
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ပန်းချီဆေးရေးချည်ထည်များ လူကြိုက်များလာလျက်ရှိနေ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

ပန်းချီဆေးရေးလုံချည်တစ်ထည် ရရှိရန် အရောင်သွင်း ဆေးခြယ်နေစဉ်။ ဓာတ်ပုံ-ရွှေစင်ခိုင်
ဒီဇိုင်းဆန်းသစ်လှပခြင်း၊ ဆေးရောင် ခိုင်ခံ့ခြင်း၊ ဈေးနှုန်းသင့်တင့်စွာဖြင့် ပွဲဝင်နိုင်ခြင်းစသည့်အချက်များကြောင့် ပန်းချီဆေးရေး ချည်ထည် များကို အမျိုး သမီးများ အကြိုက်များလာပြီး ၀တ်ဆင်သူများလာ ကြောင်း သိရသည်။
"လွန်ခဲ့တဲ့လေးနှစ်လောက် ကတည်း ကပန်းချီဆေးရေးအထည်တွေ စပေါ်ခဲ့ ပေမယ့် ချက်ချင်းခေတ်စားလာတာမဟုတ်ပါဘူး။ အဲဒီတုန်းက ထုတ်လုပ် တဲ့သူလည်း နည်းပါသေးတယ်။ ပစ္စည်းရှားပြီး ဈေးနှုန်းလည်း များပါတယ်။ ကျော်ကြားတဲ့သူတွေ၊ ငွေကြေးတတ် နိုင်တဲ့သူတွေ အော်ဒါမှာပြီး သီးသန့် ၀တ်ကြတာမျိုးပဲ ရှိခဲ့ပါတယ်။ အခု နောက်ပိုင်းမှာ ထုတ်တဲ့သူများလာပြီး အများသုံးဖြစ်လာတာကြောင့် ဈေးနှုန်းလည်း သက်သာလာပါတယ်။
"ချည်သားပေါ်မှာ ပန်းချီဒီဇိုင်းတွေကို ဆေးနဲ့ရေးထားတာဆိုတော့ အရောင် ကျွတ်မှာစိုးရိမ်ကြတယ်။ နိုင်ငံခြားက ၀င်လာတဲ့ အထည်မျိုးစုံနဲ့ယှဉ်ပြီးသုံးရတာဆိုတော့ ရောင်းသူတွေကလည်း စိတ်ရှည်လက်ရှည်နဲ့ အချိန်ယူရောင်းခဲ့ရတယ်။
တချို့အမျိုးသမီးတွေက ဒီဇိုင်း လေးကြိုက်ပြီး ၀ယ်နိုင်လောက်တဲ့ ဈေးနှုန်းလည်းဖြစ်တော့ စွန့်စားပြီးဝယ် ၀တ်ကြည့်ကြတယ်။
စမ်းဝတ်ရင်း ဆေးရောင်မကျွတ်တာ သိလာကြတော့ ဆက်သုံးလာကြပြီး သင့်တင့်တဲ့ဈေးနှုန်းနဲ့ ပွဲတက်အ၀တ် အစားအဖြစ် ၀တ်နိုင်တော့ လူကြိုက် များလာတယ်။ အသားနဲ့ ဆေးရောင် က လူလက်ခံလာပြီဆိုတော့ ဒီဇိုင်းတွေကို ဆန်းသစ်အောင်ထိန်း ထားနိုင်မယ် ဆိုရင် ဈေးကွက် ပိုမိုကျယ်ပြန့်လာမှာပါ"ဟု ကုမုဒြာအထည်ဆိုင်မှ ဦးခင် မောင်သန်းက ဆိုသည်။
လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင်က ပိုမိုတိုး တက်ကောင်းမွန်လာသော နည်းပညာများသည် ပန်းချီဆေးရေးအထည်များကို ဖွံ့ဖြိုးစေသော အကြောင်းတစ်ချက် ဖြစ်သည်။
