Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တရုတ်ပညာရှင်များ ငလျင်တိုင်းစက် စစ်ဆေး

ကြေးမုံဝင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းက မြန်မာနိုင်ငံရှိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ရှမ်းပြည်နယ် နမ့်ဆန်မြို့များတွင် တပ်ဆင်ခဲ့သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြေငလျင်အုပ်ချုပ်ရေး ဗဟိုအဖွဲ့ (စီအီးအေ)က လှူဒါန်းထားသည့် မြေငလျင်တိုင်းစက်များ၏ အခြေအနေကို စစ်ဆေးရန် အဆိုပါပညာရှင်များက ယခုနှစ် ဇန်န၀ါရီလ ၂၇ ရက် နေ့က လာရောက်ခဲ့ကြောင်း သိရသည်။

"လာရောက်တဲ့ မြေငလျင်ပညာရှင်ကတော့ သုံးဦးပါ။ မြစ်ကြီးနားမြို့ မင်းထင်တောင်ပေါ်မှာနဲ့ နမ့်ဆန်မြို့ အရှေ့ဘက်မှာ တပ်ဆင်ထားတဲ့ ကိန်းဂဏန်းပြ လှိုင်းခွင်ကျယ် မြေငလျင်တိုင်း စက်နှစ်လုံးကို လာရောက်စစ်ဆေးပြီး လိုအပ်တာတွေကို ပြုပြင်ဖို့ လာရောက်တာဖြစ်ပါတယ်။ အဲဒီစက်တွေက မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံအနီးတစ်ဝိုက်မှာ အင်အားကြီး ငလျင်လှုပ်ခဲ့ရင် အဲဒီ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ နေပြည်တော်မှာရှိတဲ့ မှတ်တမ်းအချက်အလက် ဗဟိုဌာနကို အလိုအလျောက် သတင်းပေးပို့နိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံးစက်တွေ ဖြစ်ပါတယ်"ဟု မန္တလေးတိုင်းမိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင်လည်း အဆိုပါ မြေငလျင်တိုင်းစက်မျိုးကို ၂၀၀၃ ခုနှစ်က မန္တလေးတောင်ခြေ၌ တပ်ဆင်ထားပြီး ဖြစ်သည့်အပြင် ၂၀၀၁-၀၂ ခုနှစ်က ဂျပန်နိုင်ငံမှ လှူဒါန်းခဲ့သော အင်အားပြင်း မြေငလျင်တိုင်းစက်တစ်လုံးနှင့် ၁၉၇၇ ခုနှစ်ကတည်းက အသုံးပြုခဲ့ သော အန်နာလော့ခ် မြေငလျင်တိုင်း စက်တစ်လုံး စုစုပေါင်းသုံးလုံးရှိကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံတွင် လှုပ်ခဲ့သော ငလျင်များ၏ ၉၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းပြတ်ရွေ့ကြောကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ၁၉၉၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ စာရင်းများအရ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် ၂၀၀၅ ခုနှစ်၌ ငလျင် အကြိမ်ရေ အများဆုံးလှုပ်ခဲ့ကြောင်း လည်း သိရသည်။

၂၀၀၆ ခုနှစ်တွင် ငါး ကြိမ်၊ ၂၀၀၇ ခုနှစ်တွင် ၁၂ ကြိမ်နှင့် ၂၀၀၈ ခုနှစ်တွင် သုံးကြိမ်၊ ၂၀၀၉ ခုနှစ်တွင် နှစ်ကြိမ် ငလျင်များ ဖြစ်ပေါ်ခဲ့သည်။