
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ခရစ်ယာန်များအတွက် အစ္စရေး ဘုရားဖူးခရီးစဉ် စီစဉ်ပေးနေ
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
ခရစ်ယာန်ဘာသာဝင်များအတွက် အစ္စရေးနိုင်ငံမှ ဘုရားသခင်၏ သာသနာ့နယ်မြေသို့ အလွယ်တကူသွားရောက် ဖူးမြော်နိုင်ရန်Top Deck Tour ဘုရား ဖူးခရီးသွားလုပ်ငန်းက ဩဂုတ်လဆန်း မှစ၍ ခရစ်ယာန်ဘုရားဖူးခရီးသွားများလက်ခံဆောင်ရွက်ပေးနေသည်ဟု မန် နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းဇော်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"မြန်မာနိုင်ငံက ခရစ်ယာန်ဘာသာဝင်တွေအတွက် သီးသန့်အနေနဲ့ ဒီဘုရားဖူးခရီးစဉ်ကို စလုပ်ဖြစ်သွားတာပါ။ အစ္စရေး ဘုရားဖူးခရီး သွားချင်တဲ့ သူတွေအတွက် ၀န်ဆောင်မှုပေးပါတယ်" ဟု ဦးထွန်းထွန်းဇော်က ပြောသည်။
ခရီးစဉ်တွင် ခရစ်ယာန်ဘာသာဝင်တို့၏ ကြီးကြယ်မြင့်မြတ်သော ဘုရားသခင်၏ သမိုင်းဝင်နေရာများဖြစ်သည့် ဂါလီလဲပင်လယ်၊ ခရစ် ယာန်ဘာသာဝင်များ၏ ပုခက်ဟု အဓိပ္ပာယ်ရသည့် နာဇရက်မြို့၊ ရှစ်ဖလာမြေနိမ့်ဒေသ၊ ယေရုရှလင်မြို့နှင့်အခြားသမိုင်းဝင်နေရာများ ကို ပို့ဆောင်ပေးမည်ဖြစ်သည်ဟု သိရသည်။
အစ္စရေးသို့ ခုနစ်ညအိပ်၊ ရှစ်ရက်ခရီး စဉ်အဖြစ် တစ်ဦးလျှင် ကျပ်သိန်း ၃၀၊ ၁၁ ညအိပ်၊ ၁၂ ရက် ခရီးစဉ်အား ကျပ် ၃၅ သိန်း စသည့် ခရီးစဉ်များ အပြင် မြန်မာ-အစ္စရေး-ဂျော်ဒန် ကိုးညအိပ် ၁၀ ရက် နှင့် ၁၃ ညအိပ်၊ ၁၄ ရက် ခရီး စဉ်များကိုလည်း လက်ခံဆောင်ရွက် ပေးကြောင်း သိရသည်။
"အစ္စရေး-ဂျော်ဒန် ခရီးစဉ်မှာ အစ္စရေးနိုင်ငံက အထင်ကရ နေရာတွေ အပြင် မြင့်မြတ်တဲ့ နီဘိုတောင်ကိုလည်း ထည့်သွင်းပို့ဆောင် သွားမှာပါ"ဟု ဦးထွန်းထွန်းဇော်က ပြောသည်။
ခရီးစဉ်ဈေးနှုန်းများတွင် ဗီဇာ၊ အီး-ဒီဖောင်၊ လေယာဉ်လက်မှတ်မှအစ မြို့တွင်းမြို့ပြင် ကားငှားခ၊အစားအသောက်၊နေထိုင်ရန် အပြီး အစီး ပါဝင်ပြီး ဖြစ်ကာ အနည်းဆုံး ခရီးသွား နှစ်ဦး မှ ၁၀ ဦးအထိ ပို့ဆောင်ပေးနေကြောင်း သိရသည်။