
ဝရန်တာအများကြီးပါတဲ့ လုံးချင်းအိမ်
ဒီတစ်ပတ်ရွေးချယ်ထားတဲ့ အိမ်လေးက မြို့ထဲနဲ့အလှမ်း မဝေးလှတဲ့တာမွေမြို့နယ် မှာပါ။ တာမွေနဲ့ သင်္ဃန်းကျွန်း မြို့နယ်အစပ်မှာရှိပြီး တာမွေလေးလို့ လည်းလူ သိများပါတယ်။ လေးထောင့် ကန်လမ်းမကြီးကနေ ချိုးကွေ့ဝင်သွားရတဲ့ ပင်ရွှေညောင်လမ်းထဲမှာရှိပါတယ်။.......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဈေးကွက်လှပြီး မျက်စိကျစရာကောင်းတဲ့ ၆၆ လမ်းအိမ်ခြံမြေ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉)
၆၆ လမ်းပေါ်မှ အဆောက်အအုံကောင်းများကို တွေ့ရစဉ်။ ဓာတ်ပုံ-ဖြိုးဝေကျော်မန္တလေးမြို့ရဲ့ အရှေ့တောင်ဘက်စွန်းက မြို့သစ်ရပ်ကွက်ကြီးတွေဘက် ရောက်ခဲ့ရင် တောက်ပ၀င့်ကြွားတဲ့ အဆောက်အအုံတွေဟာ မြင်သူတွေ ရဲ့ အာရုံကို မလွတ်တမ်းညှို့ငင်ပါလိမ့်မယ်။
ဒီသရုပ်သကန်ဟာ မြို့သစ်ရပ်ကွက် ကြီးတွေဘက် အခြေချဖို့စိတ်ကူးသူ တွေရဲ့ ဆုံးဖြတ်ချက်ကိုလည်း ပိုပြီး ခိုင်မာစေပါတယ်။
မြို့တွင်းနဲ့ကွဲပြားတဲ့ အကျယ်အ၀န်းနဲ့ အကွက်အကွင်းတွေ၊ လမ်းအနေ အထားနဲ့ အကွက်ရိုက်ပုံ တွေ၊ အခြေချထားတဲ့ လူထုနဲ့ဆိုင်တဲ့ အဆောက်အအုံတွေ၊ အသစ်ဖြစ်နေတဲ့ ဈေးကွက် အလားအလာ တွေဟာလည်း ဆွဲဆောင်နေတဲ့ အချက်အလက်တွေ ထဲမှာ အပါအ၀င်ပေါ့။
မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက် ကဏ္ဍမှာ မြို့သစ်ကဏ္ဍကို အလေးပေး ပြောကြားလာကြတဲ့အထဲက အဓိက အချက်တစ်ချက်က မြို့ဟာ အရှေ့ တောင်ဘက်ကို သိသိသာသာ ရွေ့လာ တယ်ဆိုတာပါ။ ဒီတော့ ဈေး ကွက်မှာ သူ့ကဏ္ဍကို အလေးပေးစဉ်း စားလာ ကြရပါတယ်။ နောက်တစ်ခုက လူလတ် တန်းစားတွေ လိုက်မီနိုင်တဲ့ နှုန်းနဲ့ အတူ အလားအလာရှိတဲ့အကွက် တွေ ကို ရှာနိုင်တဲ့ အချက်ပါ။
နောက်ပြီး တချို့အိမ်ခြံမြေအကျိုး ဆောင်တွေပြောသလို "အခုအချိန်မှာ မြို့သစ်က နေရာအကွက်အကွင်း ကောင်းမှာ ရောင်းလိုက် သူက မြို့ထဲ ပြန်ဝယ်ဖို့ စဉ်းစားနိုင်တယ်။ မြို့ထဲ မှာရောင်းပြီး မြို့သစ်ရဲ့နေရာကောင်း ကို ပြန်ဝယ်ဖို့ကျ ခက်လာတယ်" ဆိုတဲ့ မှတ်ချက်ကလည်း တဖြည်းဖြည်းရုပ်လုံး ပေါ်လာပါတယ်။
