
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဟူးကောင်းဘေးမဲ့တော ခုနစ်နေရာ၌ ကျားများ ကျက်စားမြဲ အထောက်အထားများ တွေ့ရဆဲ ဟုဆို
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ကျားများကို သတ်ဖြတ်ပြီး အစိတ်အပိုင်းများကို ရောင်းချလျက်ရှိ သဖြင့် ကျားကောင်ရေတစ်နေ့တခြားလျော့ကျလာသည်။
ဓာတ်ပုံ-ဒဗ္ဗလျူ ဒဗ္ဗလျူ အက်ဖ်
မြန်မာနိုင်ငံ၏ အကြီးဆုံးကျားထိန်းသိမ်းရေးနယ်မြေဖြစ်သော ဟူးကောင်း ဘေးမဲ့တောတွင်း ခုနစ်နေရာ၌ ကျားများ နေထိုင်ကျက်စား လျက်ရှိနေသေးသော ခိုင်မာသည့်အထောက်အထားများ တွေ့ရှိရဆဲဖြစ် ကာ ဘေးမဲ့တောတွင် ကျားကောင်ရေ အနည်းဆုံး ၄၀ ကျော်ရှိနေသေး သည်ဟု သစ်တောဦးစီးဌာနထံမှ သိရှိရသည်။
ကင်မရာထောင်ချောက်များဖြင့် ဖမ်းယူရရှိသော ပုံရိပ်များနှင့် အခြား လေ့လာတွေ့ရှိချက်များအရအဆိုပါ ခုနစ်နေရာတွင် ကျားမိသားစုခုနစ်စု ကျက်စားလျက်ရှိသည်ဟု အခိုင်အမာ ပြောနိုင်ကြောင်း ဘေးမဲ့တော၏ အခြား နေရာများတွင်လည်း ထပ်မံရှိနေနိုင်သေးကြောင်း ဟူးကောင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်က ပြောသည်။
"ဘေးမဲ့တောတွင်းမှာ အနည်းဆုံး ကျားမိသားစု ခုနစ်စုရှိတာကို တွေ့ ရပါတယ်။ မိသားတစ်စုမှာ အနည်းဆုံး လေးကောင်ကနေ ခုနစ်ကောင် ထိရှိနိုင် တဲ့အတွက် ၄၂ ကောင်ကနေ ၄၈ ကောင်အထိ အနည်းဆုံးရှိနိုင် ပါတယ်။ ဧရိယာ ကျယ်ပြန့်လွန်းတဲ့အတွက် သတင်းလက်လှမ်းမီတဲ့ နေရာက ခိုင်မာတဲ့ သတင်းအချက်အလက်နဲ့ အနည်းဆုံးဖြစ်နိုင်တဲ့ ကောင်ရေကို ပြောတာ ပါ"ဟု ၎င်းက ဆိုသည်။
ဟူးကောင်း ကျားထိန်းသိမ်းရေး နယ်မြေတွင် ကင်မရာထောင်ချောက် အလုံးရေ ၅၀၊ အစုံ ၂၅ စုံဖြင့် မှတ်တမ်း တင်ဆောင်ရွက်နေသော်လည်း နောက် ပိုင်းတွင် ကင်မရာထောင်ချောက်မှ ရရှိသည့်အဖြေဖြင့် ကောင် ရေတွက်ချက် ရာ၌ တိကျရန် အခက်အခဲရှိလာခြင်းကြောင့် ၂၀၀၉ နှစ်ကုန်ပိုင်းနှင့် ၂၀၁၀ နှစ်ဆန်းပိုင်းမှစ၍ အဆိုပြုသစ်တော ကြိုးဝိုင်း၏ ဧရိယာတစ်ခု၌ ကင်မရာ ငါးစုံခန့်ထားရှိသည့် စနစ်ကို စတင် ဆောင်ရွက်နေပြီဟုလည်း သိရသည်။
ယခုနှစ် ပွင့်လင်းရာသီချိန်တွင် သားငှက်ထိန်းသိမ်းရေး WCS မှ ဒစ်ဂျစ်တယ် ထောက်လှမ်းရေး ကင်မရာ အနည်းဆုံး ၁၀ လုံးမှ အလုံး ၂၀ အထိ ထောက်ပံ့ရန်ရှိကြောင်း မြန်မာနိုင်ငံ သားငှက်ထိန်းသိမ်းရေးမှ Northern Forest Complex Coordinator ဦးစောထွန်းက ဆိုသည်။
ဟူးကောင်းကျားထိန်းသိမ်းရေးသို့ နိုင်ငံခြားမှ ပညာရှင်တစ်ဦးလာရောက်၍ မိရိုးဖလာအမဲလိုက်ခြင်းဓလေ့နှင့် ဈေးကွက်တောင်းဆိုမှု အရအမဲလိုက်ခြင်း များပပျောက်စေရန် ဧရိယာထိန်းသိမ်းရေး၊ ကျားထိန်းသိမ်းရေးလုပ်ငန်းများနှင့် ကင်းလှည့်သည့်လုပ်ငန်းများကို အဆိုပါဒေသရှိ ကင်းစခန်းလေးခုသို့ သွားရောက်ကာ အကြံပေးခဲ့သည်။
