲ့လမ်းကို ရောက်ပါမယ်။
အဲဒီလမ်းထဲမှာ ဒီတိုက်ဟာ အရှေ့ဘက်လှည့်ပြီး ရှိနေပါတယ်။
ခြံအကျယ်အ၀န်း မျက်နှာဖွင့် ၃၃ ပေ၊ အရှေ့အနောက်အလျား ပေ ၉၀ မှာ တိုက်ကိုဆောက်လုပ်ထားပြီး ၀င်းခြံ တံတိုင်းမျက်နှာစာပြည့်ကို သံပန်းတံခါး ဆင်ပေးထားပါတယ်။
တိုက်ရှိနေတဲ့ ဘယ်ဘက်ခြမ်းမျက်နှာစာကို သံပန်း ခေါက်တံခါးဆင်ထားပြီး ညာဘက်ခြမ်းကို ကား အလွယ်တကူသွင်းနိုင်အောင် နှစ်ဖက်ဖွင့်အဖြစ် လုပ်ထားပါတယ်။
တိုက်အကျယ်အ၀န်းက မျက်နှာစာ ပေ ၂၀၊ အရှေ့အနောက်အလျား ပေ ၄၀ ရှိထားတယ်။
မျက်နှာစာအပြည့်ကို သစ်သားခေါက်တံခါး တပ်ပေးထားတယ်။ တိုက်ရှေ့အတွင်းပိုင်း ၀င်ဝင် ချင်းက ဧည့်ခန်းဖြစ်ပြီး ဒီနေရာမှာပဲ နံရံကပ်ဘုရားစင်လုပ်ပေးထားတယ်။
ဧည့်ခန်းနဲ့ကပ်ရက် အနောက်ဘက်မှာ အိပ်ခန်းကျယ်တစ်ခန်း ရှိထားပါတယ်။ အိပ်ခန်းရဲ့အပြင်မှာ အနောက်ဘက်ကိုထွက်တဲ့ တံခါးပေါက် တစ်ပေါက်လည်း ရှိပါသေးတယ်။
ဒီတံခါးကနေ ထွက်လိုက်ရင် အနောက်ဘက်မှာ သီးခြားခွဲထုတ်ပေး ထားတဲ့ အဲကွန်းတပ် အိပ်ခန်းကျယ် တစ်ခန်းကို တွေ့ရမှာပါ။ ဒီအိပ်ခန်း ကျယ်မျက်နှာစာမှာ သီးခြားဆင်ဝင် လေးထုတ်ပေးထားပြီး အပြင်ကို ကြွေပြားခင်းကြမ်းခင်းထုတ် ပေးထား ပါတယ်။
တိုက်ကို ဘယ်ဘက်ထောင့်မှာ ကပ် ဆောက်ထားလို့ ညာဘက်ခြမ်းနေရာ လွတ်မှာ ပန်းအလှပင်တွေ စိုက်ပျိုးထား နိုင်သလို အိမ်စီးကားတစ်စီးလည်း ကောင်းကောင်းရပ်နိုင်အောင် ကျယ် ၀န်းပါတယ်။
တိုက်ရဲ့အနောက်ဘက်မှာ နေထိုင် ဖို့၊ ဒါမှမဟုတ် အလုပ်လုပ်ဖို့အဆင်ပြေ နိုင်တဲ့၊ သပ်ရပ်တဲ့ သွပ်မိုး၊ ထရံကာ အဆောက်အအုံ တစ်လုံးပါဝင်ပါသေးတယ်။
ကားသွင်းလို့လည်းရပါတယ်။ဒီအထဲမှာပဲ အနောက်ဘက်မှာ မီးဖိုခုံ ဆင်ပေးထားတယ်။
ရေချိုးခန်းနဲ့ ရေလောင်းအိမ်သာကိုတော့ တိုက်ရဲ့အနောက်ဘက်မှာ သီးခြား ဆောက်လုပ်ပေးထားပါတယ်။
တိုက်အတွင်း ကြမ်းခင်းကို ကွန်ကရစ် ခင်းပေးထားပြီး ခြံဝင်းအတွင်းပိုင်းကို အုတ်ကွက်ဖော်ကြမ်းခင်း အပြည့်ခင်းထားပါတယ်။
ရေမီတာ၊ မီးမီတာပါဝင်တဲ့ ဒီတိုက်ဟာ သင့်တင့်တဲ့ မိသားစုဝင်ဦးရေရှိသူတွေနဲ့ ကိုက်ညီနိုင်ပြီး ပတ်ဝန်းကျင် အနေအထားကလည်း အေးချမ်းဆိတ် ငြိမ်ပါတယ်။
ဈေးနှုန်း အလယ်အလတ်တန်းမှာ ၀ယ်ယူဖို့စိတ် ကူးသူတွေအနေနဲ့ ထည့်သွင်းစဉ်းစားနိုင်တာကြောင့် စိတ်ဝင်စားရင် ဈေးနှုန်းကို ဆက်သွယ် ညှိနှိုင်းကြည့်နိုင်ပါတယ်။