
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ပဲတီစိမ်း ဈေးကောင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
မတ်လဆန်းတွင် အထွက်လှိုင်လာပြီ ဖြစ်သဖြင့် ပစ္စည်းပေါလာပြီဖြစ်သော ပဲတီစိမ်း (ရွှေဝါ)များသည် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ၀ယ်လိုအားများနေသဖြင့် ဈေးကောင်းနေသည်။
"ဒီနှစ်မှာ အိန္ဒိယရော၊ တရုတ်ပါ ၀ယ်လိုအားကောင်းနေလို့ ပေါ်စကတည်းက ကောင်းနေတဲ့ဈေးက လှိုင်လာတဲ့အထိ ဆက်ကောင်း နေတာပါ" ဟု ပဲကုန်သည်တစ်ဦးက ဆိုသည်။
မတ်လဆန်းတွင် ပဲတီစိမ်း(ရွှေဝါ) သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၀၄,၀၀၀ ၀န်းကျင်ရှိသည်။
၎င်းဈေးနှုန်းသည် ဖေဖော်ဝါရီလပေါ်ဦးဈေး ကျပ် ၉၀,၀၀၀ ကျော်မှ မြင့်တက်လာခြင်းဖြစ်သည်။
ယခင်နှစ်က ပဲတီစိမ်း(ရွှေဝါ)ဈေးနှုန်းများမှာ ပေါ်ဦးစ၌ ကျပ် ၆၀,၀၀၀ ၀န်းကျင်ဖြင့် ဈေးဖွင့်ခဲ့ပြီး အမြင့်ဆုံး ကျပ် ၁၂၀,၀၀၀ အထိ ရောက်ရှိခဲ့သဖြင့် ယခုနှစ်တွင် မနှစ်က အမြင့်ဆုံးဈေး အနီးသို့ ရောက်ရှိနေသည်။
ပဲတီစိမ်း(ရွှေဝါ)များသည် ပဲခူးတိုင်းမှဖေဖော်ဝါရီလဆန်းပိုင်း၌စတင် ထွက်ပေါ်ခြင်းဖြစ်ပြီး မန္တလေးဈေးကွက်သို့ မတ်လဆန်းတွင် လှိုင်လှိုင်ဝင်ရောက်လာခြင်းဖြစ်သည်။