ဟုတ်ပါတယ်၊ မြို့ တွင်း အဓိကမိန်းလမ်းပေါ် တွေကလွဲပြီး တခြားနေရာတွေက အိမ်ခြံမြေတွေ ရဲ့ နှုန်းထားတွေအနေနဲ့ မြို့သစ်ရဲ့နေ ရာကောင်းက အဆောက်အအုံကောင်း မှာ အခြေပြန်ချဖို့ဆိုတာ တစစနဲ့ ကွာဟချက် ကြီးလာပါတယ်။
လက်ရှိမှာ မြို့သစ်ရဲ့ဧရိယာအတွင်း စိတ်ဝင်စားစရာ ကောင်းတဲ့၊ ဈေးကွက် အလားအလာရှိတဲ့ 'တောင်မြောက် သွားလမ်း' တွေအဖြစ် အရှေ့ဘက်မှာ ၅၆ လမ်း၊ ၅၈ လမ်းတို့ကို တွေ့ရမှာဖြစ် သလို အနောက်ဘက်မှာ ၆၂ လမ်း၊ ၆၄ လမ်း၊ ၆၅ လမ်း၊ ၆၆ လမ်း၊ ၆၈ လမ်း၊ ၇၃ လမ်းတွေကို တွေ့နိုင်ပါတယ်။ ဒါတွေဟာ မြို့သစ်ဧရိယာရဲ့ အရှေ့နဲ့ အနောက်အတွင်းမှာပါ။
မြို့သစ်ရဲ့ တောင်ဘက်မှာ မန္တလေး- ပြင်ဦး လွင်သွား မီးရထားလမ်းမှာ အနား သတ်ထားပြီး မြောက်ဘက်မှာ မြို့တွင်း နဲ့ ဆက်စပ်ပေးတဲ့ စည်ကားတဲ့ သိပ္ပံလမ်းအထိလို့ ပြောနိုင်ပါတယ်။
ဈေးကွက်မှာဈေးမြင့်တဲ့ အရှေ့ အနောက်သွား လမ်းတွေအဖြစ် သိပ္ပံ လမ်းကနေ စပြီးကြည့်ရင် ငုရွှေဝါလမ်း၊ ဇလပ်ဝါလမ်း၊ ခိုင်ရွှေဝါလမ်းနဲ့ မနော် ဟရီလမ်းမကြီးတို့ကို (ကြားလမ်းတွေ ကို ချန်လှပ်ထားပြီး) အစဉ်လိုက် တွေ့ရ မှာပါ။
ဒါပေမယ့် မြို့သစ်ရဲ့ တောင်နဲ့ မြောက်အတွင်းက အိမ်ခြံမြေကဏ္ဍဟာ မြောက်ဘက်မှာ သိပ္ပံလမ်းကိုကျော်ပြီး ၃၅ လမ်းနဲ့ အနားသတ်တဲ့အထိ ဆွဲပြီး ပြောသင့်တဲ့ အနေအထားမှာရှိပါ တယ်။ ဆိုလိုတာကတော့ သိပ္ပံလမ်းနဲ့ ၃၅ လမ်းကြားက အိမ်ခြံမြေအနေ အထားဟာ သိပ္ပံလမ်းတောင်ဘက် မြို့ သစ်ရပ်ကွက်ကြီးတွေရဲ့ အိမ်ခြံမြေ ကဏ္ဍနဲ့ ဆက်သွယ်ရှိနေပါတယ်။
အခုတစ်ပတ်မှာတော့ စိတ်ဝင်စား ဖို့ကောင်းတဲ့ ၆၆ လမ်းရဲ့ အိမ်ခြံမြေ ဈေးကွက်အနေအထားကို သိပ္ပံလမ်းရဲ့ မြောက်ဘက်မှာ ၃၅ လမ်းအထိ၊ သိပ္ပံ လမ်းရဲ့ တောင်ဘက်မှာ မြို့သစ် ရပ် ကွက်ကြီးတွေကိုဖြတ်ပြီး မန္တလေး-ပြင်ဦးလွင်သွား ရထားလမ်းအထိ နှစ်ပိုင်းခွဲခြားကြည့်ပါမယ်။
