
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မိုးညှင်းတွင် ကြွပ်ကြွပ်အိတ် အသုံးပြုခြင်း ယခုနှစ်ဆန်းမှ စတင်တားမြစ်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
ယခုနှစ် ဇန်န၀ါရီလလယ်မှ စတင်ခါ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ကြွပ်ကြွပ်အိတ် အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ် ထားရှိခြင်းကို စတင်တားမြစ်ခဲ့ပြီး ယခုအခါ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း မိုးညှင်း စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကချင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကြွပ်ကြွပ်အိတ် အသုံးပြုခြင်းကို လျှော့ ချနိုင်ရန် ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ ၁၅ ရက်နေ့အထိ ပညာပေးကာလ သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်၌ စစ်ဆေး အရေးယူခြင်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
"ရန်ကုန်မြို့နဲ့ မန္တလေးမြို့စတဲ့ မြို့ကြီးတွေမှာ ကြွပ်ကြွပ်အိတ် ကင်းစင်ရေး ဆောင်ရွက်နေတာ တိုးတက်မှုရှိတယ်လို့ ကြားရပါတယ်။ ဈေးတွေ၊ လူနေထူထပ်တဲ့ နေရာတွေမှာ ကြွပ်ကြွပ်အိတ် ကင်းမဲ့ဇုန် ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ စိုက်ထူပြီး ကချင်ပြည်နယ်ကို ကြွပ်ကြွပ်အိတ်ကင်းမဲ့ဇုန် ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ စိုက်ထူပါတယ်။ ကချင်ပြည်နယ်ကို ကြွပ်ကြွပ်အိတ် ကင်းစင်အောင် ရေရှည် ဆောင် ရွက်သွားမှာပါ။
"ပညာပေးကာလအတွင်းမှာတော့ ဈေးတွေမှာ ကြွပ်ကြွပ်အိတ်သုံးစွဲမှုနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေကို ဆွေးနွေးခဲ့တယ်။ ဈေးဝယ်လာတဲ့ ပြည် သူလူထုကိုလည်း ကြွပ်ကြွပ်အိတ် အစားထိုးအိတ်ဖြစ်တဲ့ စက္ကူအိတ်၊ဖော့ အိတ်တွေနဲ့ လဲလှယ်ပေးခဲ့တယ်။ ဈေးက ကြွပ်ကြွပ်အိတ်ရောင်းတဲ့ ဆိုင်တွေကို ဆွေးနွေးခဲ့ပါတယ်" ဟု ဗိုလ်ကြီးကျော်ဆန်းထွန်းက ပြောသည်။