သို့ရာတွင် တရုတ်နိုင်ငံ၌ ကျားနှင့် ကျားအစိတ်အပိုင်းများဈေးကောင်းရခြင်းကြောင့် ဈေးကွက်တောင်းဆိုမှုအရ အမဲလိုက်ခြင်းများရှိ နေဆဲဖြစ်ကြောင်း ဦးမြင့်မောင်က ဆိုသည်။
"နှစ်ပေါင်းထောင်ချီပြီးရှိခဲ့တဲ့ ကျားနဲ့ ကျားအစိတ်အပိုင်းတွေကို သုံးစွဲတဲ့ ရိုးရာဓလေ့ကို ချက်ချင်းလျှော့ချဖို့ မဖြစ်နိုင်သေးပါဘူး။ တရုတ်ပြည်မှာ ကျားနဲ့ ကျားထွက်ပစ္စည်းဝယ်လိုအားရှိ နေပါသေးတယ်။ အခုအချိန်မှာတော့ နိုင်ငံတကာ ဖိအားတွေကြောင့် တရုတ် အစိုးရအနေနဲ့လည်း ကျားထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ဆောင်ရွက်နေပါပြီ" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကျားရှိနိုင်သော နေရာများကို ကင်မရာထောင်ချောက် တပ်ဆင်လေ့လာခဲ့သည့် နေရာများမှာ မေခနှင့်မလိခကြား အင်ဂျန်းရာမြို့နယ် အထက်ပိုင်းဒေသ၊ ဖုန်ကန်ရာဇီ၊ သောင်သွပ်မြို့နယ်၊ ထမံသီဘေးမဲ့တော၊ မဟာမြိုင်တော၊ ဆွမ်ပရာဘွမ် မြို့နယ်၊ မိုးမိတ်မြို့နယ်အစပ်၊ ပဲခူးရိုးမ၊ တနင်္သာရီမြို့နယ်၊ ထားဝယ်မြို့နယ် မြင်းမိုရ်လက်ခတ်တောင်၊ ရခိုင်ပြည် နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွနှင့် သံတွဲမြို့နယ်များနှင့် ဆင်ဘေးမဲ့တောရှိသည့်နေရာများဖြစ်ကြသည်။
မြန်မာနိုင်ငံ၌ ၁၉၈၀-၈၁ ခုနှစ် ၀န်းကျင်တွင် ကျားကောင်ရေ ၃,၀၀၀ ရှိမည်ဟုလည်းကောင်း၊ ၁၉၉၆ ခုနှစ် ၀န်းကျင်တွင် ကောင်ရေ ၆၀၀ မှ ၁,၀၀၀ ကြားရှိမည်ဟုလည်းကောင်း ခန့်မှန်းခဲ့ကြပြီး ၁၉၉၈ ဒီဇင်ဘာမှ ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလအထိ သစ်တောဦးစီးဌာနနှင့် WCS တို့ ပူးပေါင်းစာရင်း ကောက်ယူခဲ့ကြသည်။
ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ထမံသီ ဘေးမဲ့တောနှင့် တနင်္သာရီတောင်ပိုင်း ဒေသများတွင်ကျားများနေထိုင် ကျက်စားလျက်ရှိနေ သေးပြီး အများဆုံး ၁၂၅ ကောင်မှ ၁၅၀ အထိသာရှိနိုင်တော့ကြောင်း၊ ကမ္ဘာပေါ်ရှိ ကျားကောင်ရေသည် နှစ်စဉ်လျော့ကျလာလျက်ရှိ ကြောင်း သိရသည်။
ကျားများသည် ဆောင်းရာသီအချိန် တွင် မိတ်လိုက်လေ့ရှိပြီး ဇီးလွယ်ချိန် ၁၀၃ ရက်မှ ရက် ၁၁၀ အထိကြာမြင့် ကာနှစ်ကောင်မှ သုံးကောင်အထိ မွေးဖွားကြသည်။ ကျားအထီးတစ်ကောင် သည် ၃၉၆ ပေါင် မှ ၅၇၃ ပေါင်အထိရှိပြီး အမတစ်ကောင်သည် ၂၈၇ ပေါင်မှ ၃၅၃ ပေါင်အထိ ရှိတတ်ကာ ၎င်းတို့ သက်တမ်းမှာ တိရစ္ဆာန်ရုံများတွင် ၂၀ မှ ၂၅ နှစ်ထိ လည်းကောင်း၊ တောရိုင်းနယ်တွင် ၁၂ နှစ်မှ နှစ် ၂၀ အထိ လည်းကောင်း ရှိကြသည်။