သိပ္ပံလမ်းနဲ့ ၃၅ လမ်းကြားမှာ ၆၆ လမ်းဟာ ၃၅ လမ်းနဲ့ တိုက်ရိုက်မချိတ် ဆက်မိသေးပါဘူး။ တောင်မြောက် သွား ၆၆ လမ်းနဲ့ အရှေ့အနောက်သွား ၃၅ လမ်းဆုံကာနီးမှာ ကြားထဲမှာ ငှက် ဖျားတိုက်ဖျက်ရေးရုံး ရှိထားပါတယ်။
၆၆ လမ်းဟာ ၃၅ လမ်းနဲ့မဆက်ဘဲ ငှက်ဖျားတိုက်ဖျက်ရေး ရုံးကြားခံသွား တဲ့ တစ်ဝိုက်မှာပဲ အိမ်ခြေကျဲပါးနေပြီး တောင်ဘက် တစ်လျှောက်လုံးကတော့ အဆောက်အအုံတွေ အခြေချမှုနဲ့ အကွက်အကွင်းကလှပါတယ်။ လမ်း အနေအထားမှာလည်း တစ်လျှောက် လုံး လမ်းချောဖြစ်ပြီး ၃၅ လမ်းနဲ့မဆုံတဲ့ တစ်ဝိုက်ရောက်မှပဲ လမ်းကြမ်းဖြစ်နေတာပါ။
ဒီနေရာမှာ '၆၆ လမ်းဟာ ၃၅ လမ်း နဲ့ တိုက်ရိုက်ချိတ်ဆက် လမ်းပွင့်သွားခဲ့ ရင်' ဆိုတဲ့ အချက်က ၆၆ လမ်းရဲ့ အိမ် ခြံမြေဈေးကွက်ကို လမ်းပိုပွင့်သွား အောင် မြှင့်ပေးမယ့်အချက်ဖြစ်နေပါ တယ်။ မြို့တွင်း အရှေ့အနောက်မိန်း လမ်းဖြစ်တဲ့ ၃၅ လမ်းနဲ့ မြို့သစ်တို့ကို ၆၆ လမ်းဟာ ပြန့်ပြူးချောမွေ့စွာတိုက် ရိုက်ချိတ်ပေးနိုင်ခဲ့ရင် ဒီလမ်းပေါ်က အိမ်ခြံမြေ ဈေးကွက်ကလည်း ပိုပြီးပြန့် ပြူးချောမွေ့လာမယ် ဆိုတာ သံသယ ဖြစ်စရာမလိုပါဘူး။
"မြို့သစ်အရှေ့ပိုင်းမှာ ၆၂ လမ်းနဲ့ ၆၄ လမ်းပြီးရင် အလားအလာကောင်း တာက ၆၆ လမ်းပါ။ ၃၅ လမ်းနဲ့ သိပ္ပံ လမ်းကြား၊ ၆၆ လမ်းပေါ်မှာ သိပ္ပံလမ်း နဲ့ ပိုနီးသွားရင် အဆောက်အအုံမပါ မြေကွက်ချည်းသက်သက် ကျပ်သိန်း ၁,၅၀၀ ၀န်းကျင်ဈေးစခေါ်ကြပါလိမ့် မယ်" လို့ အိမ်ခြံမြေအကျိုးဆောင်တွေ က ပြောပါတယ်။
ပြောခဲ့သလိုပဲ ၆၆ လမ်းဟာ ၃၅ လမ်းနဲ့ ကပ်သွားတဲ့ ဘက်မှာပဲ အဆောက်အအုံ သိပ်မတွေ့ရပေမယ့် ကျန်တဲ့ တစ်လျှောက်လုံး ကတော့ အဆောက်အအုံကောင်းတွေ၊ မြို့ပြ အင်္ဂါရပ်ပုံရိပ်တွေက အပြည့်ပါ။
၆၆ လမ်းနဲ့ သိပ္ပံလမ်းဆုံနေရာမှာ တော့ မြို့တော်ဆေးရုံက နေရာယူထား ပါတယ်။ ဒီနေရာတစ်ဝိုက်မှာပဲ ပေ ၆၀x ၈၀ အကျယ်မြေမှာ အပြည့် နီးပါး ဆောက်ထားတဲ့ အာရ်စီ သုံးထပ်ခွဲ တိုက်တစ်လုံးပါတဲ့ မြေနဲ့ အဆောက် အအုံကို ကျပ်သိန်း ၄,၀၀၀ နီးပါးနဲ့ ညှိနှိုင်းဈေး အဖြစ် ဈေးဖွင့်ပေးထားတာ တွေ့ရကြောင်းလည်း အကျိုးဆောင်တွေက ပြောပါတယ်။