ရိုးရာချည်ထည်များသည် အသား အေးသော်လည်း အရောင်ကျွတ်ပြီး အထည်ကျလွယ်သောကြောင့် အသုံး နည်းလာသဖြင့် ၂/၈၀ ချည်ကို ယုံဟာလီချည်နှင့် တွဲဖက်ပြီးချည်ထည် အမျိုးအစားသစ်ကို ထုတ်လုပ်ခဲ့ကြ သည်။
အရောင်အသွေး တောက်ပသော် လည်း အသားမာသဖြင့် နိုင်လွန်ချည် နှင့် ဆင်တူသောကြောင့် လူကြိုက်နည်းခဲ့သည်။
ပေါင်းစက်များ ပေါ်ပေါက်လာသည့်အခါ အဆိုပါချည်သားမှာ ပေါင်းတင်ပြီးနောက် ရိုးရာချည်သားကဲ့သို့ ပျော့ပျောင်းလာသဖြင့် လူကြိုက် များလာသည်။
အဆိုပါ ၂/၈၀ ချည်နှင့် ယုံဟာလီ ချည် တွဲဖက်ရက်လုပ်ထားပြီး ပေါင်းစက်ဖြင့် ပေါင်းတင်ထားသော ချည်ထည်များပေါ်တွင် ပန်းချီဆေးရေး ချည်ထည်များအဖြစ် ဈေးကွက်၌ လူကြိုက်များလာခြင်းဖြစ်သည်။
ပန်းချီဆေးရေး အထည်များတွင် လက်ရေးပန်းချီ၊ ဂန်းဖြင့် ဆေးမှုတ် ပန်းချီ၊ ဖောင်းကြွပန်းချီ၊ အရိပ်ပန်း၊ ရွှေကြိုးသွင်း၊ ငွေကြိုးသွင်း၊ ရွှေပါးကပ် ပန်းချီစသည်ဖြင့် ဒီဇိုင်းဆွဲ နည်းမျိုးစုံ ရှိသည်။ ၎င်းပြင် ပန်းချီကို အခြေခံ သော စက်ပန်းထိုး၊ လက်ပန်းထိုး အထည်များ လည်း ဆေးရေးပန်းချီများ နည်းတူ လူကြိုက်များကြောင်း သိရသည်။
"ဈေးကွက်ကျယ်ပြန့်လာတာက လက်မှုပညာဖြစ်ပြီး ပန်းချီနည်းပညာနဲ့ အမရပူရ ရိုးရာလုပ်နည်းလုပ်ဟန်တွေ ပေါင်းစပ်တာကို လူတွေနှစ်သက် လက်ခံလာကြတာပါ။
"ဒီဇိုင်းတွေက ခေတ်ပေါ် ပန်းချီဆန် လာတယ်။ လွတ်လပ်စွာဆွဲတဲ့ပုံတွေကို ပိုကြိုက်လာကြတယ်။ ပန်းပွင့်အများ ကြီးအစား ပန်းပွင့်အကြီးကြီးတစ်ပွင့် တည်း ရှင်းရှင်းတွေ၊ အရောင်ယဉ်ယဉ်၊ နုနု လေးတွေကို မြို့ပြကကြိုက်ကြပြီး နယ်တွေက ဒီဇိုင်းရှုပ်ပြီး အရောင်စုံ၊ တောက်ပတာကို ကြိုက်ကြတယ်။
"မိန်းမသဘာဝ အားလုံးတူတာက တော့ရွှေပါတာကြိုက်ကြတယ်။ ပန်းပွင့် အနားတွေမှာ ရွှေကြော၊ ငွေကြောသွင်း ကြတယ်"ဟု အမရပူရမြို့ အောင်ကျော်ဟိန်း ပန်းချီဆေးရေးချည်ထည် လုပ်ငန်းမှ ဆိုသည်။
