Now! Fashion Forward

ကန်တော်ကြီး ရေပြင် ရှုခင်းကိုခံစားနိုင်မယ့် ကွန်ဒိုသစ်

အခန်းရဲ့အကျယ်အ၀န်းက စတုရန်း ပေ ၁,၅၀၀ ရှိပြီး အိပ်ခန်းသုံးခန်းပါဝင် ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်း ဧည့်ခန်း ဆီကို ရောက်ဖို့ ဘေးတစ်ဖက် တစ်ချက်က အခန်းလေးတွေကို ဖြတ်ရင်း လျှောက် လမ်းအတိုင်း သွားရပါမယ်။ အရင်ဆုံးရေချိုးခန်း အိမ်သာပါ တစ်ယောက်အိပ်ခန်းတစ်ခန်း၊နှစ်ယောက် အိပ်ခန်းတစ်ခန်းတို့က ဘေးတစ်ဖက် တစ်ချက်စီမှာ ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ထွန်းဖောင်ဒေးရှင်း ဘဏ်ရဲ့ ပန်းချီပြိုင်ပွဲ

ယုယုမော်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

ထွန်းဖောင်ဒေးရှင်းဘဏ်က စတုတ္ထအကြိမ်မြောက်အဖြစ်ပန်းချီပြိုင်ပွဲကိုလာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာနိုင်ငံဘဏ်များအသင်း မှာ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များအစည်းအရုံး(ဗဟို)မှ အတွင်းရေးမှူး ဦးကြည်ဝင်းက၊ပြောပါတယ်။

ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်သူတွေဟာ အသက် ၁၈နှစ် ပြည့်ပြီးသူ၊ဖြစ်ရမှာဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာကို ဖန်တီးရေးဆွဲနိုင်တယ်လို့ သိရ ပါတယ်။ ရေးဆွဲရမယ့် ပန်းချီဆိုက်က အသေးဆုံး ၃x၄ ပေ၊ အကြီးဆုံး ၄x၆ ပေအရွယ်သတ်မှတ်ထားပြီး တစ်ဦးကိုပန်းချီကားနှစ်ချပ် အထိ ပေးပို့နိုင်ပါတယ်။

"အဓိကကကိုယ့်စိတ်ကြိုက်ဖန်တီးထားတဲ့ လက်ရာအသစ်အဆန်းတွေပဲ ဖြစ်ရပါမယ်။ တကယ်လို့ကိုယ်ဝင်ပြိုင် ပြီးဆုရလိုက်တဲ့ပန်းချီ ကားဟာ အပြင်မှာ ရှိပြီးသား၊ သုံးပြီးသားဖြစ်နေရင် ဆုကို ပယ်ဖျက်လိုက်မှာပါ"လို့ ပြိုင်ပွဲ စည်းကမ်းနဲ့ပတ်သက်လို့ ဦးကြည်ဝင်းက မြန်မာတိုင်း(မ်)ကို ပြောပြပါတယ်။

ပြိုင်ပွဲဝင်ပန်းချီကားတွေကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ စတင်လက်ခံသွားမှာ ဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်နေ့နောက်ဆုံးထားပေးပို့ရမှာ ဖြစ် ပါတယ်။ခဲပန်းချီမှအစဘယ်လိုပန်းချီအမျိုးအစားကိုမဆို လက်ခံသွားမယ်လို့သိရပြီး ပြည်တွင်း က ပန်းချီပညာရှင်တွေအပြင်စင်ကာပူ၊ မလေးရှား၊အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတွေက ပညာရှင်တွေအပါအ၀င် ဒိုင်လူကြီး ၁၀ဦးက အကောင်းဆုံးကားတွေကို စိစစ်ရွေးချယ်ပေး သွားမှာဖြစ်ပါတယ်။

ဆုတွေကိုပြီးခဲ့တဲ့နှစ်ကအတိုင်းပထမဆုကျပ်သိန်း၃၀၊ ဒုတိယဆုကျပ် ၂၅ သိန်း၊ တတိယဆုကျပ်သိန်း၂၀နဲ့ စတုတ္ထဆု ကျပ် ၁၅ သိန်း အသီးသီးချီးမြှင့်သွားမယ့်အပြင်အထူးဆုခြောက်ဆုအတွက်ကျပ် ၁၀သိန်းစီချီးမြှင့်သွားမယ်လို့သိရပါတယ်။ အထူးလက်ဆောင် အဖြစ် လည်းဆုရရှိသူအားလုံးကို ငါးမူးသား ရွှေဆွဲပြား တစ်ပြားစီ ထပ်ဆောင်းပေးသွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ ရွေးချယ်မခံရတဲ့ ပန်းချီကားတွေကိုတော့ ပြပွဲပြသပြီး ပြည်တွင်းပြည်ပမှ ပန်းချီမြတ်နိုးသူတွေကို ဖိတ်ခေါ်ရောင်းချသွားမယ် လို့ သိရပါတယ်။