Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဝက်မကြီးက ဆင်နှင့်သဏ္ဌာန် တူသော ၀က်ကလေးမွေး

မန်းသားလေး
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
News Pic

ဝက်မကြီးတစ်ကောင်က ဆင်နှင့် သဏ္ဌာန်တူသော ၀က်ကလေးတစ် ကောင်ကို မွေးဖွားခဲ့ရာ ယင်းဝက်လေးမှာ မွေးပြီးပြီးချင်း အချိန်တို အတွင်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ၀က်ကလေးမှာ မျက်နှာထိပ်တွင် ဆင်နှာမောင်းလေးပါရှိပြီး ထို နှာမောင်းထိပ်တွင် အသက်ရှူလေ ပေါက်နှစ်ပေါက်ပါရှိသည်။

နှာမောင်း အရှည်မှာ နှစ်လက်မခန့်ရှိသည်။

နှာမောင်း အောက်တွင် မျက်လုံးအကြီး တစ်လုံးပါရှိပြီး ပါးစပ်မပါချေ။

နားရွက် မှာ ဆင်နားရွက်ကဲ့သို့ ပြားပြားကြီးကြီး သဏ္ဌာန်ရှိကာ၊ ခြေထောက်များမှာလည်း ဆင်ခြေထောက်များဖြစ်သည်။

"ဒီအကောင်လေးမွေးပြီးပြီးချင်း ဆုံးသွားတာ။

ပထမစပြီးမွေးတဲ့ အကောင်လေးရဲ့ ရှေ့ခြေနှစ်ချောင်းမှာ ဆင်ခြေ ထောက်ပုံစံလေးတွေပါတယ်။

သူက အဲဒါပဲ ထူးခြားတာ။

ငါးကောင်မြောက်မှာ ဒီကောင်လေး ပိုထူးခြားနေတာ။

မွေးပြီးချင်းသေသွားလို့ မန္တလေးဆေးရုံကြီးသွားပြီး မပုပ်တဲ့ဆေးနဲ့ ပုလင်းထဲထည့်ပြီး စိမ်ထားတာပါ"ဟု ပိုင်ရှင် ကိုခင်မောင်စိုးက ပြောသည်။

ကိုခင်မောင်စိုး မွေးထားသော ၀က်မကြီးက မွေးခြင်းဖြစ်ပြီး ထိုဝက်မကြီးမှာ ယခုအကြိမ်နှင့်ဆိုလျှင် နှစ်သားပေါက် ပြီးဖြစ်သည်။

ပထမသားပေါက်ရာတွင် ထူးခြားမှုမရှိပေ။

ယင်းဝက်မကြီးမှာ တစ်နှစ်ခွဲသား ရှိပြီဖြစ်ကြောင်းနှင့် ဓမ္မတာနည်းဖြင့်သာ မျိုးဆက်ပွားထားခြင်းဖြစ်ကြောင်း သိရသည်။

ဝက်ကလေးမှာ မန္တလေးမြို့ ချမ်းမြသာစည်မြို့ ထွန်တုံးရပ်ကွက်၊ ၅၃ လမ်း နှင့် ၅၄ လမ်းကြား ခိုင်ရွှေဝါလမ်း အိမ်နံပါတ် (၅)၊ ဇဇ ၂၅/၅ တွင်ရှိသည်။