Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

သတင်းနည်းပညာပြပွဲ ကျင်းပမည်

စည်သူနိုင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း(မန္တလေးတိုင်း)နှင့်မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်း)တို့က ကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ကွန်ပျူတာနှင့် သတင်းဆက်သွယ် ရေးဆိုင်ရာ နည်းပညာပြပွဲကို မြို့တော်ခန်းမတွင် အဋ္ဌမ အကြိမ်အဖြစ် ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ သုံးရက်တိုင် ကျင်းပသွားမည်ဖြစ်သည်။

မန္တလေးနှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများရှိ ကျောင်းသားကျောင်းသူများ၊ လုပ်ငန်းရှင်များအတွက် သတင်းအချက်အလက် နည်းပညာကို ကျယ်ပြန့် ထိရောက်စွာ အသုံးပြုနိုင်ရန်၊ အိုင်စီတီလုပ်ငန်းရှင်များ၏ ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို ပြည်သူကြား ပို့ဆောင်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြပွဲများကို စီစဉ်ပေးခြင်းဖြစ်ကြောင်း၊ နှစ်စဉ်ပြပွဲများတွင် နောက်ဆုံးပေါ် ကွန်ပျူတာနည်းပညာများနှင့်အတူ ကွန်ပျူတာများနှင့် ၎င်းဆက်စပ်ပစ္စည်းများကိုသာ အဓိကရောင်းချခြင်းဖြစ်ကြောင်း ကွန်ပျူတာ ပညာရှင်အသင်း (မန္တလေးတိုင်း) ဥက္ကဋ္ဌ ဒေါ်စန္ဒီခေတ်က ဆိုသည်။

အဆိုပါပြပွဲနှင့်အတူ ကွန်ပျူတာ နည်းပညာရပ်ဆိုင်ရာ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကိုလည်း ပြပွဲရက်များအတွင်း အသင်းနှစ်သင်းက စုပေါင်းကျင်းပပေး သွားမည်ဖြစ်ကြောင်း သိရသည်။

"သတ္တမအကြိမ်မြောက် ကွန်ပျူတာနည်းပညာပြပွဲမှာ ဟာ့ဒ်ဝဲကျွမ်းကျင်မှုကို စစ်ဆေးတဲ့ပြိုင်ပွဲလေးတစ်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီနှစ်တော့ ကွန်ပျူတာနည်း ပညာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ ဉာဏ်စမ်းမေးခွန်းတွေကို ကွန်ပျူတာနဲ့ ဖြေဆိုရမယ့် ပြိုင်ပွဲလေး တစ်ခုကျင်းပဖို့ စီစဉ်ထားပါတယ်။ စိတ်ဝင်စားသူတိုင်း ဖြေနိုင်အောင်စီစဉ်ပေးထားပါတယ်။ ရမှတ်ပေါ်မူတည်ပြီး ဆုချီးမြှင့်ပါမယ်။ တစ်နေ့တာအတွင်း အကောင်းဆုံး ဖြေဆိုနိုင်သူ ၁၀ ဦးကိုလည်း အထူးဆုတွေ ထပ်ပြီးချီးမြှင့်နိုင်ဖို့ အစီအစဉ်တွေ ရှိပါတယ်" ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (မန္တလေးတိုင်း) ဥက္ကဋ္ဌ ဦးတေဇာဝင်းက ပြောသည်။

ယခုပြပွဲတွင် ကုမ္ပဏီပေါင်း ၄၀ မှ ပြခန်းပေါင်း ၆၂ ခန်းဖြင့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ Notebook များ၊Digital Device များ၊ ကွန်ပျူတာနှင့် ဆက်စပ်သည့် အီလက်ထရွန်းနစ်ပစ္စည်းများ၊ နောက်ဆုံးပေါ်နည်းပညာသုံး ခေတ်မီကွန်ပျူတာများကို ပြပွဲကာလ သုံးရက်အတွင်း နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပြသကြမည်ဖြစ်သည်။