Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

လုပ်ငန်းရှင်နဲ့ သင့်တော်တဲ့ ဟိုတယ်နဲ့ လေးထပ်တိုက်

ဖြိုးဝေကျော်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

News Pic
နေရာ - အကွက် ၅၁၅၊ ၈၂ လမ်းနှင့် ၄၁ လမ်းထောင့်
ဈေးနှုန်း- အရောင်း (ညှိနှိုင်း)
ဆက်သွယ်ရန်- ၀၉- ၂၀၄၂၀၈၈
၀၉- ၂၀၄၂၀၉၁

မန္တလေးမြို့လယ်မှာရှိပြီး ခြောက်ထပ် ဟိုတယ်တစ်လုံး၊ အာရ်စီလေးထပ် တိုက်တစ်လုံး၊ နံကပ်တိုက်တစ်လုံးနဲ့ အတူကိုယ်ပိုင်ထရန်စဖော်မာ၊ အော်တို တယ်လီဖုန်းတွေနဲ့ မီးစက်တွေပါဝင်ပြီး လုပ်ငန်းရှင်တွေ အကြိုက်တွေ့မယ့် အိမ်ခြံမြေအရောင်းကို ဖော်ပြလိုက်ပါတယ်။

ဒီနေရာဟာ ၈၂ လမ်းနဲ့ ၄၁ လမ်းထောင့်မှာရှိပြီး အရှေ့တောင်ဘက် လှည့် နေရာကောင်းပဲဖြစ်ပါတယ်။ ခြောက်ထပ်ဟိုတယ်ကို လမ်းနှစ်ဖက် ချိုးထောင့်မှာ ဆောက်လုပ်ထားပြီး သူ့ဘေးမှာ တစ်ဆက်တည်း လေးထပ်တိုက်နဲ့ နံကပ်တစ်ထပ်တိုက်တို့ကို ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

ဒီအဆောက်အအုံတွေကို မျက်နှာ ဖွင့်မြေအကျယ် ပေ ၁၂၀ အတွင်းမှာ ဆောက်လုပ်ထားပါတယ်။ ဟိုတယ်ရဲ့ မျက်နှာဖွင့်က ၃၆ ပေ၊ လေးထပ်တိုက်ရဲ့ မျက်နှာဖွင့်က ၂၂ ပေခွဲရှိပြီး အရှေ့ အနောက်အလျား ၅၆ ပေအတွင်းမှာ အလျားပြည့်ဆောက်ထားတာပါ။

နံကပ်တစ်ထပ်တိုက်ကလေးရှိတဲ့ ဘက်မှာတော့ ခြံဝင်းမျက်နှာဖွင့် အကျယ်က ၅၅ ပေရှိပြီး အရှေ့အနောက် အလျားက ၁၁၅ ပေအထိ ရှိပါတယ်။

လက်ရှိ လည်ပတ်နေဆဲ ဟိုတယ်အတွင်းမှာ အခန်းပေါင်း ၂၉ ခန်း ပါဝင်ထားပါတယ်။ အခန်းတွေကိုအဆင့်မြင့် ပြင်ဆင်ထားပြီး ဒီ ၂၉ ခန်းထဲမှာ မိသားစုအထူးအိပ်ခန်းကျယ်က ရှစ်ခန်း ပါဝင်ပါတယ်။ နှစ်ယောက်အိပ်ခန်း ကျယ်ကတော့ ၂၁ ခန်းပါ။ အိပ်ခန်း တိုင်းမှာ ရေချိုးကြွေကန်ပါဝင်တဲ့ ရေ ချိုးခန်းနဲ့ ဘိုထိုင်အိမ်သာခန်းတွေကို တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။ နောက်ပြီး ဒီဟိုတယ်ထဲမှာ သီးသန့် ထမင်းစားခန်းလည်းရှိတယ်။