လက်ရေးပန်းချီတွင် ပုံဖောက်ထား သောကတ်ပြားများဖြင့် အထည်ပေါ် တွင်ဆေးဖြည့်ခြင်း၊ အထည်ပေါ်တွင် တိုက်ရိုက် ပန်းချီရေးဆွဲခြင်းဟူ၍ ကွဲပြားသည်။
"လုပ်ငန်းအခေါ်အရ ကတ်ရိုက်တယ်လို့ခေါ်တဲ့ ကော်ပြားကို ဒီဇိုင်း ပုံဖောက်ထားပြီး အထည်ပေါ်မှာဆေးနဲ့ လိုက်သုတ်ပေးတဲ့ နည်းကတော့ သာမန်အလုပ်သမားတွေ လုပ်နိုင်ပါ တယ်။ ဆေးအထူအပါးညှိပြီး လုပ်ရုံ ပါပဲ။ ကတ်ရိုက်တာက တစ်ထည်ကို ၁၅ မိနစ်က နာရီဝက်လောက်ပဲ ကြာလို့ ခဏအတွင်းမှာ အထည်အများ ကြီး လုပ်နိုင်ပါတယ်။
"အထည်ပေါ်မှာ တိုက်ရိုက်ဆွဲတဲ့ လက်ရေးပန်းချီကတော့ ပညာသားပါ ပါတယ်။ ပန်းချီဆွဲသလို အထည်ပေါ်မှာ တိုက်ရိုက်ဆွဲရတာပါ။ ပန်းချီပညာ အခြေခံရှိပြီး လုပ်ငန်းလည်း ကျွမ်းကျင်မှ ဆွဲနိုင်မှာပါ။ လက်ရေးပန်းချီမှာ ထူးခြားမှုရှိပြီး မော်ဒန်ဖြစ်တဲ့ဒီဇိုင်းတွေ၊ မင်းသမီးတွေ ၀တ်တဲ့ဒီဇိုင်းတွေ ခေတ်စားလာပါတယ်"ဟု ကိုအောင်ကျော်ဟိန်းက ရှင်းပြသည်။
ဆေးရေးပန်းချီချည်ထည်ဈေးကွက် ကျယ်ပြန့်လာခြင်းသည် တောရော မြို့ပါ ပျံ့နှံ့ပြီး လူတိုင်းအာရုံစိုက်မိနိုင်သော အရောင်အသွေး၊ အဆင်ဒီဇိုင်းနှင့် ဈေးနှုန်းများကြောင့်ဖြစ်သည်။
အထည်တစ်ထည်၌ လက်ရေး၊ ဂန်းမှုတ်၊ ဖောင်းကြွနှင့် ရွှေကြောကပ်နည်း ပညာများကို ပေါင်းစပ်အသုံးပြုကြသည်။ အနည်းဆုံးနှစ်နည်း ပါဝင် ပြုလုပ်ရသည်။
လက်ရေးပန်းချီများမှာ လူကြိုက် အများဆုံးဖြစ်ပြီး ဈေးနှုန်းပိုမြင့်သည်။ပန်းချီလက်ရာ ကွာခြားသော်လည်း ကတ်ရိုက်ထည်များကို ဈေးတန်းတစ်ခု အဖြစ် ထုတ်လုပ်ကြပြီး ဈေးကွက်ရှိ ကြောင်းသိရသည်။
ကတ်ရိုက်သမားမှာ တစ်ထည်လျှင် လက်ခ ကျပ် ၂၀၀ မှ ၃၀၀ ၀န်းကျင် ရရှိသည်။ လက်ရေးသမားမှာတစ်ထည် လျှင် ကျပ် ၁,၈၀၀ ဖြစ်ပြီး ဂန်းသမား မှာ ကျပ် ၈၀၀၊ ရွှေကြော၊ ငွေကြော သွင်းသမားမှာ တစ်ထည်လျှင် ကျပ် ၂၅၀ ဖြစ်သည်။
ပိုးချည်နှင့် ယုံယာလီချည်ရောသော ပိုးထည်ပေါ်တွင်လည်း ပန်းချီဆေးရေးကြသည်။ ပိုးထည်ဆေးရေးအထည်များ ဆေးရေးခမှာ မြင့်မားပြီး ဈေးနှုန်းလည်းမြင့်သည်။
