
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ရာပြည့်စာအုပ် အရောင်းပွဲ ကျင်းပမည်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
ဖေဖော်ဝါရီလတွင် လေးနှစ်သက်တမ်းပြည့်မြောက်ခဲ့ပြီဖြစ်သော မန္တလေးမြို့ ၃၅ လမ်း၊ ၇၂ နှင့် ၇၃ လမ်းကြားရှိ ရာပြည့် မန္တလေး စာအုပ်အရောင်းဆိုင်၏ အထိမ်းအမှတ် စာအုပ်အရောင်းပွဲတော်ကို ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၅ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်သည်။
ယင်းနေ့များတွင် ရာပြည့်စာအုပ်တိုက်၊ ဥတ္တရလမင်း စာအုပ်တိုက်နှင့် ဖူးပွင့်ဝေေ၀ စာအုပ်တိုက်ထုတ် သုတ၊ ရသ၊ ဘာသာရေး၊ ကျန်းမာရေးဆိုင်ရာ စာအုပ်များကို ၁၅ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ တစ်ဆင့်ပြန်လည်ရောင်းချမည့် ဆိုင်သမားများအား အထက်ပါစာအုပ်တိုက် ထုတ်စာအုပ်များကို လက်ငင်းငွေချေ စနစ်ဖြင့် ၂၀ ရာခိုင်နှုန်းလျှော့ ရောင်းချ ပေးမည်ဖြစ် ကာ ရာပြည့်မန္တလေးက ဖြန့်ချိပေးနေသော စာအုပ်တိုက်များမှ စာအုပ်များကို ၁၀ ရာခိုင်နှုန်း လျှော့ဈေး ဖြင့် ရောင်းချပေးမည်ဟု သိရသည်။
ထို့ပြင် အထိမ်းအမှတ်ပွဲ ကျင်းပသည့် ငါးရက်အတွင်း တစ်ကြိမ်တည်းဖြင့် အနည်းဆုံး ကျပ်ငါးသောင်းဖိုးနှင့်အထက် ၀ယ်ယူ သူတိုင်းအား ရာပြည့် မန္တလေးအသင်းဝင်ကတ်များ ထုတ်ပေးမည်ဖြစ်ကာ သတ်မှတ်ထားသည့် သက်တမ်းတစ်နှစ်၊ သို့မဟုတ် နှစ်နှစ်အတွင်း ၀ယ်ယူသည့် သုတ၊ ရသစာအုပ်တိုင်းအတွက် ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ရောင်းချပေးသွားမည်ဟု သိရသည်။