မြေညီထပ်အ၀င် ရှေ့ပိုင်းကတော့ ဧည့်သည်တွေနားနေနိုင်တဲ့ ဧည့်ခန်းနဲ့ ဧည့်ကြိုဌာနရှိပြီး အနောက်ဘက်မှာ အိပ်ခန်းသုံးခန်းကို စတင်ထည့်သွင်းထားတာပါ။

ဟိုတယ်ရဲ့ ဘယ်ဘက် ကပ်ရက်က လေးထပ်တိုက်မှာ မြေအောက်ထပ် ပါဝင်ပါသေးတယ်။ တိုက်ရဲ့ဘယ်ဘက်ထောင့်မှာ အလူမီနီယံတံခါးတပ်ထားပြီး ဒီမြေညီထပ်ရဲ့ရှေ့ပိုင်းကတော့ ဧည့်ခန်းကျယ်ပါပဲ။

ဧည့်ခန်းကျယ်ရဲ့နောက်မှာ ထမင်းစားခန်းနဲ့ မီးဖိုခန်းရှိပါတယ်။ ကွန်ကရစ် လှေကားကနေ ပထမထပ်ကို တက်တဲ့အခါ အနောက် ဘက်မှာ ကြွေကန်ထည့်ထားတဲ့ ရေချိုးခန်း၊ ဘိုထိုင် အိမ်သာပါဝင်တဲ့ အိပ်ခန်းကျယ် တစ်ခန်းရှိပြီး အခန်းရဲ့အရှေ့ပိုင်းမှာ လည်း ရေချိုးခန်း ဘိုထိုင်အိမ်သာပါဝင်တဲ့ အိပ်ခန်း ပါဝင်ပါသေးတယ်။

ဒီတိုက်ရဲ့ လေးထပ်စလုံးမှာ ရေချိုးခန်း၊ ဘိုထိုင်အိမ်သာပါဝင်တဲ့ အိပ်ခန်းကျယ် စုစုပေါင်း ရှစ်ခန်းတွေ့ရမှာပါ။ အဲဒီအထဲမှာ အပေါ်ခေါင်မိုးထပ်လေ သာဆောင်က အိပ်ခန်းလည်း ပါဝင်ပါတယ်။ လေးထပ်မြောက်ရဲ့ အရှေ့ပိုင်းမှာ ဘုရားခန်းလည်း ထည့်ထားတယ်။

ကျန်တဲ့နံကပ်တစ်ထပ်တိုက်အသေးကိုတော့ ခြံဝင်းရဲ့ဘယ်ဘက်ဆုံးထောင့်မှာ ဆောက်လုပ်ထားတယ်။ ဒီတိုက်ရဲ့ အနောက်ဘက်နဲ့ ညာဘက်ဘေးကတော့ ကွန်ကရစ်ကြမ်းခင်းထားတဲ့ နေရာလွတ်တွေဖြစ်ပါတယ်။ ပြောခဲ့တဲ့အတိုင်း ဒီနံကပ်တိုက်ကလေးကို မျက်နှာဖွင့် ၅၅ ပေနဲ့ အလျား ၁၁၅ ပေမှာ ဆောက်ထားတာကြောင့် နေရာလွတ်အတွင်းမှာ အိမ်စီးကားတွေ ကောင်းကောင်း ရပ်နားနိုင်သလို ပန်းအလှပင်တွေလည်း ထားနိုင်ပါတယ်။

ဒါတွေနဲ့တစ်ပါတည်း ကိုယ်ပိုင်ထရန်စဖော်မာတစ်လုံး၊ အော်တိုတယ်လီ ဖုန်းငါးလုံး၊ ရေမီတာ နှစ်လုံး၊ အ၀ီစိတွင်း တစ်တွင်း၊ DAIDEN မီးစက်တစ်လုံးနဲ့ TP ခြောက်လုံးထိုး မီးစက်တစ်လုံးတို့ ပါဝင်ရောင်းချသွားမှာကြောင့် စိတ်ဝင်စားသူတွေအနေနဲ့ စုံစမ်းညှိနှိုင်း ကြည့်နိုင်ပါတယ်။