"ပိုးယုံဝမ်းဆက်ကို သိန်းဂဏန်း ရှိပါတယ်။ ပန်းချီဆေးရေးခကိုက ၁၈,၀၀၀၊ ၂၀,၀၀၀ ကနေ သုံး၊ လေးသောင်းအထိ ဘော်ကြယ်၊ စီးကွင့်တပ်တာ၊ ကျောက် သွင်းပေးတာစတဲ့ ဖန်တီးမှုအလိုက် ပိုပေးရပါတယ်။ ပိုးထည်ကသီးသန့် အော်ဒါနဲ့ ရန်ကုန်လိုင်းသွားတာ များပါတယ်။ အမရပူရမှာပညာတော်ပြီး ပညာကို တန်ဖိုးထား၊ လျှို့ဝှက်ထားတဲ့ ပိုးရေးပညာရှင်တွေ ရှိပါတယ်"ဟု ကုန်သည်တစ်ဦးက ဆိုသည်။
ကုန်သည်များမှာ အမရပူရမြို့ တစ်ခွင်ရှိ ပန်းချီဆေးရေး လုပ်ငန်းများသို့ အထည်အပ်၊ အထည်ကောက်ပြီး မန္တလေးဈေးချို၊ မန်းမြန်မာပလာဇာ၊ ရတနာပုံယာယီ ဈေးစသည်တို့သို့ တင်ပို့ကြသည်။
"အရည်အသွေးကောင်းဖို့ ပထမ ဆုံးကထုတ်လုပ်သူပေါ့။ အောက်ခံချည် သား၊ ဆေး၊ ပန်းချီလက်ရာ ကောင်းမွန် ဖို့လိုပါတယ်။ ဆိုင်သမားတွေက ကောင်းမွန်တာရွေးချယ်ဝယ်ယူပြီး သစ္စာ ရှိရှိနဲ့ ကိုယ်ဝယ်တဲ့ အမျိုးအစားအတိုင်း သင့်တော်တဲ့ဈေးနှုန်းနဲ့ မျိုးကွဲ တွေကို ကွဲကွဲပြားပြားရောင်းပေးဖို့ပါပဲ။ ကတ်ရိုက်ထည်ကို လက်ရေးသီးသန့်ထည်ဆိုပြီး ဈေးတင်ရောင်းတာမျိုး မဖြစ်သင့်ပါဘူး"ဟု ဆိုင်ရှင်တစ်ဦးက ဆိုသည်။
ပန်းချီဆေးရေး ချည်ထည်ဈေးနှုန်းများမှာ ထဘီတစ်ကွင်းစာနှင့် ၀မ်းဆက် တစ်စုံစာအလိုက် အခြေခံဈေးနှုန်းများ မှာ ၃,၅၀၀၊ ၅,၈၀၀၊ ၆,၀၀၀၊ ၉,၀၀၀ မှ ၁၁,၀၀၀ နှင့် အထက် အစားစား ရှိသည်။
"နယ်တွေပို့ရတာတော့ အကျယ်ပြန့် ဆုံး ၃,၅၀၀ ၀န်းကျင်တွေပါ။ ကွင်းရာချီ ပြီးပို့ရပါတယ်။ ဒီဘက်ခေတ်မှာ ဒီဇိုင်းတွေက ပျံ့နှံ့လွယ် ပါတယ်။ အမရပူရ တစ်မြို့လုံးလည်း ဒီလုပ်ငန်းကို လုပ်ကြတော့ တစ်ဦးတစ်ယောက်နာမည်ကြီးတာမျိုးမရှိပါဘူး။
"ဒီဇိုင်းကို ထိန်းချုပ်လို့မရတော့ ပန်းချီ စုတ်ချက်ကျွမ်းကျင်မှုက လိုက်လုပ်လို့မရတဲ့အတွက် ကိုယ့်လက်ရာ ကိုထိန်းရပါတယ်"ဟု လက်ရေးဆရာ တစ်ဦးက ဆိုသည်။
ဈေးကွက်ပိုမို ကျယ်ပြန့်လာသည် နှင့်အမျှ ဒီဇိုင်းပိုင်းဆန်းသစ်မှုများမှာ တိုးတက်လာသည်။ အဓိကအားဖြင့် ပန်းပွင့်နှင့် အရုပ်မျိုးစုံကို အခြေခံသော ပန်းချီများတွင် ဆေးပန်းချီရိုးရိုးမှ ဖောင်းကြွပန်းချီ၊ ရွှေ၊ငွေကွပ်၊ ကြိုးသွင်း၊ အမှုန်ကြဲ၊ နှုတ်ခမ်းသတ်ကြိုးသီ၊ ဂန်းဖြင့် မှုတ် စသည်ဖြင့် အမျိုးမျိုး ဆန်းသစ် လာကြရသည်။
