
ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်
အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင်
ပါတယ်။
အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက်
လမ်းအတိုင်း သွားရပါမယ်။
အရင်ဆုံးရေချိုးခန်း အိမ်သာပါ
တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက်
အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မို့မို့မြင့်အောင်နဲ့ စပ်မိစပ်ရာ ၁၀ မိနစ်တာ အမေးအဖြေ
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

* မမို့ရေ .. ပရိသတ်တွေကို ထူးထူး ခြားခြား ဘာတွေလုပ်ပြဖို့ရှိလဲ။
ဒါရိုက်တာဦးအောင်ဆွေက 'တန်းစီးခင်စိန်'ပြီးတော့ နောက်တစ်ကားကို မင်းသားမပါဘဲ မမတစ်ယောက်တည်း ရိုက်ဖို့ရှိတယ်။
* မမို့ကိုဆိုရင် ဒါရိုက်တာတွေက ဟဲဗီးတွေခိုင်းတယ်နော်။
သရုပ်ဆောင်နဲ့ ပတ်သက်လာရင် မမရူးသွပ်သလောက် ဒါရိုက်တာတွေ ကလည်း ခိုင်းတတ်ကြတယ်။ တစ်ခါတလေတော့ မွန်းကျပ်တာ ပေါ့။ ဒါပေမယ့် ကိုယ်က သရုပ်ဆောင်အပေါ်မှာ ရူးသွပ်မှုရှိတော့ ဒါရိုက်တာ ခိုင်းရင် ခိုင်းသလောက် ကိုယ်ကလည်း အစွမ်းကုန်လုပ်တာပေါ့။
* အသက် တဖြည်းဖြည်းရလာတာနဲ့ အမျှ သရုပ်ဆောင်မှုအပေါ်ထားတဲ့ စိတ်ပြောင်းလဲလာတာမျိုးဖြစ်လား။
အသက်အရွယ်အရတော့ သရုပ်ဆောင်ပိုင်းမှာ ကွာခြားမှုလေးတွေတော့ ရှိတာပေါ့။ ခုချိန်မှာ ပရိသတ်က သံယောဇဉ်ချာတိတ်လိုကားမျိုး ကြည့် ချင်ပါတယ်ဆိုရင် ဘယ်လိုမှမဖြစ်နိုင် တော့ဘူး။ တက္ကသိုလ်ကျောင်းသူ၊
အထက်တန်းကျောင်းသူပုံမဖြစ်နိုင်တော့ဘူး။ ကျူတာပဲဖြစ်နိုင်တော့မယ် လေ။
* 'ဟတ်ထိတယ်'မှာ မမို့ရဲ့ဖက်ရှင်ကို ပရိသတ်ကသဘောကျကြတယ် နော်။
အဲဒါမိုးကုတ်ပေါက်ပေါက်က၊တစ်ကား လုံးအတွက် စီစဉ်ပေးထားတာ။ ဟာသ ကားဆိုပေမယ့် ပြီးပြီးရော မလုပ်ချင်ဘူး။ ပရိသတ်ကို လိုကေး ရှင်းနဲ့မျက်စိပသာဒပေးသလိုကိုယ့်အ၀တ်အစားကိုလည်း "ဟယ်ကြိုက် တယ်တော့။ လိုက်ချုပ်ဦးမယ်" ဆိုတဲ့ ပေးဆပ်မှု တစ်ခုလေးတော့ တင် ကျန်စေချင်တယ်။ ကိုယ့်အနုပညာအက်တင်ကို ပလော့လေးတစ်ခုသေး သေးလေး ဖြစ်ပါစေ။ တင်ကျန်အောင်လုပ်သလို အ၀တ်အစားမှာလည်း တင်ကျန် အောင် လုပ်ချင်တယ်။ ဒရာမာမှာ ၀တ်ခွင့်မရလို့ မ၀တ်ရရင် အင်္ကျီတစ်ထည်တည်းနဲ့ တစ်ကားပြီးသွားပါစေ။ စည်းကမ်းအရ ဘောင် အရ ဘယ်တော့မှ မ၀တ်ဘူး။
* အနုပညာသမား တစ်ယောက် အတွက် အောင်မြင်မှုတွေ၊ ကောလာ
ဟာလတွေ၊ နောက် ကျရှုံးခြင်းတွေ လည်းရှိလာနိုင်တာပဲလေ။ ဒီလို လောကဓံကို ကြံ့ကြံ့ခံနိုင်ဖို့ ဘယ်လို စိတ်မျိုးပြင်ဆင်ထားသင့်လဲ။
မမက ကိုယ့်ကိုယ်ကိုယ်ဝေဖန်တယ်။ မင်းသမီးဆိုတာတခြားအဆိုတော် တွေ၊ စာရေးဆရာလို မဟုတ်ဘူး။ ရုပ်ပြသမားဖြစ်တဲ့အတွက် မင်းသမီး မဖြစ်ခင်၊အောင်မြင်ကျော်ကြားလာတဲ့ အချိန်၊ နောင်ကျသွားမယ့်အချိန်။ ဒီအချိန်သုံးချိန်ကို တွက်ရတယ်။ နောက်တစ်ခုက မိခင်စိတ်ပေါ့။ မာန်မာနမရှိဘဲ မိခင်စိတ်တစ်ခုနဲ့ ထားနိုင်ရင် အားလုံးက အေးချမ်း တယ်။မင်းသမီးငယ်လေးတွေဆိုရင်လည်းမိခင်စိတ်နဲ့ ကိုယ်တတ်တဲ့ပညာလေးတွေကိုမျှဝေပေးရမယ်။သင်ပေးရမယ်။ စောင့်ရှောက် ပေးရမယ်။ စိတ်ထားဖြူစင်ပါတယ်ဆိုတာထက် တကယ့်အတွင်း စိတ်ကလည်း အဲလိုစိတ်ထားနိုင်ရမယ်။
*တစ်ခါတလေလုံးဝ တင်းလို့မရတော့ဘဲ လုံးဝ စိတ်ဓာတ်ကျ သွားတာမျိုးရောဖြစ်ဖူးလား။
တစ်ခါတလေကျတော့ တစ်နေ့ တစ်နေ့၊ သူများအတွက်စဉ်းစားပြီး ကိုယ့်အတွက်ကျတော့ဘာမှမရှိပါလားဆိုပြီး ၀မ်းနည်းမှုတော့ဖြစ် တယ်။ နောက်မှ ကိုယ့်ကိုယ်ကိုယ်ပြန်ဝေဖန် ရတယ်။ ငါချစ်တာ အနုပညာ၊၊သရုပ်ဆောင်မှုအတတ်ပညာလေ၊ သူများ သင်ပေးလို့ ပင် ပန်းချင် ပင်ပန်းပါစေ။ပင်ပန်းခြင်းရဲ့ အနှစ်သာရက ငါ့ရဲ့ အောင်မြင်ပျော်ရွှင်မှုပဲဆိုတာတစ်ခုနဲ့ အစ်မကိုယ်အစ်မ စိတ်အေးလက်အေး စိတ်ချမ်း သာစွာနေလိုက်ရတာပေါ့။