
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အောက်တိုဘာမှာ၊ မြန်မာ့ရုပ်ရှင်ရုံ နှစ်၊ ၁၀၀ ပြည့် အခမ်းအနားကျင်းပမည်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
မြန်မာနိုင်ငံ ရုပ်ရှင်ရုံ နှစ် ၁၀၀ ပြည့် အခမ်းအနားကို နှစ်စဉ် အောက်တိုဘာလမှာ ကျင်းပ လေ့ရှိတဲ့ မြန်မာ့ရုပ်ရှင်နှစ် အခမ်းအနားနဲ့ ပူးပေါင်းပြီး ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးမြင့်သိန်းဖေက ပြောပါတယ်။
အခမ်းအနားအထိမ်းအမှတ်အဖြစ် ဈေးကွက်ထဲ လုံးဝ မဖြန့်ချိရသေးတဲ့ ဆင်ဆာခွင့်ပြုပြီးသား ရုပ်ရှင်ကားသစ် ငါးကားကို ရှေ့ဆောင် အဆင့်မြင့် ရုပ်ရှင်ရုံမှာ တစ်ကားကို နှစ်ရက်နှုန်းနဲ့ ပြသွားမယ်လို့ သိရပါတယ်။ ပြသမယ့် ကားတွေကိုတော့ ထုတ်လုပ်သူတွေနဲ့ ညှိနှိုင်း နေဆဲလို့သိရပြီး ရုပ်ရှင်ကားသစ်တွေ ရုံတင်ပြသတဲ့အခါ အဲဒီကားတွေမှာ ပါဝင်တဲ့သရုပ်ဆောင်တွေကိုယ်တိုင် ရုပ်ရှင်ရုံမှာ လာရောက် ပြီး အမှတ်တရလက်မှတ်ရေးထိုးပေးမှာဖြစ်ပါတယ်။ နှစ်စဉ်ရုပ်ရှင်နှစ်နေ့မှာ ပြုလုပ်နေကျဖြစ်တဲ့ သက်ကြီး ပူဇော်ကန်တော့ပွဲကိုလည်း ရုပ်ရှင်နယ်ပယ်က သက်ကြီးဘိုးဘွားအယောက် ၁၀၀ ကို ဖိတ်ခေါ်ကျင်းပသွားမယ်လို့ ဦးမြင့်သိန်းဖေက ပြောပါတယ်။
မြန်မာနိုင်ငံကို ရုပ်ရှင်ရောက်ရှိလာပုံမှာ ၁၉၀၆ ခုနှစ်မှာ ကမ္ဘာလှည့်ရုပ်ရှင်ပြသသူများရောက်ရှိလာပြီး ရုပ်ရှင် ဇာတ်ကားအတိုလေးတွေ ကိုလမ်းကြိုလမ်းကြားမှာပြသခဲ့ရာက စတင်ခဲ့တယ်လို့ မြန်မာ့ရုပ်ရှင်ငွေရတုနှစ် အထိမ်းအမှတ် စာအုပ်မှာ ဒဂုန်မြင့်စိုးက ရေးသားထား ပါတယ်။နောက်ခံတေးဂီတကို လက်လှည့်ဓာတ်စက်အသုံးပြုလို့ နိုင်ငံတကာက ရှုခင်းပုံတွေ၊ ဓာတ်ရထားတွေအပြင် ရုရှား- ဂျပန်စစ်ပွဲ၊ ၀ိတိုရိယဘုရင်မ ဈာပနစတဲ့သတင်းဇာတ်ကားတွေကို တစ်ညတစ်ပွဲ နေရာစုံလှည့် ပြသခဲ့ပါတယ်။
အဲဒီကနေမှတစ်ဆင့် ရန်ကုန်၊ ဂျူဒါအီစကယ်လမ်း (ယခု သိမ်ဖြူလမ်း) မှာ စတားရုပ်ရှင်ရုံနဲ့ တပ်မတော်ခန်းမအနီးမှာ အလမ်ဘာရာ ရုပ်ရှင်ရုံနှစ်ရုံကို စတင် ဆောက်လုပ်ခဲ့ပြီး ၁၉၁၀ ပြည့်နှစ်မှာ ရုပ်ရှင်ရုံတစ်ရုံမှာ ရှိသင့်တဲ့ အရည်အချင်းတွေပြည့်မှီတာကြောင့် အဲဒီနှစ် ဟာ မြန်မာ့ရုပ်ရှင်ရုံနှစ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။