
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ရသကိုးပါးအမည်ရှိ ပန်းချီပြပွဲ ပံသုစန္ဒာပြခန်းတွင် ပြသ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
ရသကိုးပါးအမည်ရှိ ပန်းချီပြပွဲတစ်ခုကို ဇန်န၀ါရီလ ၂၈ ရက်က ၇၈ လမ်း ပံသုစန္ဒာပန်းချီပြခန်းတွင် ပန်းချီဆရာ ၂၄ ဦးက ပန်းချီကား ၄၈ ကား ပါဝင်ရေးဆွဲပြသခဲ့သည်။
အဆိုပါ ပန်းချီဆရာများသည် ၂၀၀၉ ခုနှစ် ရှေးပန်းချီဆရာကြီးများ၏ ပုံတူကို ရေးဆွဲခဲ့သော ဆရာများက မန္တလေး ရှုခင်းပန်းချီ၊ မန္တလေး လူမှုရေး ပန်းချီနှင့် မန္တလေးပတ်ဝန်းကျင်ရှိ ရှုခင်းများကို ရေးဆွဲပြသခဲ့ကြသည်။
"ဒီပြပွဲလုပ်ရတာ နောင်လာနောက်သားတွေကို ရှေးပန်းချီဆရာကြီးတွေရဲ့ အယူအဆတွေ၊ ရေးချက်တွေကို ပြန်မြင်စေချင်လို့ပါ။ ပြီးတော့ ကျွန်မလည်း ဒီကားတွေပြန်ထိန်းသိမ်းထားချင်တယ်။ အခုပြပွဲမှာ ရေးချက်ထူးခြားတဲ့ ကားတွေပါပါတယ်။ ဆရာ ဦးတင်ဌေး အောင်ဆိုရင် အရှေ့တိုင်းရေးချက်တွေ အားပြုရေးဆွဲထားတယ်။ အဓိကက တရုတ်ဘက်က ရေးဟန်တွေပါပဲ"ဟု ပွဲစီစဉ်သူ ပံသုစန္ဒာပန်းချီပြခန်းပိုင်ရှင်က ပြောကြားသည်။
"ဈေးကွက်ကြောင့် အဓိကမဟုတ်ပါဘူး။ ပန်းချီဆရာတွေ အားတင်းပြီး လုပ်တာပါ။ ဉာဏပစ္စည်းပြချင်တဲ့ သဘောပါပဲ။ ကြည့်စေချင် တယ်။ ခံစားစေချင်တယ်။ မန္တလေးပန်းချီဆရာတွေဘ၀ကို ပြန်ပြီး ဖော်ထုတ်ပြသချင်တာရယ်၊ သူတို့ပန်းချီကားတွေကို ထိန်းသိမ်းချင် တာရယ်ကြောင့် ပါ"ဟု ၎င်းက ပြောသေးသည်။
"ဒီပန်းချီကားတွေက အမြင်ဆန်းတယ်။ ရေးချက်တွေကြိုက်တယ်။ ဒီကားတွေကိုကြည့်ပြီး ကျွန်တော်တို့ အားရှိလာတယ်။ ပန်းချီတွေ ပိုရေးချင်လာတယ်။ ဒီပြပွဲပန်းချီကားတွေက ခေတ်သုံးခေတ် အမြင်တွေပါတယ်။ ရေးချက်တွေမှာ အမြင်အားကောင်းတယ်။ တချို့ ကားတွေ ရှေးရေးနည်း တွေပါတယ်။ အညာဘုရားပွဲ တစ်နေရာ ပန်းချီကားဆိုရင် ပေါ့ပေါ့လေးနဲ့ ကြည့်သူရင်ကို တော်တော်လေး ထိပါတယ်။ တော်တော်ရှားပါတဲ့ လက်ရာဟန်ပါ"ဟု ပန်းချီဆရာ ဦးဗညားက ပြောသည်။
ထိုပွဲကို ၂၈ ရက်နေ့မှ ၃၀ ရက် နေ့အထိ သုံးရက်တိုင် ပြသခဲ့သည်။