ဒီဇိုင်းများဆန်းသစ်လာသော်လည်း ဈေးနှုန်းများမှာ ကျဆင်းလာသည်။ ကိုယ်ပိုင်ဒီဇိုင်းသီးသန့် အော်ဒါမှာ သော အထည်များသာ ဈေးနှုန်းကွဲပြား ကြောင်း သိရသည်။
"အရင်က ဒီအထည်ကို တကယ် ကြိုက်လို့ အော်ဒါကို ဈေးကြီးပေးမှာရ တယ်။ မကြိုက်တဲ့သူကလုံးဝကိုစိတ် မ၀င်စားဘူး။ အခုနောက်ပိုင်းမှာ အများကြိုက်ဖြစ်လာတော့ ထုတ်လုပ်သူ များလာပြီးဈေးကျလာတာပါ။ အရည် အသွေး၊ နည်းပညာနဲ့ ဒီဇိုင်းတွေက ပိုအဆင့်မြင့်လာပါတယ်"ဟု ဆိုင်ရှင် တစ်ဦးက ဆိုသည်။
ပန်းချီဆေးရေးချည်ထည်များ အရည် အသွေးကောင်းမွန်ရန်အတွက် ၂/၈၀ ချည်၊ ယုံဟာလီချည်တို့ဖြင့်ရက်လုပ်သည့် အောက်ခံ အထည်၏ အသား၊ ဆေးရောင်နှင့် ကော်ခိုင်ခံ့ခြင်း၊ ပန်းချီ ဒီဇိုင်းဆန်းသစ် လှပခြင်းနှင့် လက်ရာ သေသပ်လှပခြင်း စသည့် အချက်များပေါ်၌ မူတည်သည်။
တရုတ်မှဝင်ရောက်လာသော ဘိုင် နာနှင့်အခရက်လစ်ဆေးများကို အဓိက အသုံးပြုကြကြောင်းနှင့် ဆေးအရောင် ၁၀ မျိုးခန့် ၀င်ရောက်လာပြီး ပေါင်းစပ် အရောင်ထွင်ကြကြောင်းသိရသည်။ ယုံဟာလီချည်မှာလည်း တရုတ်နိုင်ငံမှ ၀င်ရောက်ခြင်းဖြစ်ပြီး အရောင်အသွေး စုံလင်ပြီး ဆေးရောင်ခိုင်ခံ့ကောင်းမွန်ကြောင်းသိရသည်။
မန္တလေးတွင် ဈေးချို၊ မင်္ဂလာဈေး၊ ရတနာပုံယာယီဈေး၊ မန်းမြန်မာပလာ ဇာစသည့် ဈေးများ၊ ပလာဇာများတွင် လက်လီလက်ကား အရောင်းဆိုင်များ အပြင် မြို့တွင်းရှိ လက်လီလက်ကား အထည်ဆိုင်ကြီးများတွင် ပန်းချီဆေး ရေးအထည်များကို တွင်တွင်ကျယ် ကျယ်ရောင်းချလာကြသည်။
၎င်းတို့ကို အမရပူရတစ်မြို့လုံးနီးပါး ရှိလုပ်ငန်းအကြီးအသေးများနှင့် အမရ ပူရမြို့နောက်ခံထားသည့် ဒုဋ္ဌ၀တီမြစ် တစ်လျှောက်ရှိ ပုလိပ်မြို့အထိ ရွာများမှ ထုတ်လုပ်ကြပြီး ဆိုင်များနှင့် ကုန်သည် များမှ ကိုယ့်လမ်းကြောင်းနှင့်ကိုယ် အပ်နှံကြကြောင်း သိရသည်။