Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တိရစ္ဆာန်ဥယျာဉ်သို့ ဟိုပင်မှ စပါးအုံးမြွေလှူဒါန်း

ကြေးမုံဝင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
News Pic
ထပ်မံရောက်ရှိလာသော စပါးအုံးမြွေကြီးအား မြွေထိန်းသိမ်း စောင့်ရှောက်သူနှင့်တွေ့ရစဉ်။
ဓာတ်ပုံ - ကြေးမုံဝင်း

မန္တလေးရတနာပုံတိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းသော ကချင်ပြည်နယ်၊ ဟိုပင် မြို့မှ စပါးအုံးမြွေကြီးတစ်ကောင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်း က ရောက်ရှိလာပြီး ၎င်းနေ့၌ပင် တိရစ္ဆာန်ရုံတွင် စတင် ပြသထားပြီ ဖြစ်ကြောင်း သိရသည်။

"ဒီစပါးအုံးမြွေကြီးကို ဟိုပင်က ရထားနဲ့ ပို့ဆောင်ပေးလိုက်တာပါ။ အရှည် ၁၅ ပေကျော်နဲ့ လုံးပတ်က လက်မ ၂၀ ကျော်ရှိပါတယ်။ လောလောဆယ်ရုံမှာ ပြသထားတဲ့ စပါးအုံးမြွေတွေ ထက်စာရင် သူက အကြီးဆုံးပါပဲ။ အဲဒါကြောင့် တစ်ကောင်တည်း သီးသန့်ခွဲထားပါတယ်။ ကျန်းမာရေး လည်း ကောင်းမွန်လို့ ရောက်တဲ့နေ့ကတည်းက စတင်ပြီး ပြသထားပါတယ်"ဟု မန္တလေး ရတနာပုံ တိရစ္ဆာန် ဥယျာဉ်မှ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထွေးက မြန်မာတိုင်း(မ်)ကို ပြောသည်။

လက်ရှိတွင် ရတနာပုံတိရစ္ဆာန် ဥယျာဉ်၌ စပါးအုံးမြွေ၊ စပါးကြီးမြွေ၊ မြွေဟောက်၊ တောကြီးမြွေဟောက်၊ လင်းမြွေ၊ ငန်းတော်ကျားနှင့် ငန်းစောင်း စသည့် မြွေအမျိုးအစားများကို ပြသထားလျက်ရှိကြောင်း သိရသည်။

"တိရစ္ဆာန်ဥယျာဉ်ကို လူတွေ ပိုစိတ်ဝင်စားအောင်၊ ပိုမိုလည်ပတ်ချင်လာအောင် လိုအပ်တဲ့အချက်တွေကို ဖြည့်စွက်ဖို့ ကြိုးစား နေပါတယ်။

"တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း ဂရုစိုက်ရပါတယ်။ အထူးသဖြင့် ကြက်ငှက်တုပ်ကွေးဖြစ်နိုင်တဲ့ အချိန်တွေမှာ ပြင်ပက ကြက် တွေငှက်တွေ ၀င်မလာဖို့လည်း သတိထားရပါတယ်။ ကျွေးတဲ့အစာကအစ အထူးဂရုစိုက်ပြီး ကျွေးပါတယ်။

"ပြင်ဆင်တိုးချဲ့မှုအပိုင်းတွေကိုတော့ အလျဉ်းသင့်သလို လုပ်နေပါတယ်။ တိရစ္ဆာန်ဥယျာဉ်ထဲက ကြိုးတံတားကို အဆင့်မြင့် ပြင်ဆင်ဖို့လည်း စီစဉ်ထားပါတယ်။ အပျော်စီးလှေတွေ၊ ဧရာမ လေထိုးရုပ်စတဲ့ ပစ္စည်းတွေကို လာရောက် အပန်းဖြေသူတွေ စိတ်အပန်းပြေစေဖို့ တဖြည်းဖြည်းချင်း ပြင်ဆင်တိုးချဲ့နေပါတယ်"ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ယခုလ ၁၄ ရက်နေ့မှာ တနင်္ဂနွေ၊ တရုတ်နှစ်သစ်ကူးနှင့် ချစ်သူများနေ့ တစ်ပြိုင်တည်း ကျရောက်သည့်အတွက် လာရောက် လည်ပတ်သူ ၆,၆၀၀ ကျော် ရှိခဲ့ရာ ယမန်နှစ် ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်လျှင် လူဝင်ရောက်မှုနှုန်း ပိုများခဲ့ကြောင်း သိရသည်။

မန္တလေး ရတနာပုံ တိရစ္ဆာန် ဥယျာဉ်တွင် တိရစ္ဆာန်အရေအတွက် ၆၀၀ ကျော်ရှိပြီး လာမည့် ဧပြီလတွင် သက်တမ်း ၂၁ နှစ်ပြည့်ပြီ ဖြစ်ကြောင်းလည်း သိရသည်။